Saturday 4 July 2015

မိသားစုသို့ . .ပေးစာ




ငါ့မှာ အနှောင်အဖွဲ့မရှိတော့ဘူး ၊ သံယောဇဉ်မထားတက်တော့ဘူး။
အားလုံး မသာတွေချည်းပဲ ။ နင်တို့ သံဝေဃရဖို့ကောင်းပြီ။
တရားအားထုတ်တယ်ဆိုတာ ဒီလိုသံဝေဃဉာဏ်မရှိရင် မရဘူးမှတ်ပါ။
ငါ စာရေးတယ် ၊ ပန်းချီဆွဲနေတယ်။ ဓာတ်ပုံရိုက်တယ်။ အားလုံးကို
ဓမ္မအမြင် ဓမ္မအတွေး ဓမ္မအသိနဲ့ပဲ  ငါလုပ်တယ်။
သေရင် ဘယ်သူကမှ လက်လှမ်းမယူနိုင်ဘူး။ ဒီအသိမျိုးကို လူတွေ
သိနေတယ်ဆိုပေမယ့်ဒါကို ကျင့်သုံးတဲ့ဓလေ့မရှိကြဘူး။ အဖေသေရင်
ငိုကြပြီ  . . အမေသေရင် ငိုကြပြီ  ..  ငိုဖို့ပဲတက်ကြတယ်။ ဒီမျက်ရည်
အတွက် ကုစားဖို့နည်းကိုတော့ မသိကြဘူး။
ဒီအတွက် လွတ်မြောက်မှုနဲ့ဝေးနေကြတယ်။
တရားဟောတဲ့သူ ဖြစ်စေ နာယူသူဖြစ်စေ ဒီအသိတစ်လုံးကိုမရဘူးဆိုရင်
ထိုနှစ်စလုံးအတွက် အချည်းအနှီးပဲ။ ကိုယ်တွင်းအဇ္ဈတ္တမှာ ဓမ္မကိုမမြင်ဘဲ
အပြင်ပန်းသရုပ်သဏ္ဍာန်မှာ ဓမ္မအရောင်ဆိုးထားရုံနဲ့ ထိုသူအတွက် မရဏ
စာမေးပွဲမှာ အရှုံးကြီးအရှုံးလို့ အဆုံးကြီးဆုံးပြီမှတ်။
ငါ စာမေးပွဲတွေအကြိမ်ပေါင်းများစွာဖြေခဲ့ရတယ်။ ပြန်သုံးသပ်တိုင်း မရဏ
စာမေးပွဲနဲ့ ယှဉ်ထိုးကြည့်တယ်။ ဒီအခါ မရဏစာမေးပွဲက အလွန်မတန်
ကြောက်စရာကောင်းတယ်ဆိုတာကို သတိထားမိတယ်။ ငါ့အရှေ့က
ဖြေဆိုသွားခဲ့ကြတဲ့ အဖေ (ဦးလှစံ) အမ (မချိုချိုပြုံး) သူတို့အောင်သလား?
ကျသလား? ငါ မသိရဘူး ။ သူတို့ကတော့သိလိုက်တာပေါ့။ သို့သော်လည်း
ပဲ ကျတယ်၊အောင်တယ်ဆိုတဲ့ အဖြေကို ငါတို့အားမပြောပြနိုင်ရှာခဲ့ဘူး။
ထိုမျှလောက် ကြောက်မက်ဖွယ်ရာကောင်းလှပါသောသေဘေးကြီးခေါ်
မရဏစာမေးပွဲအတွက် ငါ ပြင်ဆင်နေရတယ်။
ကိုယ့်ကိုယ်ကို သဘာဝတရားစာတွေ ရထားတယ်လို့ ထင်နေငြားသော်လည်း
