Thursday 2 July 2015

မသေခင် . . .


မသေခင် . . .
အကုသိုလ်တစ်စုံတရာကိုလုပ်ဖို့စိတ်ကူးမရှိပါဘူး။
ကုသိုလ်တစ်ဆုပ်တစ်ခဲအတွက်ကြိုးစားနေပါတယ်. .။

ကိုယ်သေပြီးတဲ့နောက် ကိုယ်ဆွဲခဲ့တဲ့ ဗုဒ္ဓပုံတော်များဟာ
နှောင်းလူများအတွက် ပူဇော်ရာဖြစ်ရင်ကျေနပ်ပါပြီ။

ဒီကနေ့၈ျာထဲက နာမည်ကြီးနေတဲ့
11 Billion နာဆိုတာ ကျွန်တော့်အတွက် ကြေကွဲစရာမဟုတ်ပါဘူး
ဘာလို့လည်းဆိုတော့ ကျွန်တော်မှ ပြည်သူပိုင်ပစ္စည်းတွေကို
တရားဝင်ခိုးယူခဲ့တာမှမဟုတ်တာကိုး . .  ။

ခင်ဗျားတို့ဖတ်တဲ့ ဂျာနယ်ထဲမှာမပါတဲ့
ကျွန်တော့် ပြဿနာအစစ်အမှန်တွေကတော့ . .
ဂစ်တာကြိုးပြတ်တဲ့နေ့
Acrylic ဆေးတွေကုန်သွားတဲ့နေ့ 
ချစ်သူစိတ်ကောက်တဲ့နေ့  . .တွေ့ပါပဲ . . ခင်ဗျား။

ကျွန်တော် မနက်ဖန်အတွက် ဆက်နေချင်ပါသေးတယ် ..
ခင်ဗျားဖို့ ဖတ်ဖို့ ကဗျာရေးရန်နဲ့  ..
ခင်ဗျားတို့ ပူဇော်ဖို့ ဗုဒ္ဓပုံတော်တွေဆွဲဖို့အတွက်ပါပဲ . .။

ကျေးဇူးပါပဲ  . .
ကျွန်တော်ကိုလက်တွေကို အနုပညာအဖြစ်ပုံဖေါ်ပေးခဲ့တဲ့
အဖေနဲ့အမေရယ်  .. .
အခုကဗျာဖတ်နေတဲ့ ခင်ဗျားရယ်ကိုပါပဲ .. ။

သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...