Friday 23 January 2015

Long Exposure ဘယ်လိုရိုက်မလဲ…?

ဒီနေ့ ကျွန်တော် Long Exposure အကြောင်းလေး နဲနဲရှင်းပြချင်ပါတယ်…။ Long Exposure ဆိုတာ နေ့ခင်းဘက်မှာဆိုရင်…။ ဓာတ်ပုံကို ကြည့်လိုက်ရင် တိမ်တွေတွေ့နေသလိုမျိုး…။ ဒါမှမဟုတ် ရေပြင်ကို ရိုက်ထားတယ်ဆိုရင်…။ လှိုင်းကြတ်ခွတ်တွေ မရှိတော့ပဲ…။ ရေမျက်နှာ ပြင်တစ်ခု လုံးက Smooth ဖြစ်သွားတာမျိုး…။ ညဘက်ရိုက်ရင်…။ ကားမီးတန်းတွေ ဖြစ်သွား တာမျိုးကို ပြောတာပါ…။
ကျွန်တော့် ပို့စ်ကို ဖတ်တဲ့မိတ်ဆွေတွေထဲမှာ ဓာတ်ပုံပညာကို တီးမိ ခေါက်မိ ရှိထားပြီးသူ များ..။ ကျွမ်းကျင်ပြီးသား သူများရှိသလို…။ ဓာတ်ပုံပညာကို အခုမှစပြီး အခြေခံက စလေ့လာ တဲ့ ညီအစ်ကိုတွေလည်း ပါတာကြောင့်…။ တစ်ချို့ အကြောင်းအရာတွေဟာ သိပြီးသား သူတွေအတွက်တော့ ပျင်းစရာကောင်းရင် ကောင်းပါလိ့မယ်…။
အိုကေ..။ ကျွန်တော်တို့ Long Exposure ဘယ်လိုရိုက်မလဲ ဆိုတာမပြောခင်…။ Long Exposure ရိုက်ဖို့အတွက် မဖြစ်မနေရှိရမယ့် Gear နဲနဲပါးပါးကို အရင်ပြောပြချင်ပါတယ်..။
(၁) Tripod – မဖြစ်မနေကို ရှိရပါမယ်..။ Long Exposure လို့ ပြောလိုက်တာနဲ့  Tripod မရှိရင် ရိုက်ဖို့မစဉ်းစားပါနဲ့…။ တစ်ခုတော့ရှိပါတယ်..။ မဖြစ် ဖြစ်တဲ့နည်းနဲ့  အနီးအနားမှာရှိတဲ့ Camera တင်ထားလို့ရနိုင်တဲ့ နေရာမျိုးရှိရင်သော်လည်းကောင်း…။ မြေပြင်ပေါ်မှာ ချပြီးတော့ သော်လည်းကောင်း ရိုက်လို့တော့ ရနိုင်ပါတယ်..။ ဒါပေမယ့် အဲ့လိုမျိုး ကိုယ်အဆင်ပြေတဲ့ နေရာမှာ ထားရပြီ ဆိုကတည်းက ဘယ်လိုမှ ကိုယ်လိုချင်တဲ့ Angle ကိုရတော့မှာမဟုတ်ပါ ဘူး…။
နောက်တစ်ချက်က ကျွန်တော်ပြောသလို မြေကြီးပေါ်ထားဖို့ဆိုတာကလည်း တော်တော် များများက Camera အသစ်လေး ဝယ်ကာစဆိုတော့ ဘယ်သူက မြေကြီးတွေ ခဲလုံးတွေပေါ် ချရက်မှာလဲ…? (ကျွန်တော်ကတော့ ချတယ်ဗျ…။ သစ်ကိုင်းကြားထဲတောင် ညှပ်ပြီးရိုက် တယ်..။  ) ဒီလောက်ဆို ဘာကြောင့် Tripod မရှိမဖြစ်လိုလဲဆိုတာ လုံလောက်ပါပြီ..။
(၂) Natural Density Filter (ND Filter) – ND Filter ဆိုတာ လက်ရှိ အပြင်မှာရှိနေတဲ့ အလင်းရောင်ကို လျော့ချပေးတာပါ…။ အလွယ်ပြောရရင်မှောင်ပေးလိုက်တာပေါ့…။ ဒါပေမယ့် သူက ပြီးပြီးရော မှောင်ပေးတာမျိုးမဟုတ်ပါဘူး..။ Filter ထုတ်တဲ့သူတွေက သူတို့ ချပေးမယ့် အမှောင်ကို F-Stop နဲ့ တစ်ခါထဲ တွက်ပြီးချပေးထားတာဖြစ်ပါတယ်..။ ကျွန်တော်တို့ ကြား ကြားဖူးနေတဲ့ ND 8 Filter ဆိုတာ 3 Stop Down ထားတဲ့ Filter (Aperture အကြောင်း ကျွန်တော် သီးသန့်ရေးပေးပါ့မယ်…။) တစ်ချို့ကတော့ ND 8 Filter တွေကို 3 Stop Filter လို့ ခေါ်ကြပါတယ်..။