တကယ်တန်း စူးစူးစိုက်စိုက်ကြည့်မိတော့ ရင်ထိတ်စရာဖြစ်နေတယ်။
ကိုယ်နှစ်ပေါင်းများစွာ လုပ်လေ့လုပ်ထရှိခဲ့သော အကုသိုလ်နဲ့ကုသိုလ်တို့ရဲ့
အားပြိုင်မှုဟာ ငါ့အတွက် စိုးရိမ်ရေမှတ်ကိုရောက်နေတယ်။
ရံခါမှာကုသိုလ်ကနိုင်သည်ဟု ထင်နေတယ် ။ တစ်ခါ အကုသိုလ်ကနိုင်နေ
ပါကောလား ဟု ထင်ပြန်သည်။ ထိုအခါ ကိုလားရောက်ရမည့် ငရဲနိမိတ်
တွေက ကိုယ့်ကို အရှင်လတ်လတ် ပူလောင်စေသည်။
ဒ့ါကြောင့် ငါဟာ . . . .
အကုသိုလ်ကို တစ်ဆုတ်တစ်ခဲမျှ မလုပ်မိရန်ကြိုးစားနေရတယ်။
ကုသိုလ်ကို အထုတ်အထဲမျှ ထည့်ယူနိုင်ရန်အားထုတ်နေရတယ်။
အမေရယ် အဖေရယ် ဘာရယ် ညာရယ်ဆိုတာထက်  . .. .
ဒီမရဏစာမေးပွဲအတွက် ငါ စာကျက်ဖို့သာ စိတ်စောနေတယ်။
မရဏစာမေးပွဲကို ဖြေဆိုပြီးသွားတဲ့ နင့်အဖေ ဦးလှစံ စာမေးပွဲမဖြေ
ခင်သုံးရက်လောက်မှာ ငါ မေးခွန်းအဖြေတွေကို ပြောပြခဲ့သေးတယ်။
သူတော့ မှတ်သွားသည် မသွားသည်ကို ငါ အတိအကျမသိခဲ့ရဘူး။
ထင်တာကတော့ သူမှတ်သွားတယ်လို့ ကျိန်းသေထင်မိပါတယ်။
ဒါ့ကြောင့်  . . ငါဖြေရမယ့်အလှည့်မှာ အထစ်အငေါ့မရှိဖြေနိုင်ဖို့ ငါစာ
နေတယ်။ ပန်းချီဆွဲရင်း  ..  ကဗျာရေးရင်း  . .ဆောင်းပါးတွေရေးရင်း
ငါ စာကျက်နိုင်ခဲ့ပါတယ်။
သေချာသလောက်တော့ရှိပါပြီ။
ဒါ့ကြောင့် မိုးမိုးဆွေရေ  .. . နင်ပြောသလို ငါအိမ်မပြန်နိုင်ဘူး  . .
သိပ့်နီးကပ်နေတဲ့ မရဏစာမေးပွဲမှာ နင်တို့တွေ မကျရှုံးစေချင်ဘူး။
အမေဆိုတာ ချစ်နေရုံသက်သက်နဲ့မပြီးဘူး။ အဖေဆိုတာလည်း ချစ်
နေရုံသက်သက်နဲ့မပြီးဘူး။ သူတို့တွေ မရဏစာမေးပွဲမှာ ကောင်း
ကောင်းမွန်မွန်ဖြေနိုင်ဖို့ သားသမီးတွေမှာတာဝန်ရှိတယ်။
