Thursday 1 September 2016

ဒေဗစ်ဘက်ခမ်း နှင့် ယုံကြည်ရာဗုဒ္ဓဝါဒ


ဒေးဗစ်ဘက်ခမ်းသည် အဘယ့်ကြောင့် ခရစ်ယာန်ဝါဒမှ ဗုဒ္ဓဝါဒဘက်သို့ ကူးပြောင်း သက်ဝင်ယုံကြည်ရပါသနည်း ဟူသော အမေး၏ အဖြေကို ယခုလို သိခဲ့ရပါသည်။
ဗုဒ္ဓနောက် ပေါ်ပေါက်ခဲ့သော  ဘာသာရေးကျမ်းစာများတွင် ဘုရားဝါဒသာကြီးစိုးလွှမ်းမိုး နေ၏။ ဗုဒ္ဓသည် လွန်ခဲ့သော နှစ် 2600ကျော်ကတည်းက မိမိကာယကံရှင်မှအပ အခြား အား၊ အားမကိုးကြရန်  . . . .
“အတ္တာဟိ အတ္တနော နာထော ၊ ကောဟိ နာထော ပရော သိယာ။
အတ္တနာ သုဒန္တေန ၊ နာထံ လဘတိ ဒုလ္လဘံ ။”
အတ္တဟိအတ္တာဧဝ၊ကိုယ့်ရှင်ကိုယ်သည်သာလျှင်။ အတ္တနောနာထော၊မိမိကိုးကွယ်ရာဖြစ် ၏။ ပရော၊မိမိမှတပါးသော။ ကောဟိ၊အဘယ်မည်သောသူသည်သာလျှင်။ နာထော၊ကိုး ကွယ်ရာသည်။ သိယာ၊ဖြစ်ချိမ့်မည်နည်း။ အတ္တနာဟိ၊ မိမိကိုယ်သည်သာလျှင်။ သုဒန္တေန၊ ကောင်းစွာယဉ်ကျေးအောင်ဆုံးမသဖြင့်။ ဒုလ္လဘံ၊ရခဲ့လှစွာသော။နာထံ၊ အရဟတ္တဖိုလ် တည်းဟူသောကိုးကွယ်ရာကို။ လဘတိ၊ရ၏။
အခုလိုမိန့်ကြားခဲ့ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ထံမှာ ဒူးထောက်အညံ့ခံနေခြင်းထက် မိမိကိုယ်တိုင်ကြိုးစားရယူခြင်းကို အားပေးခဲ့တာပါ။
ဒေးဗစ်ဘက်ခမ်းဟာ ဒီပါဠိတော်ကို သိပြီးနောက် သူဘဝနဲ့ယှဉ်ပြီး နားလည်ခဲ့ဟန်တူပါ
တယ်။
သူကန်သွင်းလိုက်တဲ့ ဘောလုံးကို ဘယ်သူကမှ ဂိုးသမားမဖမ်းနိုင်အောင် စောင်မခဲ့တာ
မျိုးမရှိပါဘူးဆိုတာကို သူ သဘောပေါက်ခဲ့တယ်။ မိမိကိုယ်တိုင် ကောင်းစွာလေ့ကျင့် ထားတဲ့ ကန်ချက်တွေကို အကောင်းဆုံးကန်သွင်းရင်း ကမ္ဘာကျော် ဘောလုံးအားကစား သမားအဖြစ် နာမည်ခံယူနိုင်ခဲ့တာဟာ  ..   အတ္တာဟိ အတ္တနော နာထော ကြောင့်ပါပဲ။
ဒါကို ဘက်ခမ်းဟာ ကောင်းကောင်းသိသွားတဲ့အတွက် ထိုင်းနိုင်ငံကိုလာပြီး ဗုဒ္ဓဘာသာ
ဝင်တစ်ယောက်အဖြစ်ခံယူသွားတာပါ။
တစ်ချို့က ယင်း “ အတ္တာဟိ အတ္တနော နာထော (လ) ။ ” ၏ အနက်အဓိပ္ပါယ်ဝိသေသ
ကို မိမိလိုရာဘက်သို့ ဆွဲယူအသုံးပြုတက်ကြပါသေးသည်။ ကိုယ်ကိုယ်ကို အားကိုးခြင်း
ထက် အခြား ဖန်ဆင်းနိုင်သူတန်ခိုးရှင်ကိုသာ အားကိုးလိုကြသေးသည်။ စည်းပွားရေး
လူမှုရေးစသော လောကီအရေးကိစ္စတွင် ယင်းဖန်ဆင်းရှင်သည် ကျွန်ုပ်တို့အား မည်သည့်
အရာကလေးမျှ ကောင်းမွန်စွာ မဖန်ဆင်းပေးနိုင်သည်ကို ပညာရှိလျှင်သိနိုင်ပါသည်။
ဒီကနေ့ စစ်မီးလျှံများကို ဖန်ဆင်ရှင်မှ ဖန်ဆင်းခဲ့သည်လော? သို့တည်းမဟုတ် ယင်းဖန်
ဆင်းရှင်မှ မတားမြစ်နိုင်ခဲ့သည်လော? စသော စောကြောဝေဖန်စရာတို့သည် ထုနှင့်
ထေးပင်များလှသည။်
ယင်း “ အတ္တာဟိ အတ္တာနော နာထော (လ)” ၏ အနက်အဓိပ္ပါယ်ကို သိမြင်ခဲ့သော
ဒေးဗစ်ဘက်ခမ်းသည် ဗုဒ္ဓဝါဒကို ယုံကြည်သက်ဝင်ခဲ့သည်။ ထိုအချိန်တုန်းက