ND Filter ဟာ နေ့ခင်းဘက် တိမ်တွေသွားနေသလိုမျိုး ရိုက်ချင်သူများနဲ့  ရေမျက်နှာပြင်ကို Smooth ဖြစ်သွားအောင် ရိုက်ချင်သူများအတွက် မဖြစ်မနေ ရှိရမယ့် Gear ပဲ ဖြစ်ပါတယ်…။ ညဘက် ကားတွေသွားနေတာကို မီးအလင်းတန်းတွေ ဖြစ်သွားအောင် ရိုက်ချင်သူများအတွက် ND Filter မလိုအပ်ပါဘူး…။ (သုံးလည်းရပါတယ်..။)
ဘာကြောင့် ND Filter လိုတာလဲ ဆိုတာကို ကျွန်တော် နဲနဲ ထပ်ပြီးရှင်းပြချင်ပါတယ်..။ အလွယ်ဆုံး နားလည်အောင် ပြောရမယ်ဆိုရင်
ဥပမာ – စမ်းချောင်းလေး တစ်ခုစီးနေတာကို Smooth လေး ဖြစ်သွားအောင် ရိုက်ချင်တယ်..။ ဒါမှမဟုတ် ရေတံခွန်က ရေတွေကြနေတာကို Smooth ဖြစ်သွားအောင် ရိုက်ချင်တယ်ဆိုပါဆို့ဗျာ…။ ရေတံခွန်ရဲ့ အလှ..။ စမ်းချောင်တွေရဲ့  အလှပေါ်အောင် ရိုက်ရမှာ ဖြစ်တဲ့အတွက်..။ ဘယ်သူမှ ညဘက် မှောင်မဲနေတဲ့ အချိန်ကြီး မရိုက်ကြပါဘူး..။ ဒီတော့ နေ့ဘက် ရိုက်ရတယ်ဗျာ..။ နေ့ဘက်ရိုက်တော့ နေရဲ့ အလင်းရောင် က တော်တော်များများရှိနေတယ်…။ ဒီလို Smooth ဖြစ်အောင် Long Exposure ရိုက်ရတဲ့ Photography ရဲ့ အသက်က Slow Shutter Speed ပါ…။ အဆင်ပြေပြေ Long Exposure ပုံ တစ်ပုံရဖို့က အနဲဆုံး 5 Seconds ကနေ 30 seconds ကြားမှာ Shutter Speed ကို မဖြစ်မနေ ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်..။
စောစောက ကျွန်တော်ပြောသလို နေ့ခင်းဘက်ရိုက်တဲ့အခါမှာ 5 second, 30 second မပြောနဲ့  Aperture ကို f/22, f/32 လောက်အထိ Down, ISO ကို 100 လောက်အထိထား တာတောင် 1 second ရဖို့မလွယ်ပါဘူး..။ စောစောက ကျွန်တော်ပြောသလို f/32 တို့ f/22 တို့လောက်အထိ Down ပြန်ရင်လည်း Diffraction တွေက ဝင်လာတဲ့အတွက် Sharp & Clear ဖြစ်တဲ့ပုံရတော့မှာ မဟုတ်ပါဘူး..။
