Wednesday 29 July 2015

မြတ်သောရဟန်းတို့၏အလုပ်

]


ရဟန်းအလုပ် . .. ဟူသည်
ဘုန်းကြီးအလုပ်သည် ၊ သုံးလုပ်ပဲဘုရားရှင်ကခွင့်ပြုခဲ့တာပါ။
ဒါအပြင်လုပ်တဲ့အလုပ်မှန်သမျှဟာ ဘုန်းကြီးအလုပ်မဟုတ်ပါဘူး။
ပရိယတ္တိဓမ္မ၊ ပဋိပတ္တိဓမ္မ၊ ပဋိဝေဒဓမ္မပါပဲ။ ဒီသုံးလုပ်ကလွဲပြီး
အခြားအလုပ်မှန်သမျှဟာ ဗုဒ္ဓဝါဒနှင့်ဆန်ကျင်တယ်ဆိုတာကို
ဗုဒ္ဓဝါဒအားလေ့လာသူများသိဖို့လိုပါတယ်။
ဆေးရုံဆောက်တာ ၊ ဒုက္ခသည်ကူညီတာ စတာတွေဟာ အများ
အားဖြင့် ပိဋကတ်နားမလည်သူများအတွက်တော့ အထင်ကြီးစရာပါ။
ထိုအလုပ်များဟာ ဘုန်းကြီးအလုပ်မဟုတ်ပါဘူး။ ဗုဒ္ဓရှင်တော်ဟာ
45 ဝါသောကာလပတ်လုံး ရဟန်းတော်တို့အား ၊ ရေဘေးလေဘေး
မီးဘေးဒုက္ခသည်များကို ကူညီရမယ်ဟု မဟောခဲ့ပါဘူး။
ရဟန်းတော်များသည် လူသားများနှင့်လုံးဝမနှီးလူ့သားများအလုပ်
နှင့်ခြားနားသော ပရိယတ္တိ၊ပဋိပတ္တိ၊ပဋိဝေဒဆိုတဲ့ သုံးရပ်သော
သာသနာတော်ကိုသာ အလုပ်အဖြစ်မှတ်ယူ သြဝါဒပေးပြီး
သားပါ။
တကယ်ဗုဒ္ဓဝါဒကို သိမိသူများကတော့ ဒါတွေဟာ ဗုဒ္ဓဝါဒနဲ့ဆန့်ကျင်
ဘက်အလုပ်ပဲလို့ နားလည်ကြပါတယ်။
ဒါ့ကြောင့် ဘုန်းကြီးများ ပိဋကတ်တော်အရ မဲပေးခွင့်မရကြပါဘူး။
မဲပေးခြင်းဟာ ဗုဒ္ဓမိန့်မှတ်ခဲ့သော ပရိယတ္တိဓမ္မ၊ ပဋိပတ္တိဓမ္မ၊ ပဋိဝေဒ
ဓမ္မနဲ့ မဆိုင်လို့ပါပဲ။
ဒါ့ကြောင့်  .. . တကယ့်ဗုဒ္ဓဝါဒဟူသည်  . .
ထိုသုံးလုပ်ကိုသာလုပ်ပါသည်။
မှတ်ချက်။
ကျွနုပ်ရေးသားအပ်သော စကားရပ်တို့၌ ပိဋကတ်နှင့်လွဲချော်နေ
သည်ဆိုပါက မည်သူမဆို ပိဋကတ်အား ကျမ်းစာမျက်နှာညွှန်း
၍ ထောက်ပြဆိုဆုံးမနိုင်ပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...