Monday 9 January 2017

DG


ကောင်မလေးရေ . .
ငါ့ ဝိဉာဉ်တွေ လွှတ်လိုက်ပြီ
မင်းအိပ်ယာကုတင်နဘေးဆီကိုပေါ့
ငါဟာ ဒရုန်းတစ်ကောင်လိုပျံသန်းရင်းနဲ့လေ
စိတ်တော့မပျက်ပါဘူး
ထိတ်လှန့်စရာအိပ်မက်တွေမှမရှိတော့တာကိုး . .။

ကောင်မလေးရေ . .
လေပြေလေညှင်းလေတွေအနားလာခဲ့ရင်
ငါ့ကိုနမ်းသလိုမျိုးနမ်းပစ်လိုက်စမ်းပါ
ရနံ့တွေ သင်းလို့  . . .ပေါ့။

အာဏာရှင်တို့၏
ဒုက္ခနဲ့ကမ်းလှမ်းမှုမှန်သမျှထဲမှာ
ငါနဲ့နင်တို့ဟာ သားကောင်တွေချနင်းခံရသလိုပေါ့။
ကျေမွသွားတဲ့ အရိုးသွေးစတွေကိုကောက်ရင်း
ငါ့တို့ ယုံကြည်ချက်တွေကတော့ မကွဲမရှ။

တော်ပြီနော်  .. .
ငါဆက်မရေးလိုတော့ဘူး
စိတ်ရှိတိုင်း ချရေးလိုက်ရင် စိတ်ပါတိုင်း လုပ်လိုက်ရရင်
သေချာပါတယ်
ငါဟာ ပုထုဇဉ်တစ်ကောင်လိုပါပဲ။

ဒိုးကြီး(ဝိဘဇ္ဇ) 10.1.2017-1း20am

No comments:

Related Posts Plugin for WordPress, Blogger...