ဒီလို အခြေအနေဆိုးတွေက ကျော်ဖြတ်နိုင်ဖို့အတွက် ကျွန်တော်တို့က ND Filter လိုမျိုး အလင်းကိုလျော့ပေးတဲ့ Filter ကို မှန်ဘီလူးထိပ်မှာ တပ်ပြီးရိုက်ရတာဖြစ်ပါတယ်..။ (ND Filter တော်တော်များများက Screw In တွေပါ..) အဲ့လိုတပ် လိုက်တော့မှ Camera Metering က..။ သြော…။ အပြင်မှာ မှောင်နေပြီ..။ ငါ Shutter Speed ကို နှေးပေးမှ ရတော့မယ်ဆိုပြီး Shutter Speed ကို နှေးပေးလိုက်ပါတယ်..။ အဲ့ဒီ့အခါမှာတော့ ကျွန်တော်တို့ဟာ နေ့ခင်းကြောင်တောင်ကြီးမှာ f/11, f/16 ISO 100, 200 လောက်နဲ့  5 or 10 seconds လောက်ရှိတဲ့ Shutter Speed ကိုရပါတော့တယ်..။ အဲ့ဒီ့အခါကျမှ ကျွန်တော် တို့လိုချင်တဲ့ Smooth ဖြစ်နေတဲ့ စမ်းချောင်း၊ ရေပြင်၊ တိမ်တိုက်ပုံတို့ ကို ရရှိပါတော့တယ်..။
ဒီနေရာမှာ နားလည်မှုလွဲမှာစိုးလို့ ကျွန်တော် ထပ်ပြီးသတိပေးချင်တာက..။ ND 8 ဟာ နေ့ခင်းဘက်မှာ ရေးစီးနေတဲ့ ချောင်း..။ ရေတံခွန် တို့လောက်ပဲ အဆင်ပြေပါလိ့မ်မယ်..။ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို နေ့ခင်းကြောင်တောင်ကြီး တိမ်တွေသွားနေတာမျိုးရိုက်ချင် ရင်တော့ အနဲဆုံး ND 400 ကနေ ND 1000 လောက်ရှိတဲ့ Filter လိုအပ်မှာ ဖြစ်ပါတယ်..။ တော်ကြာ ကျွန်တော်ပြောလို့ ND8 ဝယ်လာပြီး တိမ်တွေကိုရိုက်တာ ဘယ်လိုမှ Shutter မ Down လို့ ရိုက်လို့မရပါဘူးဆို..။ ကျွန်တော် မရှိတဲ့ နာမည်ပျက်ပါတယ်…။  
Note -  ကျွန်တော် Filter တွေအကြောင်း သီးသန့်ထပ်ရေးပေးပါ့မယ်..။ အကြမ်းအားဖြင့် UV Filter, ND Filter, Polarizer Filter, Graduated Filter အပြင် Bokeh Effect ထွက်တဲ့ Filter တွေရှိပါတယ်။)
(၃) Cable Release – Tripod လည်းရပြီ..။ ND Filter လည်းရှိပြီဆိုရင် အမှန်က ရိုက်လို့ရ နေပါပြီ..။ ဒီနေရာမှာ ကျွန်တော် တစ်လက်စတည်းဖြစ်သွားအောင် ..။ Experienced Photographers တွေ သုံးတဲ့ Gear တစ်ခုကို တစ်ခါထဲ ထည့်ပြောပေးလိုက်ပါ့မယ်..။ ဒီကောင်ကတော့ Cable Release ပဲ ဖြစ်ပါတယ်..။ ဒီကောင်က ဘာလုပ်တာလဲဆိုတော့…။
DSLR Camera တိုင်းမှာ Slow Shutter Speed ကို အများဆုံး 30 second ပဲ ပေးထားပါတယ်..။ ပိုမပါ ပါဘူး..။ မပါတော့ ဘာဖြစ်လဲ…? လိုမှ မလိုတာဆို အမှားကြီး မှား ပါလိ့မ်မယ်…။
တစ်ကယ်လို့ မိတ်ဆွေက တိမ်တွေရွေ့နေတာကို ရိုက်ချင်တယ်…။ ND Filter လည်းခံထား တယ်..။ ခက်တာက လေကငြိမ်နတဲ့အတွက် 30 second လောက်နဲ့ ရိုက်တာ တောင် ထူးခြားမှုကမရှိဘူး…။ 30 second ထက် ပိုရိုက်မှ ဥပမာ ၁ မိနစ် ၂ မိနစ် ရိုက်မှ ရွေ့ နေတဲ့ အနေအထားပေါ်တော့မယ်..။ ဒါဆိုရင် ခင်ဗျား Cable Release မဖြစ်မနေ လိုလာပါပြီ..။ 30 second ကျော်ရင် Camera က ပေးမရိုက်တော့ပါ..။ မိတ်ဆွေကလည်း ၁ မိနစ် ၂ မိနစ် အနည်းဆုံးရိုက်ရတော့မယ့် အချိန်ကြရင် မဖြစ်မနေ Camrea မှာ ပါတဲ့ Bulb Mode ကို သုံးရပါတော့တယ်..။