ဒါ့ကြောင့် သံယောဇဉ်လောင်မီးတွေ အပြီးသတ်ငြိမ်းစေဖို့ နင့်အမေကို
တရားဟောလေလော့  . .. ။
အဖန်ဖန်အထပ်ထပ် အိုနာသေကဇာတ်မှာ . . .
မျက်ရည်စက်လက်နဲ့ တို့ . . .  မသုတ်ချင်ဘူး။
သေမင်းကို မျက်နှာတင်းတင်းနဲ့ ကြည့်နိုင်ဖို့ သံဝေဃပွားရလိမ့်မယ်။
ကျက်စာနဲ့ စာမေးပွဲဟာ အောင်နိုင်ပေမယ့် ။ မရဏစာမေးပွဲက ကျက်
စာနဲ့မရဘူးဆိုတာ နင်တို့သိဖို့လိုတယ်။ ဒီအကြောင်းတွေကို Facebook
နဲ့ Blog တွေမှာ ငါအမြဲရေးပါတယ်။
စာမနှံ့တဲ့သူတွေက ပိဋကတ်သုံးပုံကိုအာဂုံဆောင်နိုင်မှ ဟန်ကျတယ်လို့
ထင်ကြတယ်။ သင်္ကန်းကြီးဝတ်နိုင်မှ ပိုင်လှပြီလို့ထင်ကြတယ်။
မှားပြီ။ ဒီလိုအထင်တွေ အမြင်တွေဟာ ပြီးပြည့်စုံသောအသိအမြင်မဟုတ်
ဘူးဆိုတာမှတ်ပါ။
နင်တို့သိတဲ့ အများသိတဲ့ ̏ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ ˝ ဆိုတဲ့ဘုရားဟောကို
ကြက်တူရွေးတစ်ကောင်ကိုသင်ပေးထားရင်တောင် လွယ်ကူစွာရပါတယ်။
သို့သော် ထိုကြက်တူရွေးဟာ အနိစ္စဒုက္ခအနတ္တရဲ့ အဓိပ္ပါယ်အနက်ကိုထိုး
ထွင်းပြီးမသိနိုင်ပါဘူး။
ထိုနည်းတူစွာ ပိဋကတ်သုံးပုံကို အာဂုံသိနေပါသော်လည်း အဓိပ္ပါယ်အနက်
ကိုထိုးထွင်းသိမြင်ပြီးသကာလ ကျင့်သုံးဆောက်တည်နိုင်မှသာလျှင် ယင်း
သိမြင်ခြင်း အကျိုးကိုခံစားနိုင်မှာဖြစ်ပါတယ်။
သို့ပါသောကြောင့်  ..  ငါသည် ရခဲ့သောလူဖြစ်ခိုက်မှာ ယင်းအနိစ္စတရားတို့
အား ထိုးထွင်းသိမြင်နိုင်တဲ့ အတွေး Thinking တွေကို တွေးနိုင်သိနိုင်မြင်
နိုင်ဖို့ကိုသာ ငါစဉ်းစားနေတယ်။
ပိုက်ဆံရဖို့ မရဖို့ကို ငါလုံးဝမျက်ကွယ်ပြုတယ်။ မြန်မာနိုင်ငံရဲ့ ထင်ပေါ်
ကျော်ကြားသူများရဲ့သမိုင်းတွေကိုလေ့လာသုံးသပ်ကြည့်သောအခါမှာ
