Friday 23 January 2015

ကျွန်တော်နှင့် Panorama

ဒီလိုပုံလေး ၅ ပုံရိုက်ရင်…။ ဟောသလို ပုံကြီး တစ်ပုံထွက်ပါတယ်..။
တော်တော်များများကြားဖူးပြီးသား…။ ရိုက်ကြည့်ဖူးပြီးသား ဖြစ်မယ်လို့ထင်ပါတယ်..။ Long Exposure တွေ… Star Trails တွေ…။ Astronomy Photography တွေထက် အများကြီး လွယ်ကူရိုး ရှင်းပါတယ်…။
Panorama Photography ဟာ မြင်ကွင်းကျယ် ဖြစ်အောင် ရိုက်ကူးရတဲ့ ဓာတ်ပုံအမျိုးအစား တစ်ခု ဖြစ်ပါတယ်…။
Wide Lens/Ultra Wide Lens တွေနဲ့ ရိုက်ရင်လည်း မြင်ကွင်းကျယ်ရတာပဲ မဟုတ်ဖူးလားဆိုရင်….။ မြင်ရတဲ့ အရသာခြင်း မတူဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်…။
ဥပမာ အားဖြင့်…။ မိတ်ဆွေက တောင်တန်းတွေ အထပ်ထပ်သွယ်တန်းနေတဲ့ မြင်ကွင်းကျယ် ပုံတစ်ပုံကို လိုချင်တယ်ဆိုပါတော့..။ Wide Lens နဲ့ ရိုက်လိုက်ပါတယ်…။ မိတ်ဆွေလိုချင်တဲ့ တောင် တန်းတွေအားလုံး တစ်ပုံထဲမှာ ပါလာပါတယ်…။ ဒါပေမယ့်…။ ခပ်သေးသေးပဲ မြင်ရမှာ ဖြစ်ပါတယ်..။ မိတ်ဆွေ ထင်ထားသလို..။ ဒါမှမဟုတ် လိုချင်သလို..။ ဒါမှမဟုတ် မျက်လုံးနဲ့  မြင်တုန်းကလို…။ တောင်တန်းကြီးတွေက ခန့်ခန့်ငြားငြား ကြီးကြီးမားမား နဲ့  ဖြစ်နေမှာ မဟုတ်ပါဘူး..။
ဒီလို အခြေအနေတွေကို ဖြေရှင်းဖို့အတွက် Panorama Photography Technique ကို သုံးကြခြင်းပဲ ဖြစ်ပါတယ်…။
မိတ်ဆွေမှာ 18-55 Kit Lens လေး တစ်လုံးပဲ ရှိတယ်ထားလိုက်ပါတော့ဗျာ…။ စောစောက ပြောသလို 18mm Wide နဲ့ ရိုက်လိုက်တယ်ဆိုရင် တောင်တန်းတွေက ပေါ်တော့ပေါ်မယ် သေးသေးလေးပဲ ဖြစ်နေမယ်…။ ဒီလိုမဖြစ်အောင်..။ ခင်ဗျား Lens ကို 55mm လောက် အထိ ဆွဲလိုက်ပြီးတော့…။ တောင်တန်းတွေကို ဆွဲယူလိုက်ဗျာ..။ ပြီးရင် ကိုယ်လေးကိုစောင်း/စောင်း ပြီး တစ်ပုံပြီး တစ်ပုံ ရိုက်သွားလိုက်…။
ဒါဆိုရင် ကိုယ့်လူ လိုချင်သလိုမျိုး တောင်တန်းကြီးတွေက ခန့်ခန့် ငြားငြား ကြီးကြီးမားမားပါဝင်တဲ့ မြင်ကွင်းကျယ် Panorama ပုံတစ်ပုံကို ရပြီ ပဲ ဖြစ်ပါတယ်..။
ဒါ့ကြောင့် Wide နဲ့ ရိုက်တာနဲ့  Panorama ရိုက်တာ မတူညီခြင်းဖြစ်ပါတယ်…။ Wide နဲ့ ရိုက်ပြီး ပုံကို Crop လုပ်ရင်ရော မရဘူးလားဆိုတော့..။ ရတော့ ရပါတယ်…။ Taste ခြင်းတော့ တူမယ် မထင်ပါ…။
တစ်ခုရှိတာက Panorama ဟာ HDR လိုပဲ Photoshop လို Software မျိုးသုံးဖို့လိုအပ်ပါတယ်…။ နောက်ပိုင်း အဆင့်မြှင့်ပြီးထုတ်လာတဲ့ Point & Shoot Camera တွေမှာတော့ Panorama ကို In Camera Processing လုပ်လို့ရတဲ့ Function လေးတွေ ပါလာတာကိုတွေ့ရပါတယ်…။
Mobile Phone တွေ မှာတောင် နောက်ပိုင်းပါလာတာတွေ့ရပါတယ်…။ ဒီလိုဆိုရင်တော့ Software ထဲ ထည့်ပြီး တကူးတက ပြန်လုပ်စရာ မလိုတော့ ဘူးပေါ့…။