High End Dslr တွေမှာ Bulb Mode ကို Av/A , TV/S , M တို့လိုပဲ Control Dial မှာ B ဆိုတဲ့ အမှတ်အသားလေးနဲ့ ပါပြီးသားပါ…။ High End ထက် နိ့မ်တဲ့ သာမန် DSLR တွေမှာတော့ Shutter Speed ကို 30 second အထိရောက်အောင် လှည့်ပြီး နောက်တစ်ချက် ထပ်လှည့် လိုက်ရင် Bulb Mode ကိုရောက်သွားပါတယ်..။
နောက်ထပ် Shutter Release ကိုအရေးတကြီး လိုအပ်တဲ့နေရာ တစ်ခုရှိပါသေးတယ်..။ မိတ်ဆွေတို့ သိပ်ရိုက်ချင်တဲ့ Star Trail ပဲ  ဖြစ်ပါတယ်..။ Start Trail ပုံကောင်း တစ်ပုံရဖို့  Cable Release ကို အနဲဆုံး ၁ နာရီကြာအောင် Lock လုပ်ပြီး ရိုက်ရပါတယ်..။
ဒီနေရာမှာ Cable Release ဝယ်ရာမှာ မဖြစ်မနေ သတိပြုရမယ့် အချက်တစ်ခုရှိပါတယ်..။ အဲ့ဒါကတော့ Cable Release သို့မဟုတ် Wireless Remote ဝယ်ပြီဆိုရင် Lock လုပ်လို့ ရ တာကို မဖြစ်မနေ ဝယ်ရပါမယ်..။ Lock လုပ်လို့မရတဲ့ Cable Release သို့မဟုတ် Wireless Remote ကို ဝယ်လို့ကတော့ အပိုပါပဲ..။ ပြန်ရောင်းဖို့သာ စဉ်းစားလိုက်ပါတော့…။ ဘာဖြစ်လို့ လဲဆိုတော့ Bulb Mode ရဲ့ သဘောက နှိပ်ထားရမှာပါ…။ ကိုယ်လိုချင်တဲ့အချိန်အတိုင်းအတာ ရောက်မှ လွှတ်ရမှာပါ..။ ၁ နာရီကြာတဲ့ Star Trail လိုဟာမျိုးကို ရိုက်ထားဖို့ မပြောနဲ့..။ 30 second တောင် လက်က တောက်လျှောက်နှိပ်ထားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး..။ အဲ့ဒီ့အတွက် မဖြစ်မနေ Lock ချထားဖို့ လိုအပ်လာပါတယ်..။
Note – Cable Release အမျိုးမျိုးရှိပါတယ်.. တရုတ်ကထုတ်တဲ့ ဈေးသက်သာတဲ့ Cabel Release က စလို့  Cable Release မှာ Display ပါတဲ့ အမျိုးအစားထိ ရှိပါတယ်..။ ကိုယ်နဲ့ သင့်တော်တာဝယ်ပါ..။ Display ပါ ပါတဲ့ဟာကတော့ နောက်ပိုင်း Timelasp လိုဟာမျိုး ရိုက်တဲ့ အချိန်မှာ အသုံးဝင်ပါတယ်..။)
နောက်ဆုံးတစ်ချက်အနေနဲ့  ဘာကြောင့် Cable Release သုံးရသလဲဆိုတော့ Camera Shake မဖြစ်ချင်လို့ပါ..။ Camera ကြီးကို Tripod ပေါ်တင်ပြီးရိုက်တာ လှုပ်ပါ့မလားဆိုရင် လှုပ်ပါတယ်..။ ဘယ်အချိန်မှာ လှုပ်လဲဆိုတော့ Shutter Release Button (ဓာတ်ပုံရိုက်တဲ့ ခလုတ်) ကို.. နှိပ်လိုက်တဲ့အချိန်နဲ့…။ ပြန်လွှတ်လိုက်တဲ့အချိန် ..။ နှစ်ကြိမ်စလုံးမှာ လှုပ်ပါ တယ်..။ မိတ်ဆွေကတော့ အားရပါးရ Long Exposure တွေရိုက်ပြီး မျှော်လင့်လို့ ..။ ပုံထွက်လာတော့မှ ဝါးတားတားဆိုအသဲကွဲပါပြီ..။ ဟာ..။ ငါ Tripod နဲ့ ရိုက်တာ ဘာလို့ လှုပ်ရသလဲဆိုရင် ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့အတိုင်းဖြစ်လို့ လှုပ်တာပါ…။
