Sunday 18 September 2016

ဝိပဿနာဆိုတာကို အဘိဓာန်က


ဝိပဿနာဆိုတာကို အဘိဓာန်က
ဝိ-ပဿနာ (ဣ)
·          အပြားအားဖြင့် ရှုခြင်း။
·          အထူးထူး အပြားပြားကို မြင်သော တရား။
(f.) insight.Seeing clearly, spiritual insight V. is produced by the successful exercise of ecstatic meditation, and is an attribute of arhatship
လို့ ဖွင့်ဆိုပါတယ်။ “အထူးသဖြင့်ရှုခြင်း” တဲ့။ ရှုတဲ့နေရာမှာ “အရှုခံနဲ့အရှုဉာဏ်”ဆိုတာပါပဲ။ အရှုခံဆိုတာ ကို (ရှု) သတိထားမိလိုက်တဲ့ အရာဝတ္ထုခံစားမှုအပေါ်ကို ဉာဏ်ကချက်ခြင်းသိလိုက်ပြီး ယင်းအသိမှာ သိထားမိ သော အရာဟာ သိလိုက်ချိန်မှာ ပျက်သုံးသွားတာပါပဲ။
ကိုယ်က မော်ဒယ်လေး လေးတစ်ပွေကို အမှုမဲ့မြင်လိုက်ရတယ်။ အဲဒီအမှုမဲ့နောက်မှာ ယင်းမော်ဒယ်လေးရဲ့ အလှကိုမျက်လုံးက slan ဖတ်မိသွားတယ်။
နှုတ်ခမ်းတွေ ခန္ဓ၏အဖုအထစ်တွေ အရောင်အသွေးတွေ အနိမ့်အမြင့်တွေ စတဲ့ မော်ဒယ်လေးရဲ့ရူပါရုံကို စေ့စေ့စပ်စပ်ကြည့်နေမိတယ်။ ယင်းကို ခွဲခြားစိတ်ဖြာလိုက်တော့  ..
(၁) ကြည့်နေမိတယ် ယင်းကြည့်နေမိတာကို ကိုယ့်စိတ်က သိနေတယ်
(၂) ထိုစိတ်အသိဟာ ခဏလေးတင်ပျက်သွားတယ်ဆိုတာပါပဲ။
ဒါကို တရားကိုယ်ကောက်တော့ “ဖြစ် ” “ပျက်” ပေါ့။
ဖြစ်ဖြစ်သမျှ အားလုံးဟာ ပျက်သွားတယ်။ ဒါကို ဝိပဿနာဉာဏ်လို့ခေါ်တာပါပဲ။
ဝိပဿနာဉာဏ်ဆိုတာ ကျမ်းစာအုပ်ထဲကနေ ဆွဲထုတ်သိမ်းယူရတာမျိုးမဟုတ်သလို တစ်စုံတစ်ယေက် ထံမှာ ရှိနှင့်နေတာမျိုးမဟုတ်ဘူး။ အားလုံးဟာ သူ့သဘောကိုသူဆောင်နေတာ အကြောင်းတရားကြောင့်အကျိုးတ ရားဖြစ်သွားတာ။ ဒါကို ရူပဗေဒပညာရှင်ကြီး စတီဗင်ဟောကင်း ရဲ့ တွေ့ရှိဖေါ်ထုတ်ချက်စကားလေးက အလွန် ပင် ဖြစ်ပျက်သဘာ ဝကို ပိုမိုသိမြင်စေပါတယ်။
“ ကမ္ဘာကြီးဟာ သူ့အလိုလို ပေါက်ကွဲမှုသီအိုရီအရဖြစ်တာပါ”
“ ဘယ်သူကမှ ဖန်တီးပေးထားတာမဟုတ်ပါဘူး။”
ယင်း ရူပဗေဒပညာရှင်ကြီးဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး။ သို့သော် သူ့မြင်လိုက်တဲ့ ကမ္ဘာသဘောတရားဟာ အကြောင်းတရားနဲ့အကျိုးတရားဆိုတာပါပဲ။ ဒါကိုသိလို့ ဖန်ဆင်းမှုလက်သည်မပါဘဲ ကမ္ဘာဟာ သူ့အလိုလို ပေါက်ကွဲမှု ကြောင့်ဖြစ်လာတာလို့ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ ဖန်ဆင်းရှင်ဝါဒသများကတော့ စတီဗင်ဟော ကင်း ရဲ့ သိပ္ပံသုတေသနတွေ့ရှိချက်ကို လက်ခံကြမည်မထင်။ ကမ္ဘာဟာစနစ်တကျဖန်ဆင်းထားတာလို့ပဲ ယူဆယုံကြည်နေကြပါတယ်။
