Monday 5 September 2016

အပျိုစင်စစ်ကရိယာ အသုံးပြုလျှင် (Islamic Sharia Law) အရ သေဒါဏ်

မွတ်ဆလင်ဝါဒမှာ အပျိုမစစ်တဲ့မိန်းကလေးဟာ အပျိုစစ်အောင်ဖန်တီးနိုင်သည့်
ခေတ်မီကရိယာပစ္စည်းကို အသုံးပြုခွင့်မရှိပါဘူး။ ယင်းတို့ရဲ့ ဘာသာရေးကျမ်းစာ
မှာ အတိအလင်းပိတ်ပင်ထားသည် မထားသည်ကို ကျွန်ုပ်မသိပါသော်လည်း
မွတ်ဆလင်နိုင်ငံကြီးတွေမှာတော့ လွှတ်တော်ထဲမှာမဲခွဲဆုံးဖြတ်ရာမှာတော့ အပျို
စင်အစစ်ဖြစ်အောင် ကူညီပေးတဲ့ ကရိယာကို နိုင်ငံတွင်း တင်သွင်းခွင့်မူဝါဒကို
ပိတ်ပင်ထားပါတယ်။
ယင်းကိုပင် အီဂျစ်ကျောင်းသားခေါင်းဆောင်များက တိုင်းပြည်အတွင်းသို့
 “အပျိုစင် အတုလုပ် ကိရိယာများ” (Virginity-Faking Device) တင်သွင်းခြင်းကြောင့် 
ဖမ်းဆီးရမိသူများကို သေဒဏ်အပြစ်ပေး သင့်သည်ဟု တောင်းဆိုလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံ၌ တစ်ခုလျှင် ၁၅ ဒေါ်လာဖြင့် ၀ယ်ယူနိုင်ကြောင်း သတင်းများတွင်
ဖော်ပြထားတယ်။ မြန်မာနိုင်ငံမှာတော့ ဘယ်လောက်ပေးရသည် ဘယ်နေရာတွင်
ဝယ်ယူရရှိသည်ကိုတော့ ကျွန်တော် ဒိုးကြီးမသိရိုးအမှန်ပါ။

ဘာယောမိ (Abdul Mouti Bayoumi) ဆိုသူက အဆိုပါပစ္စည်းများ ပံ့ပိုးခြင်းသည် လူ့အဖွဲ့
အစည်း၏ လူမှုရေးချိုးဖောက်မှုများကို ပြန့်ပွားစေခြင်းနှင့် အတူတူပင်ဖြစ်ပြီး အစ်စလာမစ်
ရှာရီယာဥပဒေ (Islamic Sharia Law) အရ ရာဇ၀တ်မှုတစ်ခုအဖြစ် သေဒဏ်အပြစ်ပေး
နိုင်ကြောင်း ပြောဆိုသည်။

အဆိုပါကိရိယာသည် သွေးရည်အတု ထုတ်လွှတ်ပေးပြီး အမျိုးသမီးများကို မင်္ဂလာဦးည
တွင် အပျိုစင်စစ်စစ် ဖြစ်ကြောင်း ဟန်ဆောင်ရန် အကူအညီပေးနိုင်သည်။

ရှေးရိုးစွဲအာရပ်လူ့အဖွဲ့အစည်းများတွင် အိမ်ထောင်ရေးမတိုင်မီ လိင်ကိစ္စနှင့်ပတ်သက်၍
ပြင်းထန်သော အယူအဆ ရှိကြသည်။

ထိုပစ္စည်းမှာ အမှေးပါးခွဲစိတ်ပြုပြင်မှုထက် (Hymen Repair Surgery) ပိုမိုရှင်းလင်းလွယ်
ကူပြီး ဈေးသက်သာသော အခြားနည်းလမ်းတစ်ခု ဖြစ်လာနေသည်။ အရှေ့အလယ်ပိုင်း
ရှိ အချို့သောဆေးခန်းများတွင် အဆိုပါခွဲစိတ်မှုကို လျှို့ဝှက်စွာ ပြုလုပ်ပေး နေခြင်းများ
ရှိသည်။

၎င်းကို တရုတ်ပြည်မှ ထုတ်လုပ်ခြင်းဖြစ်ပြီး အာရပ်ကမ္ဘာ၏အခြားဒေသများတွင်လည်း
ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

ဆီးရီးယားနိုင်ငံ၌ တစ်ခုလျှင် ၁၅ ဒေါ်လာဖြင့် ၀ယ်ယူနိုင်ကြောင်း သတင်းများတွင်
ဖော်ပြခဲ့သည်။

