Saturday 4 July 2015

Picnic is the Interpreation



မင်းတို့ လုပ်ချင်ရာလုပ်နိုင်ပါတယ်  .  . .
သို့သော်  . . . .
အဟိတ်တရိစ္ဆာန်တွေသတ်ဖြတ်ပြီးတော့ချက်ပြုတ်စားတဲ့
မူဆိုးဝါဒဆိုးကြီးတော့ မလုပ်ကြပါနဲ့လို့တောင်းပန်ပါတယ်။
သတ္တလောကကြီးဆိုတာ မိသားစုအသိုင်းအဝိုင်းနဲ့နေကြတာပါ။
ဘုံဘဝဘာသာစကားအမူအကျင့်များနဲ့သက်ရှင်နေထိုင်ကြတာပါ။
ဒါကို ဒီလိုကိုယ်ချင်းစာတရားမထားဘဲ  ..
ဘုရားသခင်သတ်ခိုင်းလို့ဆိုတဲ့ စကားကြီးနဲ့တော့ မရက်စက်ကြပါ
နဲ့။ ဒီလိုသာရက်စက်ကြစတမ်းဆိုရင်  ..
ကမ္ဘာကြီးမှာ နျူကလီယားစစ်ပွဲတွေ အကြိမ်ကြိမ်ဖြစ်နေပြီ။
ဘယ်သူပြောပြော ထိုပြောဆိုသောစကားရဲ့ အတ္ထဗေဒကို
ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေးသုံးပြီး having divided or
analysed လုပ်ကြမှာ။
ဘုရားသခင်ပြောတယ်ဆိုပြီး တိရစ္ဆာန်တွေသတ်ဖြတ်နေ
တာကတော့ မျက်ကန်းတွေပဲ ၊ Belind Person ထက်မပို
ဘူး။ အသိဉာဏ်ထုံထိုင်းသောအယူဝါဒတစ်ရပ်လို့လည်း
သတ်မှတ်လို့ရတယ်။
ဘယ်ဘုရားပြောပြော သူတို့စကားတွေကို နိယာမတစ်ခု
နဲ့နှိုင်းချိန်အဖြေရှာသင့်ပါတယ်။
ဘုရားပွဲကြီးလုပ်ပြီး နွားလည်လှီးတယ် ဆိတ်လည်လှီတယ်
ဝက်တွေသတ်တယ် ကြက်တွေသတ်တယ် ဆိုတာဟာ
အဲဒီဘုရားပွဲက ပျှော်ပွဲစားပွဲအဆင့်တစ်ခုထက်မပိုပါဘူး။
ဝိဘဇ္ဇဆိုတာ ဒါပဲ။ မင်းတို့ပြောချင်သလိုပြော ပြောသမျှကို
ဝေဖန်ခွဲခြားစိတ်ဖြာပြီး ယုတ္တိယုတ္တာကျမကျ သုံးသပ်ဆင်
ခြင်တာမျိုး။
ဒါ့ကို ဗုဒ္ဓဝါဒက အားပေးတယ် ။ လူညွှန့်တုံးစေတဲ့ ဉာဏ်
တုံးစေတဲ့ ငါ့စကားနားထောင်ရမယ်ဆိုတဲ့ဝါဒမျိုးမဟုတ်ဘူး။
ငါပြောတဲ့စကားကို အကြောင်းယုတ္တိရှိမရှိဝေဖန်ပြီးသကာလ
ယုတ္တိရှိရင် လိုက်နာကြပါ ကျင့်သုံးကြပါလို့သာ ဗုဒ္ဓရှင်တော်
သည် ဟောကြားခဲ့သည်မဟုတ်ပါလော . . ။
သဗ္ဗေ သတ္တာမရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...