ဒါပေမယ့် ဒီလိုမလှုပ်အောင်အတွက် သီးသန့်တော့ Cable Release ဝယ်စရာ မလိုပါဘူး..။ ဘာလို့လဲဆိုတော့ Timer Mode နဲ့ ရိုက်နိုင်လို့ပါ..။ ကိုယ်ရိုက်ချင်တဲ့ ရှုခင်း ဒါမှမဟုတ် ပုံကို Focus ဖြတ်..။ Exposure တွေ ဘာတွေ တိုင်းပြီး အားလုံး Ready ဖြစ်ပြီဆိုရင်..။ 2 second သို့မဟုတ် 10 second timer ကိုပေးလိုက်ပါ..။ Shutter Release ကိုနှိပ်ပြီး လွှတ်ပေးလိုက်ပါ..။ ကိုယ်နှိပ်တဲ့အချိန်မှာလည်း Camera က မရိုက်သေးသလို ခလုတ်ကိုလွှတ်လိုက်တဲ့အချိန်မှာလည်း Timer ပေးထားတဲ့အတွက် မရိုက်သေးပါဘူး..။ 10 second နေမှ ရိုက်တဲ့အတွက် Camera Shake ပြသနာကနေ ကင်းဝေးသွားပြီ ဖြစ်ပါတယ်…။
အခုကျွန်တော် အပေါ်မှာပြောခဲ့တာတွေက ဆောင်ရန် ရှောင်ရန်နဲ့ မသိမဖြစ်…။ မရှိမဖြစ်တွေ ပါ..။ ဘယ်လိုရိုက်ရမယ်ဆိုတဲ့ Setting က အခုမှ စမှာပါ…။
ထပ်မံ သတိပေးချင်တာတစ်ခုက Long Exposure ရိုက်တော့မယ်ဆိုရင် Camera ရဲ့  Menu ထဲသွားပြီး Long Exposure Noise Reduction System ကို Enable မဖြစ်မနေ လုပ်ရပါမယ်..။ အဲ့လိုမလုပ်ရင်… ဘယ်လိုပဲ ISO 100 တို့  200 တို့အနိမ့်ထားပြီးရိုက်ရိုက် Noise တွေ ထလာပါလိ့မ်မယ်..။ ဒီလို Noise တွေ မထဖို့အတွက် အဲ့ဒီ့ Long Exposure Noise Reduction ကို Enable ပေးခိုင်းချင်းဖြစ်ပါတယ်..။
ဒါပေမယ့် စိတ်ထဲမှာ မှတ်ထားဖို့တစ်ခုက Long Exposure Noise Reduction ကို Enable ပေးလိုက်ပြီဆိုရင် – ဥပမာ မိတ်ဆွေက 5 second စာ ရိုက်တယ်ဆိုရင် မိတ်ဆွေရိုက်ထားတဲ့ ပုံပေါ်ဖို့..။ ပြန်ကြည့်လို့ရဖို့ နောက်ထပ် 5 second ထပ်စောင့်ရပါတယ်..။ 30 seconds ရိုက်ရင် နောက်ထပ် 30 seconds ထပ်စောင့်ရပါတယ်..။ ကျွန်တော့်လို Star Trail တစ်နာရီ ရိုက်ရင် ဓာတ်ပုံရိုက်ပြီး နောက်ထပ် ၁ နာရီ စုစုပေါင်း ၂ နာရီကြာမှ ကျွန်တော့် ဓာတ်ပုံကို မြင် ခွင့်ရပါတယ်..။ ရိုးရိုးရိုက်သလို ချပ်ကနဲရိုက် ဖျပ်ကနဲ မပေါ်ပါဘူး..။