အလားတူ ကမ္ဘာ့သိပ္ပံပညာရှင်ကြီးများဟာ ကမ္ဘာရဲ့ ပေါက်ကွဲမှုအကြောင်းတရားကြောင့် အဆိုင်အခဲဖြစ် တည်မှုအကျိုးတရားအဖြစ်သိမြင်ကြပါတယ်။ သို့သော်လည်းပဲ မျက်ကဏ်း ဉာဏ်ကဏ်း နားကဏ်းများ အတွက်တော့ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးများရဲ့ တွေ့ရှိချက်တွေဟာ ဘုရားသခင်ကိုဆော်ကားခြင်း ဟူ၍သာ အဆိုးမြင်နေကြဆဲဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဆိုဆို ၊ ခင်ဗျားတို့ရင်ထဲမှာ ဖြစ်တည်ခဲ့တဲ့ ခံစားမှုတစ်ခုဟာ ဆယ်စုနှစ်တစ်ခုအ တွင်းမှာပဲ ရယ်စရာအဖြစ်ပုံဆောင်သွားတယ်။ ဆိုလိုတာက ဖြစ်ခဲ့သမျှတွေဟာ ပျက်သုံးသွားတာပဲဟု သိမြင်မိတာပါပဲ။
အားလုံးဟာ ဖြစ်လာခဲ့တယ် ယင်းဖြစ်လာခဲ့တဲ့ ဒီရုပ်နာမ်ခန္ဓာဟာ တရစက်ပျက်နေတယ်ဆိုတာပါပဲ။ မည်းနက်နေတဲ့ ခင်ဗျားရဲ့ဆံပင်လေးဟာ ကာလယန္တယားကြီးအလှည့်အပြောင်းမှာ အဖြူရောင်အဖြစ် အသွင်ပြောင်းသွားတယ်မဟုတ်လား  .. ။
ဒါဟာ ဖြစ်ပျက်ပေါ့။
ဒီလိုသိနေတာကို ဝိပဿနာပေါ့။
ဒီအသိကို တရစက်သိနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာ  . .
လိုချင်ခြင်း ၊ နှစ်သက်ခြင်း ၊ ခံတွင်းလိုက်ခြင်း၊ သာယာခြင်း ၊ ပူခြင်း၊အေးခြင်း၊စတဲ့ခံစားမှုအားလုံးမကပ်ငြိ နိုင်တော့ဘူး။ ယင်းအသိစိတ် ပင်နယံဟာ တရစက်လည်နေမယ်ဆိုရင် ကိလေသာများပါးရှားသွားတယ်။ ယင်းကိလေသာပါးရှားခြင်းနောက်မှာ  . ..
လိုခြင်းခြင်း၏ ဒုက္ခအနှစ်သာရကို ပိုမိုသိမြင်လာတယ်။ ပိုသိလာတဲ့အလျောက် အခြားသောရုပ်ဝတ္ထုကိုမဆို တော့ဘူး မိမိရဲ့ ခန္ဓာကိုယ်ကြီးသော်မှ မလိုချင်တော့ဘူး နောက်ခန္ဓာအသစ်တွေကိုဖြစ်ဖို့ကိုဝေးလို့ လက်ရှိ ခန္ဓာကိုပဲ ရွံလာတယ် မုန်းလာတယ် ။ အကြောင်းအရင်းက ဒီခန္ဓာက ကိုယ့်ကို တကယ်နှိပ်စက်နေတယ်။ ပူလိုက်အေးလိုက် ချိုလိုက်ခါးလိုက် နာလိုက်ကျင်လိုက် စတဲ့ ဒုက္ခတွေပေးနေတယ် ဒုက္ခပင်ခန္ဓာကြီးဆိုတာကို သိနေတော့က ခန္ဓကိုပဲ ရွံလာတာပေါ့ မုန်းလာတာပေါ့ ။
ဒီအသိစိဟာ ယန္တယားကြီးအဖြစ်လည်ပတ်နေခြင်းဟာ ဝိပဿနာ ရှုနေခြင်းပါပဲ။
ဖြစ်နေတယ် ဖြစ်နေတယ်လို့ သိလိုက်တာနဲ့ယင်း ဖြစ်နေတာဟာပျက်သွားတယ်။
အို  . ..
လောကဟာ ဖြစ်ပျက်ခြင်းဓမ္မသင်္ခါရပါတကား  . ..  ။
မိမိအား ပါဠိစာပေကိုသင်ကြားပေးခဲ့သော တမလွန်က ဖခင်ကြီးအား ဝိဿနာဓမ္မ ဝေငှမိပါ၏

ဒိုးကြီး(9.19.2016-ခေတ္တ-မုံရွာ)

No comments:

Related Posts Plugin for WordPress, Blogger...