Wednesday 25 January 2017

ပါရမီ အဓိဋ္ဌာန်

ဟို အချိန်ကတည်းက ကျွန်တော့ ကဗျာတွေကို ဒဿနတွေကို အသိမပေးမူပိုင်မတင်ဘဲ ယူသုံးနေကြတာတွေကို တွေ့နေရစမြဲပါ သို့သော်လည်း ကိုယ်တိုင်ကိုယ်က သိမ်းပိုက်ခြင်းအနက်ကို ဘာသာပြန်ထားပြီးသူမို့ မတုန်လှုပ်မိပေ အားလုံးဟာ ဥစ္စာပစ္စည်းပဲဖြစ်ဖြစ် အသိဉာဏ်ဒဿနတွေပဲဖြစ်ဖြစ် ချရေးထားမိရင်တော့ ထားရစ်ခဲ့ရမှာပဲလေ အဲလို သံဝေဃသတိနဲ့ ဓမ္မတွေကို အခုလိုဝေငှမိနေတက်ပါတယ်။
ဝန်ခံရပါရင် ကိုယ်ကိုယ်တိုင်ကလည်း အလင်းပေးသူမဟုတ်ပေ အလင်းကိုဝေငှမိသူတစ်ယောက်၏အဆင့်ထက်မပို သာပေ ၊ ဒါ့ကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ဘာကိုများ မိုက်မိုက်မဲမဲနဲ့ ထပ်ပြီးသိမ်းပိုက်နေရဦး မှာလည်း ဗျာ။ မည်သူမဆို ဘယ်အကြောင်းနဲ့ပဲဖြစ်ဖြစ် ကိုယ်ချရေးခဲ့တဲ့ ဒဿန ကဗျာတွေကို တစ်ပါးသူအတွက် အသုံးတည့်သွားပြီဆိုရင် ကျွန်တော် ကျေနပ်မိပါသည်။
အထူးသဖြင့်တော့ မိမိအား ပါဠိစာပေကို စတင်သင်ကြားပေးခဲ့သော တမလွန်က ဖခင်ကြီးဦးလှစံသို့  . . .
ဒိုးကြီး(၀ိဘဇ္ဇ)25.1.2017-2း42Pm

No comments:

Related Posts Plugin for WordPress, Blogger...