Sunday 29 January 2017

တရုတ်က ဖိ ၊ ရှမ်းက အိ ၊ ရှိသည့် ဗမာနောက်မှလာ



“ တရုတ်က ဖိ ၊ ရှမ်းက အိ ၊ ရှိသည့် ဗမာနောက်မှလာ”
သက်ကြီးစကား သက်ငယ်ကြားဆိုသည့်အတိုင်း ဒီတဘောင်ကို ဘယ်သူကရေးခဲ့သည်ကိုမသိ၍ သိမီသူများ ရှိ တော်မူပါက ဆောင်းပါးလေးတစ်ခုအဖြစ် ရေးသားစေချင်ပါသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီတဘောင် ကို ငယ်ငယ်က နားရည်ဝနေရုံမှအပ မည်သို့သောအချိန်ကာလက မည်သည်ကိုအကြောင်းပြု၍ ပေါ်ပေါက်လာ ခဲ့သည်ဟု မသိရပါ။
တဘောင်တွင်ပါဝင်သော ပေါ်လွင် ရိုးရှင်းသည့်စကားအနက်ကိုသာ မိမိဉာဏ်မီသလောက် နားလည်ယူဆယုံမှ အပ အထူးအတွေးတောနိုင်ခဲ့ပါ။ တရုတ်က ဖိ ဆိုတာကလည်းနားလည်နေသည့်အပြင် ရှမ်းက အိ ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း သဘောပေါက်မိပါတယ်။ သို့သော် ῝ရှိသည့် ဗမာမာ နောက်မှလာ῞ ဆိုတဲ့ စကားကိုတော့ ကျွန်တော်နားမလည်နိုင်ခဲ့ပါ။
ဗမာတွေဟာ လူမျိုးပြုန်းတီးကုန်တယ်ဆိုတဲ့သဘောကို ပြောတာလား?
ဒီလိုမျိုး တဘောင်တွေဟာ ဘာတွေကိုရည်ရွယ်ပြီး အခုတိုင်အောင် ရှိနေခဲ့တာလဲ?
စသည်ဖြင့် စသည် ဖြင့်  . .. 
ကျွန်တော် မနိုင်နင်းနိုင်သော ဒီ တဘောင်ရဲ့ အနက်အဓိပ္ပါယ်ကို သိမီသူများမှ လက်ဆင့်ကမ်းဝေငှရင်ဖြင့် ဗုဒ္ဓမြတ်စွာအလိုကြဖြစ်သော ဗာဟုသိပ္ပဉ္စမင်္ဂလာမြောက်နိုင်တယ်လို့သာ တိုက်တွန်းရပါတော့သည်။

ဒိုးကြီး(ဝိဘဇ္ဇ)29.1.2017-5း16pm

No comments:

Related Posts Plugin for WordPress, Blogger...