Thursday 8 September 2016

ဝဋ်ကျွေး နှင့်ငြိမ်းချမ်းရေး


ကိုယ်ခြင်းစာနာစိတ် တစ်ခုတည်းဖြင့်သာ အခုလိုတင်ပြခြင်းဖြစ်ပါ
သည် မည်သူ့ကိုမှမရည်ရွယ်ပါ။ Feel the same sympathy with
this presentation is not intended to anyone.
ကမ္ဘာသူ ကမ္ဘာသားအားလုံး အခုလို ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေ။
All the world now suffer from freedom.
ငါ့ကဲ့သို့သော(ငါခံစားရသော) ဒုက္ခ သင်တို့ မခံစားကြရပါစေနဲ့။
Troublesome and you may not feel like me.
ဘာသာပြန်- google translate .com
ဒိုးကြီး(ဝိဘဇ္ဇ)
ငြိမ်းချမ်းရေးကို တကယ်လိုလားသူများဟာ သူတော်ကောင်းများ
သာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးအတွက်
ကြိုးစားနေသူဖြစ်ကြောင်း စာဖတ်သူများသိပါလိမ့်မယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးကိုလိုလားရင် “ ပါဏာတိပါတာ” ဆိုတဲ့စကားလုံး
ရဲ့ meaning ကို နားလည်ရပါလိမ့်မယ်။
ဒီအကြောင်းတွေကို ဗုဒ္ဓဝါဒက ကမ္ဘာ့လူသားများကိုချပြထားပါတယ်။
သူတို့တွေ မဖတ်မိကြလို့ပါ။ ငြိမ်းချမ်းရေးဆိုတာ မေတ္တာတရားပါပဲ။
မေတ္တာတရားကို အထူးအထည် ဖွင့်ဆိုထားတဲ့ ပိဋကက်စာမျက်နှာတွေ
ဟာ မဖတ်ရှု့မလေ့လာရသေးသူတွေအတွက် အလွန်မတန်ဘဝတန်ဘိုး
တွေဆုံးရှုံးသွားရသလို လေ့လာပြီး မကျင့်သုံးနိုင်ပြန်ရင်လည်း မထူးပေ။
ထို့ကြောင့် ကမ္ဘာမှာနာမည်ကြီးနေတဲ့ ῾ဘာသာပေါင်းစုံချစ်ကြည်ငြိမ်း
ချမ်းရေး᾽ ဆိုတာ ဗုဒ္ဓစာမျက်နှာမှာ အထင်အရှားရှိပြီးသားပါဗျာ။
အခုလက်ရှိကမ္ဘာမှာ ထင်ရှားနေတဲ့ ဘာသာအယူဝါဒတွေထဲမှာ ဟိန္ဒူ
ဝါဒ (ပထမ) ပြီးရင် ဗုဒ္ဓဝါဒဟာ (ဒုတိယ)ပါ။ ခရစ်ယာန်ဝါဒ(တတိယ)
ပြီးတော့မှ မွတ်ဆလင်ဝါဒ(စတုတ္ထ)ပါ။
ထိုပေါ်ပေါက်ခဲ့ဖူးတဲ့ ဝါဒတွေထဲမှာ ῾အဏုကထူလာ᾽ ဆိုတဲ့ ဗုဒ္ဓရဲ့ပါဠိ
စကားလေးဟာ တကယ့်ငြိမ်းချမ်းရေးစာမျက်နှာပါပဲ။
῾အဏုကထူလာ-သာမန်မျက်စေ့ဖြင့်မမြင်နိုင်သော သတ္တဝါ᾽ လို့ဘာ
သာပြန်ဆိုနိုင်ပါတယ်။ ဗုဒ္ဓဟာကမ္ဘာလောကကြီးအစဉ်ငြိမ်းချမ်းလိုတဲ့
