Saturday 18 July 2015

အနာဂါတ်ကို ခိုးယူပေါင်းသင်းခံရခြင်း



ရိုးရိုးလေးပဲ တွေးကြည့်ပါ  . .
သူများသယံဇာတကို ခိုးယူသုံးစွဲတယ်ဆိုတာ
သူများရဲ့အနာဂါတ်ကို ခိုးတာပါပဲ။
ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ အနာဂါတ်တွေဟာ
အခိုးခံနေရတယ်လေ  . . ။
ဝတ်စရာ ဒဿနအဝတ်အထည်တွေလည်းမရှိတော့ဘူး၊
စားစရာ ဗဟုသုတဟင်းလျာတွေလည်း မစားနိုင်ကြတော့ဘဲ
ဖြစ်သလို Facebook ပေါ်တက်ပြီး အီစီကလီဆွဲနေကြရတယ်။
ဆက်တွေးကြည့်ပါ အတွေးကောင်းကောင်းနဲ့ပေါ့။
ပြည်သူတွေပိုင်တဲ့ တောင်ကြီးတစ်တောင်ဟာ နောက်မကြာခင်
ဒေသခံမြေပေါ်ကနေပျောက်သွားမယ်ဆိုပါစို့ ၊ သေချာပါတယ်
အဲဒီဒေသခံပြည်သူတွေရဲ့ ဘဝတွေလည်း များမကြာမီမှာ
အဲဒီဒေသကနေပျောက်သွားကြမှာပါပဲ။
မျက်စေ့တစ်ဆုံးမကြည့်နဲ့ ဆိုတာ ဒါကိုပြောတာပါ။
သဘာဝတရားကြီးဟာ တက်နိုင်သလောက်ထိမ်းထားနိုင်ပါမှ
နောင်လာမည့် လူသားမျိုးဆက်တွေအတွက် သက်တည်နိုင်မှာ
မဟုတ်လား  . .
ကျွန်တော် ကုသိုလ်စိတ်နဲ့ပြောမိတာပါ  ..
သဘောကြတယ်ဆိုရင် အများသိအောင်ဝေငှလိုက်ပေါ့
ဓာတ်ပုံ ၊ Google လက်ပတောင်းတောင်သတင်းမှ
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...