Thursday 19 January 2017

ဝိဘဇ္ဇသို့ တမ်းခြင်း


သူများဖတ်ဖို့ ကြံစည်စိတ်ကူးခဲ့တာမဟုတ်ရပါဘူး
တကယ်ကိုပဲ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ဖို့စိတ်ကူးတွေပါ။
ဒါတွေကိုချပြရေးပြတာကို ကဗျာလို့ ခင်ဗျားတို့က သမုတ်ကြရင်
မြန်မာနိုင်ငံက . .. 
ကျွန်တောကြီးများရဲ့ ငိုချင်းသံတွေကို ကျွန်တော်ချရေးပြချင်ပါတယ်
မြေပြင်ဖြစ်တော့မည့် လက်ပတောင်းတောင်ကြီးရဲ့ ဘဝပေးဒုက္ခသည်အခြေအနေကိုလည်း
ကျွန်တော် ဝေမျှခဲ့ချင်ပါသေးတယ်။
ကဲ  ..  ကျွန်တော်ဆက်ပြောမယ်
အခု ခေတ်စားနေတဲ့ ရန်ကုန်မြို့ပြရဲ့ အခမဲ့မော်တော်ယဉ်တွေပေါ်မှာ
ဘဝမဲ့နေတဲ့ ပြည်သူတစ်ယောက်ထဲမှာ ဒိုးကြီးဆိုတဲ့ကောင်က တစ်ပေါ့။
ဆက်မရေးတော့ပါဘူးဗျာ  . ..
ခင်ဗျားတို့ရဲ့ သက်ကွင်းက 66 ဃပဲမဟုတ်လား ?

ဒိုးကြီး-ဝိဘဇ္ဇ-19.1.2017-11း18Pm

No comments:

Related Posts Plugin for WordPress, Blogger...