သြဇာကြီးမားသည့် နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်သော al-Azhar University
ကျောင်းသား၊ ပရော်ဖက်ဆာ ဘာယောမိက ၎င်းပစ္စည်းသည် လက်မထပ်ဘဲ လိင်
ဆက်ဆံမှုပြုခြင်းအပေါ် လူအများ၏ကြောက်လန့်စိတ်ကို ထိခိုက်စေသည်ဟု
ပြောကြားခဲ့သည်။ ဤသည်မှာ အစ်စလာမ်ဘာသာ၏ အဓိကပြစ်မှုကြီးများထဲတွင် 
တစ်ခုအပါအ၀င်ဖြစ်သည်ဟု သူက ဖော်ညွှန်းခဲ့သည်။

အီဂျစ် ပါလီမန်အဖွဲ့ဝင်များကလည်း အဆိုပါပစ္စည်းများ တင်သွင်းခြင်းကို ပိတ်ပင်ရန် 
အဆိုပြုခဲ့ကြသည်။
Source: BBC
သတင်းနောက်ဆက်တွဲအတွေး 
နည်းပညာနဲ့ ဘာသာရေးယုံကြည်ချက်တို့ရဲ့ တရိပ်ရိပ် ပွတ်တိုက်လာမှုများအကြောင်းဟာ 
စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ပုပ်ရဟန်းမင်းကြီးက ကွန်ဒုံကို ကန့်ကွက်သလိုပေါ့။ 
ပြန်လှန်ငြင်းခုန်မှုများအတွင်းမှာ ပုပ်ကြီးမှန်တယ်။ အေ့စ်ရောဂါကို ယုံကြည်မှု (Faith) နဲ့
သာ ကျော်လွှားနိုင်မယ်လို့ ဆင်ခြေကန်မှုများလည်း တွေ့ရှိရပါတယ်။ ဒါပေမဲ့ ဟုတ်ပါ့မလား
မောင်ကာလုရဲ့လို့သာ ခပ်ပြုံးပြုံးမေးရုံပဲ ရှိတယ်။ ကလေးဆန်ဆန်ပြော ရရင်တော့ ခင်ဗျား
တို့လား နေနိုင်မှာလို့ မေးလိုက်ရုံပဲ။ လူတွေ မနေနိုင်ကြလို့သာ အေ့စ်လည်း ဒီအခြေအနေထိ 
ကျယ်ပြန့်လာတာပေါ့။ ဒါကိုလည်း လူတွေကို အပြစ်ပြောလို့မရဘူး။ ဒါသဘာဝပဲ၊ ပုံမှန်စိတ်ပဲ။
ဒါတွေကို အစဉ်အလာယုံကြည်မှုတွေနဲ့ ခုခံနေရင် ဘယ်ဟာ ပျက်သုန်းသွားမယ်ဆိုတာ
ကြည့်ရမှာပဲ။ ကွန်ဒုံသုံးတယ်ဆိုတာ အေ့စ်ရောဂါအတွက် အများလက်ခံထားပြီးသား လက်
တွေ့ကျတဲ့ ကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။ အဲ… ဘာသာရေး ဘက်တော်သားတွေကလည်း
Bible ကြီးကိုင်ပြီး နင်းကန်ငြင်းနေကြဦးမှာပါပဲ။ ဘာသာရေးနဲ့ နည်းပညာ (၀ါ) သိပ္ပံပညာ
တို့တိုက်ပွဲမှာ ဘာသာရေးဘက်က တဖြည်းဖြည်းနဲ့ ပြိုကျပျက်စီးလာနေတဲ့ စိတ်ဝင်စားစရာ
ဖြစ်စဉ်ကြီးတစ်ရပ်လို့သာ မြင်ပါတယ်။
ဒီသတင်းကိုဖတ်ပြီးတော့ ပြုံးစိစိဖြစ်သွားမိတယ်။ တီထွင်ပါရဂူဖိုးဆိတ်ဖြူက ကျွန်တော်တို့ 
အရှေ့က ပေါက်ဖော်ကြီး (တရုတ်) ဖြစ်နေလို့ပါ။ ကွန်ဖြူးရှပ်ဝါဒီတွေကတော့ ဒါကို 
ဘယ်လိုသဘောထားမယ် မသိပေမဲ့ အာရပ်ကမ္ဘာမှာတော့ ပေါက်ဖော်ကြီးလုပ်တာနဲ့ 
