Thursday 5 January 2017

ပျို့မောင်ကြီးတို့ အကြိုက်ဟဲလို့ရတော့မည့် စက်



အိမ်ထောင်ရေး သုခ ရဖို့ ခက်ခဲနေတဲ့ အမျိုးသားများဟာ အဓိကအားဖြင့် ဆေးဝါးများကို မှီခိုနေရပါတယ်။ ဒီထက်ပိုကောင်းတဲ့ ဆေးသိပ္ပံနည်းပညာကို မတီထွင်နိုင်တာ နှစ်ပေါင်း ၄၀ ရှိပါပြီ။ အခုတော့ အားကောင်းမောင်းသန် ရွှေပန်း ဖြစ်လာစေမယ့် ၊ မာကျောစေမယ့် စက်ရုပ်ကို တီထွင်လိုက်ပါတယ်။
စက်ရုပ်ဆိုပေမယ့် သူဟာ Nitinol လို့ ခေါ်တဲ့ တိုက်တေနီယမ် သတ္တုချောင်းဖြစ်ပါတယ်။ သတ္တုချောင်းကို လိင်တံမှာ ခွဲစိတ်ထည့်သွင်းရမှာ ဖြစ်ပါတယ်။ သတ္တုချောင်းဟာ အလွန်ကွေးနိုင် ဆန့်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ သူက လိင်စိတ်ကြောင့် ခန္တာကိုယ် အပူချိန်များလာတဲ့အခါမှာ မာကျောလာမှာ ဖြစ်ပြီး သာမာန်အချိန်မှာတော့ ပျော့ပြောင်းကွေးညွှတ်နေမှာ ဖြစ်ပါတယ်။
တီထွင်သူများက လက်ရှိမှာ စက်ရုပ်ကို ထိန်းချုပ်နိုင်မယ့် Remote Control ကိုလည်း တီထွင်နေပါတယ်။ လိင်တံ မာကျောမှု မရှိတဲ့ ရောဂါကို အသက် ၄၀ ကျော် ယောင်္ကျားများ အဓိက ခံစားနေရပြီး သူတို့ရဲ့ သုံးပုံပုံ တစ်ပုံဟာ Viagra နဲ့လည်း အလုပ်မဖြစ်ပါဘူး။ အသက်အရွယ်နဲ့ သက်ဆိုင်သလို ကင်ဆာ၊ နှလုံးရောဂါ ဝေဒနာရှင်များလည်း ဖြစ်တတ်ပါတယ်။ အခု နည်းပညာဟာ ခွဲစိတ်ရတာ လွယ်ကူပြီး ကုန်ကျစားရိတ်လည်း သက်သာပါတယ်။
ဒီနည်းပညာကို တီထွင်သူများမှာ Wisconsin – Madison တက္ကသိုလ်မှ ဆီးလမ်းကြောင်း ဌာနမှ ပညာရှင်များ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စက်ရုပ်ကို စမ်းသပ်နေဆဲ ဖြစ်ပြီး လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ref : gizmodo
http://digitaltimes.com.mm/12926/%E1%80%A1%E1%80%AC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%80%9E%E1%80%94%E1%80%B9-%E1%80%B1%E1%80%9B%E1%82%8A%E1%80%95%E1%80%94/

No comments:

Related Posts Plugin for WordPress, Blogger...