Monday 23 January 2017

ရှင်မသို့ တမ်းခြင်း


ရှင်မရေ  . .
ကျွန်တော့်ရင်ထဲ ချရေးမိရင်
အသိဉာဏ်ကွာဟမှု ပုံစံကွက်တွေက သွေးစက်လက်နဲ့ငြင်းဆိုကြပြန်ဦးမယ်။
တကယ်တော့ ရှင်မရေ  . .
တို့မြန်မာနိုင်ငံ ပြည်သူတွေ ငတ်ပြတ်သတ်နေရတာက
ရှင်မတို့တွေ အသုံးအဖြုန်းကြီးလို့မဟုတ်ဘူး
သူခိုးကြီးတွေ ခိုးပါးဝနေကြလို့ပါ။
ကျွန်တော်ထင်တာကတော့
ရှင်မတို့မြန်မာနိုင်ငံ နောင်အနှစ် (20) မပြောနဲ့
နောက်ထပ် အနှစ် (200)တောင် ပြည်သူအကျိုးလိုလားသော
ဒီမိုကရေစီမရဘူးဆိုတာမှတ်ထားပါ။
ရှင်မရေ  ..
ကျွန်တော် ဒီစကားလေးနဲ့ ထပ်ကိုးကားပါရစေ  ..
တစ်ပါတီဦးနေဝင်းလက်ထက်“ ဘိက္ခုနီအရေးတော်ပုံကျမ်း” ကြီးကို ရေးသားပြုစုခဲ့တဲ့
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် အရှင်အာဒိစ္စဝံသမထေရ်မြတ်က
သံဃာထုတစ်ရပ်လုံးကို အင်္ဂလိပ်စာသင်ကြားဖို့ လမ်းညွှန်ခဲ့တယ်
ထိုစဉ်အခါက သံဃာဥသျှောင်ကြီးတွေက “မိစ္ဆာစာကား”မသင်ရဆိုပြီး လက်မခံခဲ့ဘူး။
ဒါကို အရှင်အာဒိစ္စဝံသ မထေရ်မြတ်က အခုလို ပြောခဲ့တယ်။
“ အေး နောင်သောအခါကြမှ အာဒိစ္စဝံသရဲ့ ဖင်ကို ဦးကုန်းချကြလိမ်မယ်” တဲ့ဗျာ။
ဟုတ်ပါရဲ့  ..
မင်းကွန်းဆရာတော်ကြီး တိပိဋကလည်းဖြစ်ရော သံဃာတက္ကသိုလ်ကြီးတွေဖွင့်
လှစ်ခဲ့သလို အင်္ဂလိပ်စာကို သံဃာတွေစတင်သင်ကြားဖို့ အမိန့်ညွှန်ကြားလွှာထုတ်ခဲ့လို့
အခုတိုင်သင်နေကြပါတယ်။
ကဲ  .. . ရှင်မရေ  .
ကျွန်တော် ဒီဖြစ်စဉ်ကို ကိုးကားသက်သေထူခဲ့ပြီနော်
ဒါ့ကြောင့်နောင်အနှစ်(200)လည်း မြန်မာပြည်ဒီမိုကရေစီမရဘူးလို့ပြောခဲ့တဲ့
ကျွန်တော်ဒိုးကြီးရဲ့စကားကို အခုတော့ ငြင်းလိုက ငြင်းကြပါတော့
သေချာတာကတော့ နောင်အနှစ်(200)ကြရင် အရှင်အာဒိစ္စဝံသထေရ်မြတ်စကားကို
ဒိုးကြီးဖင် ဦးကုန်းချရပြန်ဦးမယ်
ဒါဆို ဘယ်တော့ ရှင်မတို့နိုင်ငံ ဒီမိုကရေစီအစစ်ရမလဲမေးရင်
“တရုတ်ပြာ ῝ချ῞ ခရိုနီတွေ ῝ဗျာ῞ ကျမှ ရမယ်တဲ့  ..  ဗျ။

ဒိုးကြီး(ဝိဘဇ္ဇ) 23.1.2017-12း17pm

No comments:

Related Posts Plugin for WordPress, Blogger...