Sunday 1 January 2017

စစ်ပွဲမှန်သမျှ ပေါင်ကြားထဲက လာတာပါပဲ


ပေါင်ခြားထဲကကိစ္စဟာ ပေါ့သေးသေးမထင်ပါနဲ့ အဲဒီပေါင်ခြားတဲ့က ကိစ္စကိုနားမလည်လို့ ဗုဒ္ဓမြတ်စွာသည် အသင်္ချေတို့ကာလပတ်လုံး ပါရမီဖြည့်၍ပြည့်သောအခါမှသာ ဗုဒ္ဓဟူသောဉာဏ်ဖြင့် အလင်းပေးတော်မူခဲ့ခြင်းဖြစ် ပါသည်။ ပေါင်ခြားထဲကကိစ္စကို တရားကိုယ်ကောက်ရင် ῝တဏှာ῞ပေါ့ အဲဒီ တဏှာကို (နင်တို့လို) အသိဉာဏ် ပညာနဲပါးသူ များကတော့ ယင်းပေါင်းခြားထဲကကိစ္စကို ပေါ့သေးသေးထင်နေတာပေါ့။ မြန်မာနိုင်ငံလောက်ကို စကားမပြောနဲ့ဦး ယနေ့ ကမ္ဘာပေါ်မှာဖြစ်ပေါ်ဆဲဖြစ်ပေါ်ပြီးသောစစ်ပွဲများဟာပေါင်းခြားထဲကလာတာပါ အဲဒီ (နင်ပြောတဲ့) ပေါင်ကြားထဲကကိစ္စကို အာသာမဖြေ မပြေနိုင်ကြလို့ ဘာသာစွဲတွေစွဲကြတယ် လူမျိုးစွဲတွေစွဲကြ တယ် နိုင်ငံစွဲတွေစွဲကြတာပေါ့။ နောက်ဆုံး အပြစ်မဲ့တဲ့ တိရစ္ဆာန်တွေကို ဘာသာရေးကိုအကြောင်းပြု ယစ်ပူဇော် တဲ့လည်လှီးမှုတွေကလည်းပဲ အဲဒီ (နင်ပြောတဲ့) ပေါင်ကြားထဲက လာတာပါပဲ။
ဒါ့ကြောင့်ပေါင်ခြား ထဲကကိစ္စမှနားမလည်ရင် ကိုယ့်ဘဝအရေး နိုင်ငံရေးအားလုံး သောအရေးကိစ္စတွေဆုံးရှုံး နစ်နာစေပါတယ် မြန်မာနိုင်ငံ အကျည်းလေးလောက်ကိုမဆိုထားနှင့်ဦး ကမ္ဘာနိုင်ငအသီး အသီးမှာ စစ်ပွဲတွေဖြစ် နေတာဟာ အဓိကလက်သည်တရား ခံဟာ အဲဒီပေါင်းခြားထဲကိစ္စကြောင့်ပါပဲ။ ပေါင်ကြားထဲကကိစ္စသည် သမု တိသစ္စာနယ်ရော ပရမတ္ထသစ္စာနယ်နှစ်ခုစလုံးမှာပါအရေးပါတယ် အဲလို အရေးပါခဲ့လို့လည်း ဗုဒ္ဓမြတ်စွာဟာ သိင်္ဂါလသူဌေးသားကိုအရေးတယူဟောခဲ့ခြင်းဖြစ်ပါတယ်။
ဒါကို ငါတို့က သိစေချင်လို့ (နင်တို့လို အကဏ်း) တွေကြောင့် လောကီရေးခေါ်နိုင်ငံရေးနဲ့ လောကုတ္တ ရာရေးခေါ် ဘဝသံသရာအရေးတွေမှာ အခြားသောပြည်သူပြည်သားတွေ (နင်တို့ကြောင့်) ကဏ်း ကုန်မှာစိုးလို့ အခုလို အလင်းစာတွေရေးနေရတာပါ။