တော်ကြာ Camera ကြောင်နေတယ်ထင်ပြီး Noise Reduction လုပ်နေတဲ့အချိန်မှာ Power သွားပိတ်တာမျိုး..။ ဓာတ်ခဲ ကုန်သွားတယ်ထင်ပြီး Batter ဖြုတ်လဲလိုက်တာမျိုးဖြစ်မှာစိုးလို့ပါ..။ အဲ့ဒီ့ လုပ်ရပ်တွေက Camera မြန်မြန်ပျက်စီးဖို့အတွက် အပြင်းထန်ဆုံး လုပ်ရပ်တွေဖြစ်ပါတယ်..။ (ကြုံလို့  Camera ပျက်စီးနိုင်တဲ့ တစ်ချက်ရှိပါသေးတယ်..။ Power ဖွင့်ထားလျှက်နဲ့  Lens လဲတာပါ..။ Lens ကို Mount လုပ်တဲ့အခါ (တပ်တဲ့အခါ) မှာ လှည့်ပြီးတပ်ရပါတယ်..။ အဲ့ဒီ့အခါမှာ Lens မှာ တပ်ထားတဲ့ Pin (Node) တွေက Camera မှာရှိတဲ့ သူနဲ့ မဆိုင်တဲ့ Pin (Node) တွေကို ပွတ်တိုက်ပြီး ဖြတ်သွားပါတယ်..။ အဲ့ဒါ Camera ပျက်ဖို့အတွက် အကြီး အကျယ် ရှော့ရှိပါတယ်..။ ကျွန်တော်လုပ်နေကြပဲ မဖြစ်ပါဘူးလို့မပြောပါနဲ့..။ ကံကောင်းနေ လို့ပါ..။ ဖြစ်သွားရင် ကြေကွဲပါပဲ…။)
ဒီပြင်ဆင်မှုတွေ အားလုံးပြီးသွားရင်တော့ စရိုက်ဖို့  အဆင်သင့်ဖြစ်သွားပါပြီ..။ ရိုက်နည်းက ဘာမှ မခက်ပါဘူး..။ ပြင်ဆင်ရမှာတွေ…။ သိထားရမယ့် အချက်တွေကသာ များတာပါ..။
ရိုက်ဖို့အတွက် ဘယ် Aperture , ဘယ် Shutter Speed ဆိုပြီးအတိအကျ ပြောလို့မရပေမယ့် Long Exposure ရိုက်ပြီဆိုကတည်းက ရှုခင်း ဒါမှမဟုတ် Night Scence (Trail) ရိုက်ပြီလို့ သတ်မှတ်လို့ရပြီဖြစ်တဲ့အတွက် အခြေခံ အကျဆုံးဖြစ်မယ့် Aperture နဲ့ Shutter Speed လေး ကျွန်တော် သတ်မှတ်ပေးလိုက်ပါတယ်..။ အောက်မှာလည်း ကျွန်တော်ရိုက်ထားတဲ့ ပုံ လေးတွေ ဥပမာအနေနဲ့ တင်ပေးလိုက်ပါတယ်…။
Tripod ပေါ် တင်..။ Setting ချပြီးရိုက်ကြည့်ပါ..။ မှောင်နေတယ်ထင်ရင် Shutter Speed ကိုဒီ့ထက် ထက်ပြီးကြာကြာဖွင့် (ဥပမာ ပထမရိုက်တာ 5 second ဆို နောက်တစ်ခါ 10 second ထား) ပြီးရိုက်ကြည့်ပါ..။ အရမ်းလင်းသွားတယ်ထင်ရင် လျော့ရိုက်ပေါ့…။ Aperture Setting ကိုတော့ အခြေခံ f/8 ကျွန်တော် သတ်မှတ်ပေးလိုက်ပါ့မယ်..။ ISO ကိုတော့ Landscape ဖြစ်တာကတစ်ကြောင်း Long Exposure ဖြစ်တာကတစ်ကြောင်း Canon သမားတွေအတွက် 100 နဲ့  Nikon  သမားတွေအတွက် 200 ကိုသတ်မှတ်ပေးလိုက်ပါတယ်..။ သေချာတာတစ်ခုကတော့ Long Exposure ဖြစ်တဲ့အတွက် အနဲဆုံး Shutter Speed 1 second နဲ့ အထက်မှာ ထားဖို့ ဖြစ်ပါတယ်…။