ပိုက်ဆံသည် အဓိကမထားကြောင်းငါသတိထားမိတယ်။ ဒါကို ငါငယ်
စဉ်ကတည်းက ကျင့်သုံးခဲ့တယ်။
အဖေက ငါ့ကို ဘာဏ်စာအုပ်လုပ်ဖို့ အမြဲပြောတယ် ။ ငါ အဖေအဲလိုပြော
တိုင်း စိတ်ထဲက ပြုံးနေမိပါတယ်။ အဖေသာဒါကိုသိရင် ဘယ်လိုခံစား
မိမယ်ဆိုတာတော့ ငါလည်းမသိဘူး။ အဖေက ငါ့အတွက်ပိုက်ဆံအရေး
ကြီးတယ်လို့ မြင်နေတယ်။ ငါကတော့ ငါ့အတွက် အသိဉာဏ်ကအရေး
ကြီးတယ်လို့ နှလုံးသွင်းခဲ့တယ်။
ဒါ့ကြောင့် ငါအိမ်မှာနေစဉ် အဖေခိုင်းတဲ့ ဘာဏ်စာအုပ်မလုပ်ဖြစ်ခဲ့ဘူး။
သို့သော် ငါအဖေသေပြီးတဲ့နောက်ပိုင်း သူဌေးသူကြွယ်တွေသားသုံးနိုင်
တဲ့ မြန်မာငွေသိန်း (25)သိန်းတန် ကွန်ပျူတာ၊ မြန်မာငွေ သိန်းသုံးဆယ်
တန် (Gsm) တို့ကို ငါရန်ကုန်မှာ သုံးနိုင်ခဲ့တယ်။
ငါလိုချင်တဲ့ အသိဉာဏ်တွေက ငါ့ကို နောက်ဆုံးပေါ် ပစ္စည်းတွေအဖြစ်
ပုံဖေါ်ပေးနိုင်ခဲ့တယ်။ သူများတွေ စာရွက်ကြမ်းပေါ်မှာ ဘော့်ပင်နဲ့စာမူ
ရေးကာ စာအုပ်တိုက်ကိုပို့နေချိန်မှာ ငါဟာ နောက်ဆုံးပေါ်ကွန်ပျူတာ
နဲ့ရေးပြီး gmail ကနေပို့နိုင်ခဲ့တယ်။
အယ်ဒီတာတွေကတောင် သြချခဲ့ရသော ငါ့ရဲ့အတွေးဉာဏ် အရေးဉာဏ်
အသိဉာဏ်သည် အဖေ့ ဘာဏ်စာအုပ်ထက်သာလွန်းကြောင်း ငါ ထိုစဉ်
ကတည်းကသိလို့ အဖေပြောတိုင်း ရယ်ခဲ့ရတယ်။
အဖေရေ  . ..  ခင်ဗျားလုပ်ခိုင်းတဲ့ ဘာဏ်စာအုပ်ဟာ ကျုပ်လိုချင်တဲ့
အသိဉာဏ်လောက် တန်ဘိုးမကြီးဘူးဆိုတာ ခင်ဗျားရှိတဲ့ဘုံဘဝကနေ
ကြားပါစေဟု  . .. . ။
သို့ပါ၍  . ..
မိုးမိုးဆွေရေ . . . .
ဘဝဆိုတာ အတုံးအခဲကြီးမဟုတ်ဘူး  . . .
ဘဝဆိုတာ အရေခပ်ပြစ်ပြစ်ကြီးလည်းမဟုတ်ပြန်ဘူး  .. .
ဘဝဆိုတာ  . ..
ဖြစ်လိုက် ပျက်လိုက်  ၊ ပေါ်လိုက် မြုတ်လိုက် ၊
ဧရာမြစ်နဒီရဲ့ ရင်လွှာပေါ်က ဗေဒါပင်တွေလိုပါပဲ . . ။