မြန်မာနိုင်ငံဟာ အခုလို NLD ခေါ်ဒီမိုကရေစီအစိုးရတရပ်မဟုတ်ပါဘူး။ စစ်အာဏာ
ရှင်အစိုးရဖြစ်နေတာကြောင့် ဗီဇာလွယ်ကူတဲ့ ထိုင်းနိုင်ငံမှာပဲ ဗုဒ္ဓဘာသာခံယူ
ခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓသည် အစွဲနယ်ကို ဆေးကြောပေးတက်သော သူဖြစ်သည်။ ဗုဒ္ဓသည် သတ္တဝါ တိုင်းအား ထာဝရငြိမ်းအေးစေရန်သာ လမ်းပြပေးတော်မူတက်သည်။ အပူအသစ် အသစ်ကို မတိုးပွားရန် ဗုဒ္ဓက နည်းပေးတော်မူခဲ့သည်။
ဒီကနေ့ ကမ္ဘာတွင်မဆိုထားနှင့် မြန်မာပြည်တွင်ပင် ခရိုနီနှင့်အာဏာရှင်တို့ပူးပေါင်း
ကြံစည်က တရုတ်အစိုးရနှင့်သုံးဦးသားမိုက်ကြီးခဲ့သောကြောင့် သန်းများစွာသော ပြည်သူလူထုတို့ မျက်ရည်ကြီးငယ်ပြည့်နှက်နေသော ဒုက္ခအတိတို့သည် ဗုဒ္ဓဝါဒကို မလိုက်နာကြသော ယင်း ခရိုနီအာဏာရှင်တရုတ်အစိုးရတို့ရဲ့ အတ္တဝါဒကြောင့်ပဲ မဟုတ်ပါလား။
ထိုသို့ သတ္တဝါတို့ ကြီးနိုင်ငယ်ညှင်းအဓမ္မလုပ်ရပ်အား စွန့်လွှတ်ကြရန် ဗုဒ္ဓသည် “အလောဘ” တရားအားဟောကြားခဲ့သည်။ “အဒေါသ”တွေအကြောင်းကိုလည်း မိန့်ကြားခဲ့သည်။ “အမောဟ”အလင်းကိုလည်းကိုလည်း ဆိုတော်မူခဲ့သည်။
ကိလေသာဓမ္မ၏ ဆိုးရွားပုံကို အကြွင်းမကျန်မရှိ သိမြင်တော်မူသော ဗုဒ္ဓသည်
 “ဒိသွာန တဏှံ အရတိံ ရာဂဉ္စ နာဟောသိ ဆန္ဒော အပိ မေထုနသ္မိံ။
ကိ မေဝိ ဒံ၊ မုတ္တကရီသ ပုဏ္ဏံ၊ ပါဒါပိ နံ သမ္ဇုသိတုံ န ဣစ္ဆေ။ ”
တဏှံ၊တဏှာမည်သော။ အရတိဉ္စရာဂံ၊အရတိရာဂအမည်လည်းရှိထသော။ မရဓီရံ၊ နှစ် သက်စချင်ဘွယ်ဘန်ဆင်း၍ လာသောမာရ်မင်းသ္မီးသုံးယောက်ကို။ ဒိသွာန၊မြင်၍။ ဆန္ဒောအပိ၊နှစ်သက်ခြင်းဆန္ဒမျှသည်လည်း။ မေထုနသ္မိံ ၊ မေထုနအကျင့်၌။ နာဟောသိ၊ မဖြစ်။ မုတ္တကရိသပုဏ္ဏံ၊ ကျင်ငယ်ကျင်ကြီးတို့ဖြင့်ပြည့်သော။ ဣဒံရူပံ၊ဤသို့သောအဆင်း ရှိသောသင်၏သ္မီးကို။ ဒိသွာ၊မြင်၍။ မေ၊ငါ့အား။ ကိံဘဝိဿတိ၊အဘယ်မှာလျှင် ချစ်ခြင်း ဆန္ဒဖြစ်နိုင်အံ့နည်း။ ပါဒါပိ၊ငါ့၏ခြေဖြင့်သော်လည်း။ နံ၊ ထိုသင့်၏သ္မီးကို။ သံဖုသိတုံ၊ပေါင်း ဖေါ်ခြင်းငှာ။ ကုတောဣစ္ဆေ၊အဘယ်မှာလျှင်အလိုရှိရာအံ့နည်း။
ဟု ကမ္ဘာလောကကြီးကို အလင်းဆောင်ခဲ့သည်မဟုတ်ပါလော။
ဒါကို ဒေးဗစ်ဘက်ခမ်းနှင့် အခြားသော ပညာရှိကြီးများသိတော်မူခဲ့ကြ၍ မိရိုးဖလာ
အယူဝါဒတို့အားအပြီးတိုင် စွန့်လွှတ်တော်မူခဲ့ကြပြီး ဗုဒ္ဓဝါဒအား သက်ဆုံးတိုင်လက်
ခံကျင့်သုံးကြသည်မှာ စာရှု့သူကိုယ်တိုင် ငြင်းဆန်ဝံ့မည်မဆိုသာ။
“ အို  …. ပုဏ္ဏားကြီး ”
“ ငါ့အား နတ်သမီးသုံးဦးမှ သူတို့နှင့်ပျှော်ပါးရန် ကမ်းလှမ်းကြသော်လည်းပဲ”
“ ငါသည် ဆန္ဒမရှိခဲ့”
“အညစ်အကြေးတွေလိမ်းကြံနေသော သင့်သမီးလို လူသားအား ”
“ ငါသည် ကိလေသာဆန္ဒဖြစ်ပေါ်လာဖို့ နေနေသာသာ ”
“ ငါ၏ ခြေဖြားနှင့်ပင် မထိလိုပါဘူး”
ဟူ၍ တုန့်ပြန်ပြောဆိုခဲ့သော ဗုဒ္ဓအား  . . . ..