ကသောင်းကနင်းဖြစ်နေပြီ :P တကယ်တော့ သိပ်မကြာလှသေးသော သက္ကရာဇ်များအ
တွင်းကမှ အပျိုစင်ကိစ္စနဲ့ပတ်သက်ပြီး တန်ဖိုးထားမှုဟာ ယနေ့ခေတ်နဲ့ ပြောင်းပြန်ဖြစ်
ပါတယ်။ အိမ်ထောင်ပြုမယ့်အမျိုးသမီးဟာ အပျိုစင်မဟုတ်မှ တန်ဖိုးမြင့်တဲ့ ခေတ်တစ်ခု
ကို ဖြတ်သန်းခဲ့တာ သိပ်မကြာလှသေးပါဘူး။ (အတိအကျမပြောနိုင်တာ ခွင့်လွှတ်ပါ) 
ဒေသအနေနဲ့ကတော့ မြန်မာပြည်လည်းပါမယ်ထင်ပါတယ်။ အရည်းကြီးယဉ်ကျေးမှုကို 
နမူနာ ကြည့်နိုင်ပါတယ်။ အဲဒီအချိန်တုန်းကတော့ မိန်းမဆိုရင် သားများများမွေးနိုင်မှ၊ 
အမြုံမဟုတ်မှ တန်ဖိုးရှိတာဆိုပြီး “တန်ဖိုးသတ်မှတ်မှုစံ” ဟာ ယနေ့ခေတ်နဲ့ ကွာပါတယ်။ 
ဒါတွေဟာ အမှန်အမှားဆုံးဖြတ်ဖို့ ခက်ခဲလှတဲ့ကိစ္စတွေပါ။ သက်ဆိုင်ရာခေတ်ရဲ့ ယဉ်
ကျေးမှုစနစ်တစ်ခုက ပြဋ္ဌာန်းထားတဲ့ တန်ဖိုးများအပေါ်မှာသာ ကျွန်တော်တို့ လူသား
တွေဟာ လက်ခံကျင့်သုံးကြရတာမဟုတ်လား။ ခုခေတ်မှာတော့ စာရိတ္တဖောက်ပြန်မှု၊
မသန့်စင်မှုပေါ့။ ထားပါတော့။
အထက်ကပြောခဲ့သလို ဘာသာရေးနဲ့ သိပ္ပံပညာနဲ့ ထိပ်တိုက်တွေ့မှုမှာ အစွန်းအရောက်ဆုံး၊ အယူအသည်းဆုံး ဘာသာတရားတွေ ရှေ့ဆုံးက ပြိုကျရမှာပဲ။ ပြောင်းလဲတိုးတက်မှုတွေနဲ့ လိုက်လျောညီထွေမဖြစ်တဲ့ အချက်တွေဟာ တဖြည်းဖြည်းပဲ့ကျပြီး နောက်ဆုံးမှာ လုံးဝသေဆုံး
သွားရမှာပဲ။ ဒါပေမဲ့ ဘာသာရေးတွေကို ယုံကြည်မှုဆိုတဲ့အရာကြီးနဲ့ ကျားကန်ထားတော့ လွယ်လွယ်တော့မဟုတ်ဘူးပေါ့။ အမာခံယုံကြည်သူတွေကို သူတို့က ထပ်ခါထပ်ခါမွေးထုတ်ဖို့ အစွမ်းကုန်ကြိုးစားနေကြတော့ အချိန်တိုအတွင်းတော့ ပျောက်ကွယ်သွားဖို့ မဖြစ်နိုင်ပါဘူး။ 
ဘာပဲပြောပြော လူ့သမိုင်းရဲ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်းနဲ့ လူငယ်ခြေတက် ချန်ပီယံလက်
သစ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲအရှိန်ရနေစ ကာလလေးအတွင်းမှာ လူလာဖြစ်ရတော့လည်း 
ပွဲကြီးပွဲကောင်းအနေနဲ့ ငေးကြည့်နေရုံပဲ။ ချန်ပီယံအစစ်အမှန်ကိုတော့ အနာဂတ်သမိုင်းက 
အဖြေပေးသွားပါလိမ့်မယ်။ (မီမှာမဟုတ်တာ သေချာပါတယ်။ :P ) တေဇာ  အောက်တိုဘာ (၄) ရက် ၂၀၀၉
မူရင်းသတင်းလင့်
လေးစားစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...