ရေအလာ  . . . လေအလိုက်  . .
မြောလိုရာကို မမြောနိုင်ခဲ့ပါဘူး။

ရေအဆန်  . . လေအထန် မှာလည်း  . ..
ဆန်လိုရာ အထန်နိုင်ခဲ့ပြန်ပါဘူး ။

အိုနာသေပြုတ်  လက်လုပ်တဲ့ခန္ဓာအိမ်တစ်လုံးလို
လေလာတော့လည်း  .. လွင့် ။
ရေလာတော့လည်း  . .မြော ။
မီးလာတော့လည်း . . .မြို့က်။
အို  . .. မိုးမိုးဆွေရေ . .
ဒီတရားအသိ နင်တို့တွေ မသိနိုင်ခဲ့ရင်   ..
လူဖြစ်ရှုံးကြပြီပေါ့  .. . ။

ဒေါ်လာ 11 Billion ကို ငါမက်မောဘူး . . ။
အိုနာသေ မရဏပွဲမှာ အဲဒီ ငွေဒေါ်လာတွေက ငါ့ဘဝကို
အဆယ်ယူနိုင်ဘူး ။

ငါ ဘွဲတံဆိပ်တွေမရလို့ ဝမ်းမနည်းခဲ့ဘူး ၊ ဘွဲ့တံဆိပ်အတွက်
အကုသိုလ်မလုပ်ဖြစ်တာကိုပဲ ဝမ်းသာနေမိတယ်။ ငါ ငွေသန်းချီ
မချမ်းသာလို့ ဝမ်းမနည်းခဲ့ဘူး။ အဲဒီလိုငွေတွေ ချမ်းသာဖို့ အကုသိုလ်
မလုပ်ဖြစ်တဲ့ ငါ့ဘဝလေးကိုပဲ တစ်လေးတစ်စား ဂုဏ်ယူနေမိတယ်။

အမေ အဖေဆိုတာလည်း  .. ငါ သံယောဇဉ်မထားဘူး။
အိုနာသေ မရဏပွဲမှာ အဲဒီ အမေတွေအဖေတွေက ငါ့ကို
အောင်အောင်မကယ်တင်နိုင်ဘူး။

သို့ပါသောကြောင့်  . ..
ဗုဒ္ဓမြတ်စွာလောင်းလျာဟာ . . . ဘဝပေါင်းများစွာ
အမေအဖေကိုစွန့်ခဲ့သလို ချစ်သူဇနီးတို့ကိုလည်းပဲ စွန့်လွှတ်
တော်မူခဲ့ပါတယ်။

ဗုဒ္ဓလမ်းစဉ်ဟာ . . ..
သိမ်းပိုက်သောလမ်းစဉ်မဟုတ်ပါ  .. . ။
ဗုဒ္ဓလမ်းစဉ်ဟာ . . .
တွယ်တာတပ်မက်သောလမ်းစဉ်မဟုတ်ပါ  ..  ။
ဗုဒ္ဓလမ်းစဉ်ဟာ . ..
အစုန်လမ်းမဟုတ်ပါ  .. ။
ဗုဒ္ဓလမ်းစဉ်သည်ကားလို့ဆိုရင် . . .
လွှတ်ချလိုက်သောလမ်းစဉ် ၊ မသိမ်းပိုက် မစွဲငင်သောလမ်းစဉ်၊
အဆန်တက် မာန်မဘက်တဲ့လမ်းစဉ်ပါ။

