Thursday 8 September 2016

မိုက်တွင်းနက်တဲ့ ဦးရဲကြီး

စက္ကန့် (၂၀)သာအချိန်ကြာတာမို့ မိတ်ဆွေကြည့်ဖြစ်အောင်
ကြည့်သွားစမ်းပါ။ မြန်မာပြည်မှာ လက်နက်မဲ့ပြည်သူကို
လက်နက်ရှိတဲ့ ရဲတွေက အခုလိုမိုက်တွင်းနက်နေတာကို
NLD က ဘာဆက်လုပ်မှာလည်း  . . .
နောက်ဖေးလမ်းကြားက အမှိုက်ကောက်ဖို့လောက်ပဲ လုပ်
နေကြမှာလား?
“ သေနပ်ဟာ ယင်းသေနပ်ကို ကိုင်တွယ်သူရဲ့စေ့ခိုင်းချက်ကို
လိုက်နာတယ်”
ပြည်သူ့ရဲတစ်ယောက်ဟာ တာဝန်ချိန်အတွင်းမှာ ကိုင်ဆောင်ခွင့်
ရှိတဲ့သေနပ်ဟာ . . .။ သေနပ်/လက်နက်ကိုင်ဆောင်ခွင့်မရတဲ့
ပြည်သူတစ်တွေ အခုလို ဘလိုင်းကြီး သေနပ်ထုတ်ပြီး ပစ်ဖို့လုပ်
တာဟာ  .. .
သူရဲကောင်းလား?
သူယုတ်မာလား?
ရဲဝင်ထမ်းတစ်ယောက်ကို ပြည်သူတစ်ယောက်က အခုလိုမှောက်
မှားမိရင် ယင်းပြည်သူကို တာဝန်ဝတ္တရားနှောက်ယှက်မှုချိန်းခြောက်
မှုစသော မဟားဒယားပုဒ်မတွေတပ်ကာ . . . .
ထောင်ချမည်မဟုတ်ပါလော?   ဟုတ်ပါလော?
ဒီမေးခွန်းအဖြေမှန်ကို မသိကြသေးသရွေ့ မြန်မာနိုင်ငံမှာ စစ်မှန်
တဲ့ဒီမိုကရေစီဆိုတာ လင်းနစ်ရဲ့စံနှုန်းထက်မြန်တဲ့ ယဉ်ပေါ်တက်
စီးပြီးသွားတာတောင် မရောက်နိုင်သေးပါဘူး။
ဒါ့ကြောင့် ပြည်သူတွေကို စာဖတ်စေချင်တာထက် ဝန်ထမ်းတွေ
စာများများ ဖတ်ကြဖို့တိုက်တွန်းရပါဦး  . .။
စာဆိုတာလည်း အရိုးပါတဲ့စာတွေမဟုတ်ဘူးနော် တကယ့်ကို
ဗာဟုသိပ္ပဉ္စရမည့်စာကိုပြောတာပါ။
လေးစားစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...