ဒေးဗစ်ဘက်ခမ်းတင်မက ယင်းသုတ္တာန်ဖြစ်စဉ်ကိုသိကြသော ပညာရှင်တို့၏နှလုံးအိမ် ဝယ် အတိုင်းမသိ ကြည်ညိုမိကြမည်မှာ မြေကြီးလက်ခံ မလွဲပင်ဖြစ်သည်။
ဗုဒ္ဓသည် ပူလောင်မှုမှ ရှောင်ကွင်းတော်မူသည်။ မေထုနဟူသော မအင်္ဂါကျားအင်္ဂါတို့၏
ထိတွေ့ပွတ်သပ်မှုသည် တဒင်္ဂမျှသာဖြစ်သော်လည်း ယင်း၏နောက်ဆက်တွဲ ဆိုးကျိုး
တို့သည်ကား ဘဝတစ်တစ်သက်တာထက် သံသရာတစ်လျှောက်လုံးပင်ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင် ထဲတွင် မိန်းမတစ်ယောက်ကို သတ်၍ ထောင်ဒါဏ်တစ်သက်တစ်ကျွန်းကျခံနေရသောအကျဉ်းသားများရှိသည်။ ယင်းကား
အချစ်ကိုလူလု၍ အူနုကို ကျွဲခပ်ခံလိုက်ရသောကြောင့်ဟုဆိုနိုင်မည်။
ထိုသူတို့၏ဘဝသည် အဘယ်မျှ ခါးသက်မည်နည်း။ တစ်ခဏတာခံစားရသော ခံစားမှု
ဖောဋ္ဌဗ္ဗအာရုံရသာအတွက် ပေးဆပ်လိုက်ရသည်ကား တစ်သက်တစ်ကျွန်း  .. ။
ဒါ့ကြောင့်ဗုဒ္ဓမြတ်စွာသည် သတ္တဝါတို့အား အစဉ်သနားတော်မူသောကြောင့် ကာမတဏှာ
ဘဝတဏှာ ၊ ဝိဘဝတဏှာဟူ၍ လောကသားတို့၏ ခံစားလိုမှုအာရုံမှန်သမျှ၏ ဆိုးကျိုး
ဘေးဒါဏ်ကို ရှင်းပြတော်မူခဲ့ခြင်းဖြစ်ပါတယ်။
ယင်းကို ဒေးဗစ်ဘက်ခမ်း စသော ခရစ်ယာန်ဘာသာဝင်များအဖို့ အသိအလင်းမှန်ကိုသိ
မြင်ရခြင်းသည် ဗုဒ္ဓဝါဒကိုနှစ်လိုအားရ သဘောကြမိခြင်းပင်ဖြစ်ပါသည်။
စာကြွင်း။ ။
ဤဓမ္မအလင်းကုသိုလ်သည် မိမိအား ပါဠိစာပေကိုစတင်သင်ကြားပေးခဲ့သော လက်ဦး
ဆရာ ဖခင်ကြီး ဦးလှစံ၏ အကျိုးကျေးဇူးကြောင့်ပင်ဖြစ်ပါ၍ ဖခင်ကြီးနှင့် အလင်းလို
လားကြသော 31 ဘုံသားတို့အား ဝေမျှမိပါသည်။
ကိုးကား  . .
ခုဒ္ဒကနိကာယ်၊ မဟာနိဒ္ဒေသပါဠိတော်၊နှာ၊140
9-မာဏ္ဍိယသုတ္တနိဒ္ဒေသ
ဓမ္မပဒပါဠိတော် (နှာ) ၅၇
၁၂- အတ္တဝဂ္ဂ ၊ ၁- ကုမာရကဿပမာတုတ္ထေရိဝတ္ထု
 ဒိုးကြီး (1.9.2016) ရန်ကုန်၊





No comments:

Related Posts Plugin for WordPress, Blogger...