ထိုလမ်းစဉ်ကို ငါရှာတွေ့ခဲ့တယ်  . ..
ထိုလမ်းစဉ်ကို ငါလျှောက်လှမ်းခဲ့သည်မှာ ခရီးအတော်အတန်ပင်
ကြာခဲ့ပြီ။
ရပ်ရင်း သွား ၊ သွားရင်းနားခဲ့သည်မှာ အသက် (42) နှစ်တာသို့တိုင်
ခဲ့လေသည်။  ထိုခရီးတစ်လျှောက်ဝယ် ငါ့အမ မချိုချိုပြုံးသည် ထိုလမ်း
ပေါ်က ဖဲခွာသွားခဲ့သလို အဖေဦးလှစံသည်လည်း ထိုနည်းတူ။
တစ်နေ့ ကျန်ရစ်တဲ့ အမေသည်လည်း သည်လမ်းမထက်က ဖဲခွာရ
ပေဦးတော့မည်။
ဒါတွေကို ငါသိတယ် ၊ သတိကပ်နေတယ်၊ ငါအလုပ်တွေတိုင်းမှာ ဒီ
အသိက လွှမ်းမိုးနေတယ် ၊ စိုးမိုးနေတယ်၊ ဒါ့ကြောင့် ငါလုပ်မျှတွေ
မှာ ငါလုပ်သည်ဟု မထင်ခဲ့။
ငါ့ အခု လက်ရှိ  . .
ပန်းချီဆွဲတယ် ၊ အခုလို ကဗျာရေးစာရေးတယ် ၊ DSLR ကင်မရာနဲ့
မကန်းသေးတဲ့ ငါ့မျက်လုံးကို အသုံးချနေတယ်။ ကင်မရာနဲ့ရိုက်တိုင်း
ပန်ချီတွေဆွဲတိုင်း ကဗျာတွေရေးတိုင်း ငါ့ကို ဓမ္မလှိုင်းတွေက မထိက
လုပ် ထိကလုပ်  .. . ။
ဒါ့ကြောင့် ငါငွေရှာတဲ့အလုပ်ပေါ်မှာ မသာယာတော့ဘူး။ ငါငွေကိုသုံး
ပါတယ်။ ဖြုံးနေပါတယ်။သို့သော် ငါငွေကို ကြောက်နေတယ်။ ငွေက
ငါတို့ကို အနိုင်ယူနေတယ်လေ  . .။
ဒီငွေနဲ့ငါ ကင်းအောင်နေနေရတယ်။  သူမရှိပြန်တော့လည်းငါ့မှာ
တောင့်တရပြန်တယ်။ ဒီတော့ ငွေနဲ့ ငါ ၊ ငါနဲ့ငွေဟာ ဝင်လေနဲ့ထွက်
လေလိုပါပဲ။
ငွေမရှိတဲ့အခါ ပုဗ္ဗေစကတစက် အားနည်းခဲ့သော ငါ့ကိုယ်ငါ ထုထောင်း
နေမိပါတယ်။ နင်ရမှာပါ မင်္ဂလာသုတ်ကဗျာလေး လေ  ..
 ̏ ရှေးကတင်ကြို ပြုခဲ့ဖူးတဲ့ ကောင်းမှုအထူးရှိပါစေ ˝
 ဟုတ်တယ် ၊ အတိက်ရှေးက ကုသိုလ်ဒါနမရှိခဲ့ရင် ဘဝမှာ ငွေဓနတို့
ပြတ်ဆဲနေတက်တယ်။
လက်ထဲငွေပျက်တဲ့အခါ ဒီလိုပဲ ငါ နှလုံးသွင်းဆင်ခြင်နေရတယ်။
နတ်တွေကတော့အကူအညီပေးကြပါတယ်။
DSLR ကင်မရာလိုချင်တော့ နှစ်လုံးပေးလို့ထိုးလိုက်တာ ရှစ်သိန်းလောက်
ရလိုက်တယ်။ ကင်မရက 15သိန်းလောက်ပေးရတယ်လေ။
ငါ နတ်တွေကို ဒေါသထွက်သွားတယ်။ ငါလိုချင်တာက သိန်းခုနှစ်ဆယ်
လောက်တန်တဲ့  5D mark 3 လေ။ ရလိုက်တာက 700 D ။
အင်း ၊ ပုဗ္ဗေစစက်ကနည်းခဲ့တာကိုး ၊ ခရိုနီတွေဆိုရင် သိန်းခုနှစ်ဆယ်ဆို
တာ သူတို့ဖိနစ်တစ်ရံဖိုးပဲရှိတယ်လေ . . ။
ကဲ  .. ကဲ  .. ထားပါတော့။
ဒီတော့က လူ့ဘဝမှာ အခုပြောမိတာတွေက ပဓာနမဟုတ် ပကာသန
တွေပါ။ ဒါ့ကြောင့် အဖေအမေ သမီးရယ်သား ဒီလိုသံယောဇဉ်များကို
အနားသတ်။ ဖြစ်ပျက်မှတ်ကာ စား   .. ။ ဖြစ်ပျက်မှတ်ကာ သွား  . .။
ဖြစ်ပျက် မှတ်ခါ  .. အိပ် ။  ဒီလိုသတိချပ် အသိကပ်ရင် မကြာမတင်
ငါတို့ရင်ဆိုင်ရမည့်  မရဏစာမေးပွဲမှာ ဘဝစုံဂုဏ်ထူးထွက် ၊ ပြုံးရင်း
မတပ်နဲ့ သေလိုက်နိုင်ပါသတည်း  . .. ။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...