အတွက် ကိုယ့်မျက်စေ့နဲ့မြင်နိုင်တဲ့သတ္တဝါကိုမဆိုထားနဲ့ မမြင်နိုင်တဲ့
ပိုးမွှားသတ္တဝါကလေးတွေကအစ မသတ်ပါနဲ့လို့ကို တားမြစ်ထားပါတယ်။
ဒါကို ကမ္ဘာ့ငြိမ်းချမ်းရေးကိုလိုလာတဲ့သူတွေ သိထားဖို့ကောင်းတဲ့ပါဠိ
စကားလုံလေးဖြစ်တာမို့ ဘာသာအယူဝါဒစွဲမထားဘဲ ဒီပါဠိလေးကို
ဒီနေ့ခေတ်ငြိမ်းချမ်းရေးလုပ်နေတယ်ဆိုတဲ့ သူတွေ နှုတ်ထဲဆောင်ထား
ပြီး ကမ္ဘာကို ကြော်ငြာဖို့ကောင်းပါတယ်။
ငြိမ်းချမ်းရေးဆိုတာ ဘာသာစွဲလူမျိုးစွဲနိုင်ငံစွဲမထားရမည့်အပြင် တရိစ္ဆာန်
တွေအပေါ်မှာလည်း ငြိမ်းချမ်းရေးရသင့်ပါတယ်။
ဘာသာတစ်ခု ၊ အလှူတစ်ခု ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကြက်တွေ ဝက်
တွေ နွားတွေ ဆိတ်တွေစတဲ့ တရိစ္ဆာန်တွေကိုသတ်ဖြတ်နေတဲ့အလှူ
တွေဟာ “လူရိုင်းတို့ရဲ့အလှူ” ပါပဲ။
ဟိုး ခေတ်က လူရိုင်းတွေ လူအခြင်းခြင်းသတ်ပြီး ယစ်နတ်တင်ကြတယ်။
ဆိတ်တွေ နွားတွေသတ်ပြီး ယစ်နတ်တင်ကြတယ်။ ဒါကို ဒီနေ့ခေတ်မှာ
လိမ္မာသင့်နေပါပြီ။
သားသတ်ယစ်ပွဲတွေ မဆင်နွဲသင့်တော့ပါဘူး။ ကျွန်တော်ဒီလောက်ရေး
တာနဲ့တင် ကိုယ့်စီလုပ်ရပ်တွေ ဘယ်လောက်လွဲမှားနေလဲဆိုတာသိသာ
ထင်သာရှိနေပါပြီ။ ကိုယ်ကိုယ်ကို အသိတရားရှိသော လူတန်းစားဟု
သတ်မှတ်လျှင် သားသတ်တဲ့ဓလေ့စရိုက်ဟာ ကျောက်ခေတ်လူရိုင်းတို့ရဲ့
စရိုက်လက္ခဏာဖြစ်တယ်ဆိုတာ သိပါတယ်။
နိုင်ငံခြား လူရိုင်းဇာတ်ကားတွေကိုသတိထားမိကြည့်ပါလား။ မီးပုံပေါ်တင်
ပြီး လူတွေ ၊ ခလေးတွေ ၊ တိရိစ္ဆာန်တွေကို သတ်တာလေ။ ဒီရိုင်းတွေလုပ်
တဲ့ သားသတ်အလုပ်ကြီးကို ဗုဒ္ဓဝါဒက အထူးတလည်တားမြစ်ထားတာဟာ
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ပါဆိုတာ နားလည်သင့်ပြီ။
ငြိမ်းချမ်းရေးရချင်ပါပြီ။ လူ့လောကအတွက်ရော တရိစ္ဆာန်လောကအတွက်
ပါထည့်သွင်းစဉ်းစားတက်တဲ့ သူတော်ကောင်းခေါင်းဆောင်တွေ မြန်မာ
ပြည်မှာရော ကမ္ဘာမှာပါ အမြန်ဆုံးပေါ်ပေါက်ချင်ပါတယ်။

ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...