ရိုက်တဲ့အခါမှာ Composition လေးတွေ သတိထားကြစေချင်ပါတယ်..။ ကျွန်တော်ပြောတဲ့အတိုင်းရိုက်ရင် ဘာမှ မခက်မခဲပဲ ပုံတစ်ပုံကတော့ လွယ်လွယ်လေး ထွက် လာမှာဖြစ်ပါတယ်..။ ဒါပေမယ့် ပုံကောင်းတစ်ပုံ ဖြစ်ဖို့..။ ရိုက်တဲ့သူချင်းအတူတူ သူများပုံက ကောင်းပြီး ကိုယ့်ပုံက မကောင်းမဖြစ်ရလေအောင်..။ Composition လေးကိုအထူး သတိထား စေချင်ပါတယ်..။
ကျွန်တော် Composition တို့ Aperture တိှု့   Shutter တို့အကြောင်းတွေ အရင်မပြောပဲ အဆင့်တွေကျော်ပြီး ရိုက်နည်းတွေအကြောင်း ပြောနေတာအကြောင်းရှိပါတယ်..။ ကျွန်တော် မေ့နေလို့မဟုတ်ပါဘူး..။ Theory တွေအကြောင်းချည်းပဲ အစပိုင်းမှာ လှိမ့်ပြောနေရင် ဖတ်တဲ့ သူတွေ လိုက်လုပ်တဲ့သူတွေအနေနဲ့ ပျင်းသွားမှာစိုးလို့ပါ…။ Tutorial တွေပြောနေရင်းနဲ့ မှ မနေ့ကတင်တဲ့ Exposure တို့ Metering တို့လို Theory တွေ ညှပ်ပြောသွားပေးပါ့မယ်..။
ကျွန်တော် ဒီလောက်လွယ်လွယ်လေးပြောထားပေမယ့် နားမလည်နိုင်သေးတဲ့..။ လုံးဝ အစိမ်းကြီး ဖြစ်နေနိုင်သေးတဲ့ ညီအစ်ကိုတွေ ရှိကောင်းရှိပါလိ့မ်မယ်..။ ခဏလောက် သီးခံပြီး စောင့်ပေးပါ..။ ကျွန်တော် ရေးပေးပါ့မယ်..။ အဲ့ဒီ့အခါကြရင် ပိုပြီး လိပ်ပတ် လည်သွားပါလိ့မ်မယ်..။ အဲ့လို လိပ်ပတ်လည်သွားတဲ့အချိန်မှာ ဓာတ်ပုံရိုက်နည်း တော်တော် များများ ကိုလည်း မိတ်ဆွေအနေနဲ့  ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်နေပြီ ဖြစ်ပါတယ်…။ J
Note – ကျွန်တော် ဘိုလိုညှပ်ညှပ်ပြောသွားတာ ဘိုရူးလို့မဟုတ်ပါဘူး..။ Camera မှာခေါ်တဲ့ အခေါ်အဝေါ်လေးတွေနဲ့ အသုံးအနှုန်းလေးတွေကို နားယဉ်စေချင်လို့ပါ…။
ထပ်ဆင့် Note – တစ်ခုသတိပေးဖို့ မေ့သွားတယ်…။ ND8 To 1000 ဆိုတဲ့ တရုတ်ကလာတဲ့ ဟာတွေ မဝယ်ပါနဲ့ လုံးဝ ရိုက်လို့မရပါဘူး..။ အလယ်မှာ Crossing တွေ ဖြစ်လာသလို..။ ဒေါင့်မှာလဲ Vignetting တွေ ပေါ်လာပါလိမ့်မယ်..။ B&W တို့
Cokin တို့ကထုတ်တာတွေဆိုရင်တော့ ပြသနာမရှိပါ..။ ဈေးတော့ အင်မတန်ကြီးပါတယ်..။
လေးစားစွာဖြင့်
Black Dream
http://www.blackdream21.com
P.S- Dedicated To Sayar Pe Myint Oo
Camera: Canon EOS 7D, Aperture: f/8, Shutter: 30s, ISO : 100
Camera: Canon EOS 7D, Aperture: f/22, Shutter: 1 minute, ISO : 100
Black Dream ဘလော့မှကူးယူဖေါ်ပြပါသည်။ ဓာတ်ပုံကတော့
ကျွန်တော်ကိုတိုင် စမ်းရိုက်ကြည့်တာလေးတင်ပေးမိတာပါ။
အားလုံးမင်္ဂလာပါ  . . ဒိုးကြီး



No comments:

Related Posts Plugin for WordPress, Blogger...