Tuesday 28 July 2015

DESIRE is AUTONOMY



အိုမင်းမှုဇရာက တရားချလာပြန်တော့ ကျွန်တော်ဟာ ရက်စက်
ကြမ်းကြုတ်မှုတွေကို ရွံမုန်းလာခဲ့ပါတယ်။
ကျွန်တော့ကြောင့် သေရာပါဒဏ်ရာတွေကို ဘယ်သူ့ကိုမှ မပေးချင်
တော့ပါဘူး။
ကမ္ဘာကြီးဟာ ကျွန်တော်ဖြတ်သန်းခဲ့သော ဆယ်စုနှစ်လေးခုအတွင်း
မှာ အကြီးအကျယ် ပြောင်းလဲလာခဲ့တယ်ဆိုတာကိုသိတိထားမိပါ
တယ်။
ဒီအထဲမှာ အဆိုးဝါးဆုံးကတော့ ရာသီဥတုတွေကြောင့် ကမ္ဘာ့နိုင်ငံ
အသီးအသီးမှ သက်ရှိများ မြောက်များစွာသေဆုံးကြခြင်းပါပဲ။ ထိုအ
ထဲတွင် အဆိုးဝါးဆုံးသတ်ဖြတ်မှုတွေကတော့ မွတ်ဆလင်ဝါဒ၏အ
စွန်းရောက်ဘာသာရေးသမားများဟုခေါ်ကြသော ( Is Is )အဖွဲ့
တို့ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာရှင်စနစ်ဆိုးကြောင့် အပြစ်မဲ့သော လူသားတို့
သွေးမြေကျခဲ့သည်ကလည်း ရင်နာဖွယ်ရာဖြစ်ပါတယ်။ အာဏာရှင်
တို့သည် တစ်လွဲဆံပင်ကောင်းကာ ပြ့ည်သူများပိုင်ဆိုင်ကြသော
မြေပေါ်မြေအောက်သံယံဇာတများအား သူခိုးဈေးဖြင့်အခြားသော
နိုင်ငံများကိုရောင်းစားကြပါတယ်။
အခုရက်အတွင်းတွင် အွန်လိုင်းပေါ်တွင် ဒေါ်လာဘီလျှံနာပေါင်းများ
စွာချမ်းသာသော အရာရှိကြီးတစ်ယောက်သေဆုံးသည့်သတင်းကို
တွေ့ရသည်။ ကဲ  ..  ထိုအရာရှိကြီးသည် သူအဓမ္မရှာဖွေခဲ့သော
ဒေါ်လာဘီလျှံနာပေါင်းများစွာကို ယူသွားလို့ရပါသလော  . .။
ဒါကို ကျွန်တော်တို့ သတိထားသင့်သည် ။ ဒါကို သတိမူ၍  ကျွန်
တော်တို့၏ ကိုယ်ပိုင်လောဘများကို ထိမ်းကြောင်းသင့်သည်။
ထိုသို့ အာဏာရှင်များသည် မထိမ်းကြောင်းသတိမမူခဲ့သောကြောင့်
ထိုနိုင်ငံတွင်းရှိလူငယ်များ၏ အနာဂါတ်ကာလအတွက်လည်း
ကောင်း ကမ္ဘာကြီး၏အနာဂါတ်ကျန်းမာရေးအတွက်လည်းကောင်း
ဆိုးဝါးသော ဥတုဖေါက်ပြန်မှုသည် သက်ရှိတို့အား ရက်စက်စွာ
သတ်ဖြတ်ခဲ့သည်မဟုတ်ပါလော  . .. ။
ထို့ကြောင့် ကျွန်တော်တို့၏ ပစ္စုပ္ပန်သည် အတ္တမလွန်သင့်ပေ။ ကိုယ်
ကျိုးစီးပွားအတွက် သက်ရှိအများတို့အား ငဲ့ညှာသင့်သည်။ ထို့သို့
စိတ်ထားသည် ဘုရားမဲ့ဘာသာမဲ့ပင်ဖြစ်လင့်ကစား သူတော်ကောင်း
တို့၏ သဘောထားပင်ဖြစ်သည်ဟု ကျွန်တော်ပြောသည်ကို အဘယ်
သူသည်ငြင်းဆန်ဝံ့ပါသနည်း။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...