Friday 2 September 2016

21ပင်လုံညီလာခံနှင့်ယဉ်ကြောပိတ်ဆို့မှုပြဿနာ


῾ဆို᾽ ရေးရှိက ၊  ῾ဆို᾽အပ်လှ၏ ။ 
῾ဆိုစ များလျား᾽ ထားပချေမိ ၊ ῾ငါ့᾽ ဝန်ရှိအံ့။ 
(ရှင်မဟာရဋ္ဌသာရ)
၏အလင်္ကာအတိုင်း ပြည်သူတစ်ယောက်အနေဖြင့် တာဝန်ရှိနေပြီပြောရမည်
ကို မပြောလျင် ၊ အသိပေးရမည်ကို အသိမပေးမိခဲ့လျင်မလိုလားအပ်သော
ပဿ  နာပေါင်းများစွာ ဖြစ်နိုင်သည်။ 
ဒါကို ရှင်မဟာရဋ္ဌသာရက လောကလူသားများအား အလင်္ကာဖြင့်ဆုံးမသြဝါ
ဒပေးလိုက်ခြင်းပင်ဖြစ်ပါသည်။ ကိုယ်နဲ့မဆိုင် ကိုယ်မပိုင်ဟုသဘောမထားဘဲ
လောကတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော စာပေကလောင်
ပညာရှင်ကြီးများ၏ သတ္တိသည် ပူဇော်ဦးခိုက်ရာပင်ဖြစ်သည်။ တာဝန်ကိုသိ
သောသူအတွက် ယင်းတာဝန်ကိုထမ်းဆောင်ခြင်းသာဖြစ်သည်။
ဒီကနေ့ 21 ရာစု ပင်လုံညီလာခံသည် ထိုသဘောပင်။ အနာဂါတ်လူငယ်တွေ
ငြိမ်းချမ်းစေဖို့ ငြိမ်းချမ်းလိုသူတို့က ကြိုးစားကြသလို မငြိမ်းချမ်းလိုသူတို့က
ကန့်ကွက်နေကြသည်။
ဒါဟာ သဘာဝတရားပင်ဖြစ်သည်။ ဒေဝဒတ်နှင့်ဘုရားအလောင်းတို့၏ 
သာဓကကိုကြည့်ခြင်းဖြင့်သိနိုင်ရာ၏
ဘုရားအလောင်းတို့သည် ငြိမ်းချမ်းရေုးကိုအလိုရှိကြသည်ထို့ကြောင့်ဒေါ်
အောင်ဆန်းစုကြည်က ထိုလမ်းစဉ်ကို အသက်စွန့်လုံးပန်းနေသည်။
ဒေဝဒတ်ကလည်း စစ်မက်ကိုလိုလားသည် ထို့ကြောင်းယင်းဒေဝဒတ်
တို့အုပ်စုကလည်း ယင်းတို့လမ်းစဉ်ကို အသက်စွန့်လုံးပန်းနေမည်သာ။
ကျွန်ုပ်တို့သည် ရှေ့ကဘုရားအလောင်းသူတော်ကောင်းကြီးများရဲ့နည်း
ကိုတုပပြီး လောကကတာဝန်သိသောစိတ်ရှိရမည်။ ပြီးလျင် တာဝန်ယူ
ရပေဦးမည်။ 
ကျွန်ုပ်တို့သည်လည်း ယင်းပညာရှိကြီးများ၏ ခြေဖဝါးတော်ရာအတိုင်း
လောကကို တာဝန်သိသောစိတ်ဖြင့် တာဝန်ယူနိုင်ရန်လိုအပ်ပါသည်။
ယင်း ကုသလဝိပါက်စိတ်ဖြင့်  . .. . . 
 ရန်ကုန်တိုင်းဒေသကြီး ယဉ်ထိမ်းရဲတပ်ဖွဲ့အားအသိပေးရခြင်းဖြစ်
ပါတယ်။
