Saturday 4 July 2015

ဗုဒ္ဓဘာသာ ရဟန်းများကို GMonk app ဖြင့် အစားထိုးနိုင်မည်ဟု Google မှ ကြေညာ

များမကြာမီ အနာဂတ်တွင် လူသား ဗုဒ္ဓဘာသာ ရဟန်းများကို GMonk app ဖြင့် အစားထိုးနိုင်မည်ဟု Google မှ ကြေညာ




အမေရိကန်နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်သည့် Google သည် ၄င်းတို့၏ နောက်ဆုံး နည်းပညာသစ် မိတ်ဆက်ပွဲတွင် GMonk ကို မိတ်ဆက်ပြသ လိုက်သည်။

GMonk သည် ဗုဒ္ဓဘာသာဝင် များအတွက် အဓိကထား ထုတ်လုပ် ထားခြင်းဖြစ်ပြီး မိမိ၏ အနီးတွင် ရဟန်း တစ်ပါးကို အချိန်တိုင်း ပင့်ဆောင် ထားသလို ဖြစ်နေမည်ဟု Google ၏ ကြော်ငြာတွင် အာမခံ ထားသည်။ GMonk တွင် မြန်မာ ဘာသာစကား အပါအဝင် ဗုဒ္ဓဘာသာ ကိုးကွယ်သည့် လူမျိုးပေါင်းစုံ၏ ဘာသာ စကားများဖြင့် ဘုရားရှိခိုး အမျိုးမျိုး၊ ပါဠိ ဘာသာဖြင့် ပရိတ်တော်များ၊ ပဌာန်း ဒေသနာများ အပါအဝင် ပဋိကတ် သုံးပုံကို နာကြားနိုင် မည်ဖြစ်သည်။

ထို့အပြင် အခြားသော feature များအနေဖြင့် GMonk ကိုဖွင့်လိုက် သည့်အခါ မိမိ၏ စိတ်အခြေ အနေကို ရွေးချယ် ခိုင်းမည်ဖြစ်သည်။ စိတ်အခြေ အနေအလိုက် app မှ တရားဟောကြားပေး လိမ့်မည်။ ဒေါသဖြစ်နေလျှင် ဒေါသပြေစေရန်၊ စိတ်ညစ်ညူးနေလျှင် စိတ်ညစ်ပြေစေရန် ဗုဒ္ဓ၏ တရားဒေသနာ များကို GMonk မှတိုက်ရိုက် ဟောကြားပေးကြောင်း မိတ်ဆက်ပွဲတွင် လက်တွေ့ပြသ ခဲ့သည်။ bonus feature အနေဖြင့် ဥပုသ်နေ့ မနက်ပိုင်း တိုင်းတွင် အလိုအလျောက် သီလပေးခြင်းလည်း ပါဝင်သည်ဟု Google မှပြောကြားခဲ့သည်။

အခြား စိတ်ဝင်စား စရာကောင်းသော feature တစ်ခုမှာ KarmicCurrency ဖြစ်သည်။ ဤ app ကိုစတင် အသုံးပြုသည့် အချိန်မှစ၍ မိမိ တစ်နေ့တာ လုပ်ခဲ့သည့်ကောင်းမှု၊ မကောင်းမှုများကို မှတ်သား ထားနိုင်သည်။ ဥပမာ အားဖြင့် ပိုးမွှား တစ်ကောင်ကို သတ်မိခြင်းကြောင့် KarmicCurrency တွင် -၃၀၊ အရက်သေစာသောက် စားခြင်းကြောင့် - ၅၀၊ သူတစ်ပါး သားမယားကို ပြစ်မှားခြင်းကြောင့် -၃၀၀ စသည်ဖြင့်ပေါ် လာမည်ဖြစ်ပြီး တစ်နေ့တာ ဥပုဒ်သီလစောင့်ခြင်းကြောင့် KarmicCurrency တွင် +၇၀၊ ရဟန်း သံဃာများကို ဆွမ်းလှူဒါန်းခြင်းကြောင့် +၅၀၊ ဘုရား၊ ကျောင်း၊ သိမ် စသည့် အကြီးစား အဆောက် အဦးများ လှူဒါန်းခြင်းကြောင့် +၅၀၀ စသဖြင့် တွက်ချက်နိုင်ပြီး နောင်တမလွန်တွင် မည်သည့် ဘုံဘဝသို့ရောက် မည်ဖြစ်ကြောင်း ပြသပေး မည်ဖြစ်သည်။

ဗုဒ္ဓ ဘာသာနိုင်ငံ အများအပြား တွင် တရားဒေသနာဟောကြားရန်၊ ဗုဒ္ဓ၏ ဓမ္မကိုဖြန့်ဝေရန် အတွက် လူဦးရေ၏ ရာခိုင်နှုန်းတော်တော် များများသည် သာသနာ့ဘောင်သို့ အနစ်နာခံ၍ ဝင်ရောက် ခဲ့ကြသည်ကို Google ၏ စစ်တမ်းများ အရ သိရှိရပါကြောင်း၊ ယနေ့လူတိုင်း အန်းဒရိုက် ဖုန်းတစ်လုံး ကိုင်နိုင်သောခေတ်တွင် ဤပြသနာကို ဖြေရှင်းရန် အတွက် GMonk ကိုတီထွင် လိုက်ရ ပါကြောင်း၊ GMonk ကြောင့် တိုင်းပြည် များတွင် သာသနာ့ဘောင်သို့ မဝင်ချင် သူများ အနစ်နာခံ၍ ဝင်ရောက်ရန် မလိုတော့ဘဲ သာသနာ့ဘောင် သို့ဝင်သည့် ရဟန်း သံဃာများလည်း လောကီဘောင်ကို အပြီးအပိုင် စွန့်၍ စိတ်ချ လက်ချ တောထွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအခါတွင် GMonk beta version ကို Google Play Store တွင် အခမဲ့ဒေါင်းလုတ် ရယူနိုင်ပြီး နောက်ထပ် ဗားရှင်းအသစ် များကိုလည်း နှစ်စဉ် ဝါဆိုလပြည့်နေတိုင်းတွင် ဒေါင်းလုတ် ရယူနိုင်မည်ဟု အဆိုပါ သတင်းအရ သိရှိရသည်။

ပြန်လည်မျှဝေပါသည်။

No comments:

Related Posts Plugin for WordPress, Blogger...