Friday 23 January 2015

အပ္ပမာဒ (၇)



နောက်ဆုံးထွက်သက်မှာ
ငါ သံဗုဒ္ဓေရွတ်နိုင်ပါ့မလား။

အကုသိုလ်တွေ
ကတ္တရာလမ်းမထက်က ချိုင့်ခွက်တွေလို
ဖို့ပြင်သူမရှိရင် လမ်းပျက်/ ဘ၀ပျက်။

စနစ်ဆိုးတစ်စုံတစ်ရာအောက်က
ငါတို့ဘ၀ဟာ
ခ၀ါအိုသည်ကြီးဝတ်တဲ့ အ၀တ်စုံလိုပါပဲလား။

ဖောင်စီးတာတောင်
ရေငတ်တယ်  . .တဲ့။

ဓာတ်တိုင်အောက်မှာမီးမလင်းတဲ့
ငါ့တို့မြန်မာပြည်မှာ
ဒိုးကြီးဆိုတဲ့ကောင်ဟာ အပေ အတေပေါ့။

ခပ်မိုက်မိုက်လုပ်ဖို့အတွက်
ဒိုးကြီးမှာသေနပ်မရှိဘူးလေ။

တောင်းစားရအောင်ကလည်း
ညနေစာတစ်ထပ်တောင် ပျောက်နေတယ်။

ငါညကပြင်ထားတဲ့
Computer Hardware တစ်ချပ်ကို
မိန်းမပျိုစစ်စစ်တစ်ယောက်ကထုခြေသွားတယ်တဲ့။

လုပ်စမ်းပါစေ . . . .
Memory တွေချောင်နေတဲ့မင်းဘ၀ဟာ
processor တွေမောင်းနှင်ပေးနေလည်းအကားပဲ။

မင်းပြန်မလာနဲ့  . . .
ဖုန်းလည်းမဆက်ပါတော့နဲ့  . . .။

လက်လုပ်လက်စား
ကွန်ပျူတာ ပြုပြင်ေ၇းသမားတစ်ယောက်ဟာ
မင်းထင်ထားသလောက်တော့ မပျော့ညံ့ပါဘူး။

နံက်တိုင်းငါဖျော်သောက်တဲ့ ကော်ဖီမှာ
ချိုတယ်  ..
ခါးတယ်  ..
စိမ့်သက်သက်ရယ်  .. . .။

ရင်ဘတ်ခြင်းပွတ်သပ်ခဲ့တဲ့ မင်းမှာ
ပူလောင်တယ် . . .
ထစ်ငေါ့တယ်  .. .
တွန့်လိမ်နေတယ်  . . ..။

တော်ပြီလေ
ဒီလောက်ဆို မင်းအာသာဆန္ဒက ကြက်ယက်တဲ့ဖုန်သဲတွေလိုပါပဲ။

ငါတစ်ယောက်တည်းနေမှာပေါ့
ငါတစ်ကိုင်းတည်းနားမှာပေါ့
ငါတပင်တည်းတွယ်ကပ်မှာပေါ့

အခုတော့  ..  . အခုတော့
ငါဟာ
ဟိုအပင်ကို ခုန်ကူးခွင့်မရတဲ့ မျောက်ကြီးတစ်ကောင်လို။

ဝုန်းကနဲ   ..  ဗြုန်းကနဲ  . ..
ငါ့အသည်းတွေ အခြမ်းခြမ်းကွဲခဲ့ပြီ။
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
အားလုံးမင်္ဂလာပါ
ဒိုးကြီး













No comments:

Related Posts Plugin for WordPress, Blogger...