“῾ ဒဲ့ ᾽ ကိုသွားဖို့ ယဉ်ကြောကျပ်နေတဲ့အခါ ”
“῾ ကွေ့᾽ကြောကိုဝင်မယ်”
“ ယင်း ῾ကွေ့᾽ ကြောကနေ῾ ဒဲ့ ᾽ သွားမယ် ။
ဒါရန်ကုန်မြို့ယဉ်ကျောကျပ်တဲ့အတွက် ကားသမားအချို့ကသူရောကိုယ်ပါ 
ဒီနည်းကိုသုံးကြပါတယ်။ မသုံးလို့လည်းမရဘူးလေ၊ ရန်ကုန်ယဉ်ကြောက
အဲလိုဖြစ်နေတယ်။ တစ်ချို့ယဉ်ထိမ်းရဲများက ယင်း ဒဲ့ ကြောတွေကို ကွေ့ဖို့
အတွက် မီးပွိုင်တွေမှာ တာဝန်ယူပေးနေတာလည်း ကျွန်တော်တို့အသိပါပဲ။
(စကားကြွင်း)
ရန်ကုန်လမ်းအခြေအနေဟာ ယဉ်မောင်းသမားတွေအတွက် အလွန်ကို
အားနည်းချက်ကြီးတစ်ခုဖြစ်နေပါတယ်။
ယင်းအားနည်းချက်ကို အခွင့်ရေးယူက ခွင်ဆင် ငွေဖမ်းမည့်
လုပ်ထုံးလုပ်နည်းများကို အချို့သော ယဉ်ထိမ်းရဲများမှ မလုပ်ဘဲ ၊ နေရာအနှံ့
စောင့်ကြည့်ဖမ်းဆီးအရေးယူမှုများကိုသာ ပြုလုပ်သင့်ပါတယ်။ ဟိုနေရာ တစ်
ကွက် ဒီနေရာတစ်ကွက် လိုက်ဖမ်းနေခြင်းဟာ῾မကောင်းသူထိပ်ကောင်းသူထိပ်᾽ 
စနစ်ကြီးကိုမကျင့်သုံးပဲ။ရန်ကုန်အဝှမ်း နေ့စဉ်လိုက်လံဖမ်းဆီးအရေးယူခြင်းကိုသာ
ယဉ်ထိမ်းရဲများအနေဖြင့် တာဝန်ကျေစေချင်ပါတယ်ဟုကားမောင်းသူပြည်
သူတစ်ယောက်အနေဖြင့် ရန်ကုန်ရဲ့အတွေ့အကြုံကို အကြံပြုတင်ပြလိုက်
ပါတယ်။
မှတ်ချက်။ ဒီနေရာကို ယခင် 27.8.2016 ရက်နေ့ကလည်းသွား
ခဲ့တုန်းကလည်း ဒီအတိုင်းပါပဲ။ အခု 2.9.2016 ရက်နေ့လည်းဒီ
အတိုင်းပါပဲ ။ ယဉ်ထိမ်းရဲများ ဘာတွေလုပ်နေကြပါသလဲ? ဆိုတဲ့
မေးခွန်းကို ပြည်သူတစ်ယောက်အနေဖြင့် မေးကြည့်လိုက်ပါသည်။
(စိတ်ထဲပေါ့သွားတာပေါ့  ..  )
ရုပ်သံ- မြင်းကွင်း တည်နေရာ .
ရန်ကုန်တိုင်းဒေသကြီး။အရှေ့ပိုင်းခရိုင်တရားရုံးရှေ့သွားရင်းရိုက်လိုက်
ရတာမို့ စကားပြောလိုအပ်ချက်များရှိနိုင်ပါသည်။
2.9.2016 12.00Pmခန့်
 (၁) Blog link   ..
 (၁) Facebook Pag link  .. .
ဒိုးကြီး (ယဉ်မောင်းနှင်သူ)


No comments:

Related Posts Plugin for WordPress, Blogger...