Friday 20 January 2017

ပေါက်တက်ကရတွေ မမေးနဲ့


အမေ့ကြိုက်လား အဖေ့ကိုကြိုက်လား စသည့်ဖြင့် အဲဒီမေးခွန်းကို အခုအချိန်မေးသင့် မမေးသင့် တောင်မှမသိကြပဲကိုးတို့ငယ်ငယ်က ဆယ်ဆောင်တွဲထဲမှာပါတဲ့ လောကနီတိလေးတော့ Rf လုပ်မှရတော့မယ်နဲ့တူပါရဲ့။
“ထမင်းကို အစာကြေမှ ချီးမွန်းရာ၏”
“မယားကို အရွယ်လွန်မှ ချီးမွန်းရာ၏”
“ကောက်ကို ကျည်ထဲရောက်မှ ချီးမွန်းရာ၏”
ဒီလိုဆိုသကွ ဒါ့ကြောင့် လူတစ်ယောက်ကို ကြိုက်လား ကောင်းလား ဆိုတဲ့ မေးခွန်းကိုမေးဖို့  The Time ဆိုတဲ့အချိန်လိုပါသေးတယ်။ ဥပမာကွာ ဗိုလ်ချုပ်အောင်ဆန်းကို ကောင်းလား မကောင်းလား ကြိုက်လား မကြိုက်လား ဆိုတာတော့ အချိန်ကစေ့နေပြီ ဖြေလို့ရတဲ့ မေးခွန်းပေါ့။ နောက်တစ်ခါ ဦးနေ ဝင်းကစပြီး ဦးသိန်းစိန်အထိ အုပ်ချုပ်လာတဲ့သတွေကို မေးမယ်ဆိုလည်း အချိန်စေ့နေလို့ ယင်းမေး ခွန်းကိုလည်း ဖြေလို့ရတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည့် စတဲ့လက်ရှိလုပ်နေဆဲတွေကတော့ သူတို့ကိုမေးခွန်းမေးဖို့ အချိန်မစေ့သေး ဘူး ၊ ဒါလေးကို သိဖို့ အလင်းဝေငှလိုက်ပါတယ်။ အချိန်စေ့တဲ့အခါမှသာ မေးခွန်းမေးပါက ပြီးပြည့်စုံ သောအဖြေလွှာကို ရမှာဖြစ်ပါတယ်။ အဲလိုမှမဟုတ်ဘဲ အရင်စလို မေးလိုက်ရင် ဘယ်မှာအဖြေဟာ ပြီး ပြည့်စုံနိုင်မလဲ ဖြေပြန်ရင်လဲပဲ ပညာရှိများ ကဲ့ရဲ့အပ်သော စကားများသာဖြစ်ပါလိမ့်မယ်။
ဒါတွေငယ်ကတည်းက ဖတ်ထားတဲ့ ကိုယ့်မှာ facebook ပေါ်ကစကားလုံးတွေက အရိုးတွေချည်း သာပလို့ စိတ်မကောင်းဖြစ်မိပါတယ်။
ယင်းတို့ကို စာဖတ်စေချင်ပါတယ် စာဖတ်ရင် အဖြူအမည်း သဲကွဲစွာသိနိုင်ပါတယ်ဒါ့ကြောင့်လည်းပဲ ပညာဟုဆိုခြင်းဖြစ်ပါတယ် ၊ စာဖတ်သောကြောင့် သညာများကိုကောင်းစွာမြင်သိနိုင်၏ ယင်းသညာ ကို ဆင့်ပွားနှလုံးသွင်းဆင်ခြင်ရာမှ ပညာဆိုသော အလင်းကိုရနိုင်သည်ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် ..
ဆယ်ဆောင်တွဲလေးများရရင် ရှာဖတ်ကြပါဦးလို့ ကျမ်းညွှန်းလေးပေးလိုက်ပါတယ်။
မှတ်ချက်။
မည်သူကိုယ်မျှ ထိပါးပုတ်ခပ်လို၍မဟုတ် စာဖတ်သူများအလင်းတစ်ကွက်လောက် ရစေချင်သော စေတနာသာလျှင်အကြောင်းအရင်းဖြစ်ပါသည်။
ဒိုးကြီး(ဝိဘဇ္ဇ) 20.1.2017


No comments:

Related Posts Plugin for WordPress, Blogger...