Wednesday 22 July 2015

THE LAST



လုပ်ပြီးခဲ့သမျှ  . .
ကဗျာတွေ  .. ပန်းချီတွေ  . . ဓာတ်ပုံတွေ  . .
အားလုံး အားလုံးဟာ  . .
ကိုယ်ပိုင်စကားလုံးအယူအဆတွေနဲ့ပါ။

တိတ်တစိတ် . . .
သယ်ဆောင်သွားတဲ့ အချိန်ရထားရဲ့နောက်မှာ
The Last ဆိုတဲ့ နောက်ဆုံးဟာ မျက်ရည်စတွေနဲ့ပဲမဟုတ်ဘူးလား?

အသွင်ပြောင်းလည်းခြင်းနိယမလို့ ဆိုချင်ဆို
ဒြပ်စင်တို့ရဲ့ နောက်ဆုံးခရီးလို့ပဲ ချရေးချရေး . .
ဘဝဆိုတာ . . . .
မျက်ရည်နိဂုံးပဲမဟုတ်ပါလား. .. ။

ဒီလိုဆိုရင်  . . . .
ကျွန်တော်တို့ရဲ့ The Last မှာ
သွေးသံတရဲရဲ သားသတ်ညတွေနဲ့လား  .. .
ဘုရားဖျက်ကျောင်းဖြို သံဃာတော်တို့တွေ သတ်ဖို့လား  .. .

ကျွန်တော်ကတော့ . ..
ပုဂံရာဇဝင်ထဲကကျန်စစ်မင်းကြီးပြောခဲ့တဲ့စကားလို
'' ဘယ်လက်ဖြင့် တိုင်သူပြည်သားတို့အား အဝတ်ပုဆိုးပေးအံ့''
'' ညာလက်ဖြင့် တိုင်းသူပြည်သားတို့အား စောင့်ရှောက်အံ့''
ဆိုသော အကြင်နာမေတ္တာစကားလုံးများရဲ့အသံကို
ကိုယ်တိုင်မသိမမြင်ခဲ့ရသော်လည်းပဲ
ထိုသို့သော ဘုရင်များကို တမ်းတနေမိပါတယ်။

သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...