(နင်ပြောတဲ့)ပေါင်ကြားထဲကကိစ္စဟာ တဏှာလောဘပဲ အဲဒီတဏှာလောကြောင့် မဆုံးရှုံးသင့်သောမဟာ ကုသိုလ်များ မဆုံးရအောင် ῝ လောဘော အတ္ထံ န ဇာနာတိ ῞ လို့ဗုဒ္ဓကဟောခဲ့တာပေါ့။ ကိုယ့်လူမျိုး ကိုယ့်ဘာ သာ ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုကို စောင့်ရှောက်တက်သော ῝အလောဘ῞ တရားမှမရှိတဲ့သူကို နိုင်ငံတော်သ မ္မတ လုပ်နေပါက နိုင်ငံတော်လည်းဆုံးရှုံးမယ် ပြည်သူပြည်သားတွေလည်းဆုံးရှုံးမယ်။ အဲဒီလို အဆုံးကြီးဆုံး အရှုံးကြီးမရှုံးရအောင် ဗုဒ္ဓမြတ်စွာသည် သိင်္ဂါလသုတ္တံကိုဟောကြားတော်မူခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံမှာလည်း အခုစာရေးနေစဉ် စစ်ပွဲတွေမပြီးသေးသလို ကမ္ဘာမှာလည်း မွတ်ဆလင်တွေ ဘာသာ သူတူခြင်း သတ်နေတာ နေ့စဉ်ပဲ ῝တရားသောစစ်ပွဲရယ်လို့῞ ဘယ်ကောင်ပါးစပ်ကထွက်ခဲ့တာတုန်း ပါဏာတိပါ တာအလုပ်မှာ တရားတယ်လို့ ဘယ်ဘုရားကဟောခဲ့လည်း အတုမရှိဗုဒ္ဓမြတ်စွာကတော့ လုံးလုံးမျှမ ဟောခဲ့ပါဘူး ။
အဲလိုအမှားမှားအယွင်းယွင်းတွေမဖြစ်ရအောင် ဗုဒ္ဓမြတ်စွာသည် လောကီတံခါးနှင့်လောကုတ္တရာတံခါးဟူသော အပေါက်နှစ်ချပ်၏ စည်းမှန်လမ်းမှန်ဖြစ်စေရန် သိင်္ဂါလသုတ်ကို လောကလူသားတွေကောင်းကျိုးအတွက် ဟော ခဲ့တာပါ (နင်ပြောတဲ့) ပေါင်ကြားထဲကကိစ္စကို အတုမရှိဗုဒ္ဓမြတ်စွာသည် အရေးကြီးလွန်းလို့ ရွှေနှုတ်တော်ကနေ ထုတ်ပြီးဟောခဲ့တာပေါ့။
ဒါ့ကြောင့် comment ရေးချင်ရင် စာများများဖတ်ပါ လောကီလောကုတ္တရာကို ထုတ်ခြင်းပေါက်နားလည်ဖို့မလို သော်လည်းပဲ အများသူငှာများအတွက် အလင်းဖြစ်စေဖို့လိုပါတယ် ကိုယ်ရေးလိုက်တဲ့ comment ဟာအများ အတွက် အမှောင်ဖြစ်သွားရင် ရေးသူ (နင်ကိုယ်တိုင်) အပါယ်လားရောက်နိုင်တယ်ဆိုတာ ကပိလဝတ္ထုကို နင် ဖတ်ရင်သိနိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရင်ရင် နင်ငါ့ဆောင်းပါးများမှာ comment ရေးချင်ရင် ပိဋကတ်သုံးပုံကို အကုန်မွှေနှောက် ပြီးသည့်အပြင် မဃဒေဝတို့ လယ်တီတို့ မင်းကွန်းတို့ တောင်မြို့ဆရာတော်တို့ စတဲ့ထေရ်ရှင်မြတ်များရေးသား ပြုစုသောကျမ်းများပါ လေ့လာထားပြီးမှ ရေးပါ။
ဒိုးကြီး(ဝိဘဇ္ဇ)2.1.2017-11း58Am

No comments:

Related Posts Plugin for WordPress, Blogger...