Panorama ကို Photography အမျိုးအစား တစ်ခုအဖြစ် သတ်မှတ်ထားတဲ့အတွက် ပြိုင်ပွဲတွေမှာ လက်ခံပါတယ်…။ အဲ့ဒီ့အတွက် ပူစရာမလိုပါဘူး..။ တစ်ချို့ဆို Panorama သီးသန့် ပြိုင်ပွဲတွေတောင် ရှိတာကို ကျွန်တော် သတိထားမိဖူးပါတယ်…။
တော်တော်များများသိပြီးသား…။ လွယ်လဲလွယ်ကူတယ်ဆိုရင်..။ ဘာကြောင့် တစ်ကူးတစ်ကရေး နေသေးသလဲဆိုရင်…။ ကျွန်တော်လေ့လာဖူးတဲ့ အရေးကြီးတဲ့ အချက်လေး နှစ်ချက်ကို ထပ်မံဖြည့် စွက်ပြီးတော့ မျှဝေချင်တဲ့အတွက်ပဲ ဖြစ်ပါတယ်…။
အိုကေ ကျွန်တော်တို့  တိုတို တုတ်တုတ် ဘယ်လိုရိုက်မလဲဆိုတာကိုပဲ သွားလိုက်ရအောင်…။
Panorama ရိုက်ဖို့အတွက် ထူးထူးထွေထွေ ဘာ Gear တွေမှ ထပ်ပြီး မလိုအပ်ပါဘူး..။ ဒါကတော့ အားလုံးအတွက် မင်္ဂလာသတင်း ဖြစ်မယ်လို့  ကျွန်တော်ထင်ပါတယ်..။
မိတ်ဆွေမှာ DSLR (DSLR မှ မဟုတ်ပါဘူး..။ Point & Shoot, Bridge နဲ့  ယုတ်စွအဆုံး Mobile နဲ့က အစရိုက်လို့ရပါတယ်..။ ဒီနေရာမှာတော့ ကျွန်တော် DSLR အတွက်ပဲ ဦးတည်ပြီးရေး ပေးသွားမှာ ဖြစ်ပါတယ်…။ ရိုက်နည်း..။ Process ပြုလုပ်နည်းတွေက အတူတူပါပဲ…။) တစ်လုံးရှိ တယ်…။ Camera ဝယ်ကတည်းက ပါလာတဲ့ 18-55 လို Kit Lens တစ်လုံးရှိတယ် ဆိုရင် ရပါပြီ…။
Kit Lens လဲ မရှိဘူး..။ Body အပေါ် ပုံအောလိုက်တာ..။ 50mm f/1.8 လေး တစ်လုံးပဲ ရှိတယ်ဆို ရင်လည်း ရပါတယ်…။
ဒီတော့ Camera နဲ့  Lens အတွက် ပူစရာ မလိုတော့ပါဘူး…။
Tripod လည်းမလိုပါဘူး..။ ကျွန်တော်လည်း မသိခင်က Panorama အတွက် Tripod မဖြစ်မနေ လိုမယ်လို့ ထင်ခဲ့ဖူးပါတယ်…။ နောက်ပြီး တစ်ပုံနဲ့  တစ်ပုံတော်တော်ခက်ခက်ခဲခဲရိုက်ရမယ်လို့ ထင်ခဲ့ဖူးပါတယ်…။
ဒါပေမယ့် ကျွန်တော့် သူငယ်ချင်း တစ်ယောက်သင်ပေးလို့  သိသွားတဲ့အချိန်မှာတော့ ဒါတွေ မလိုအပ်မှန်း သိခဲ့ရပါတယ်…။
အိုကေ..။ Camera လည်းရှိပြီ Lens လဲရှိပြီဆိုရင်…။ ဘာမှ မလိုတော့ပါဘူး..။ ရိုက်ဖို့ပဲ လိုပါတော့တယ်…။
ရိုက်နည်းက တကယ်ကို လွယ်ပါတယ်..။ ကိုယ် ရိုက်ချင်တဲ့ ရှုခင်းကို ကိုယ်လိုချင်တဲ့ ပမာဏ ရောက်အောင် Zoom ဆွဲပါ….။ 18mm တုန်းကလို Wide ဖြစ်တော့မှာ မဟုတ်ပါဘူး..။ ဒါပေမယ့် မပူပါနဲ့…။ ပြီးရင် သူ့ဟာနဲ့ သူအဆင်ပြေသွားပါလိမ့်မယ်….။
Zoom ဆွဲပြီးတာနဲ့..။ မြင်ကွင်းကို တစ်ပုံခြင်းစီ Overlap လုပ်ပြီး ရိုက်သွားလိုက်ပါ…။ လေးပုံ..။ ၅ ပုံ..။ ၆ ပုံ…။ စိတ်တိုင်းကြ ရိုက်နိုင်ပါတယ်..။ ကိုယ်လိုချင်တဲ့ ပမာဏရတဲ့အထိပေါ့…။ များသော အားဖြင့်တော့ ၅ ပုံကနေ ၇ ပုံအထိ ရိုက်ကြပါတယ်…။
ဘယ်မှညာကိုပဲ ဖြစ်ဖြစ်..။ ညာမှ ဘယ်ကို ဖြစ်ဖြစ် ကြိုက်သလိုရိုက်နိုင်ပါတယ်…။ အရေးကြီးတာက တစ်ပုံနဲ့  တစ်ပုံကြားမှ ဆက်စပ်နေတဲ့ အစိတ်အပိုင်း တစ်ခု ပါဖို့ပဲ ဖြစ်ပါတယ်..။ ဘာလို့လဲ ဆိုတော့..။ Photoshop ထဲရောက်လို Software က Panorama Processing လုပ်တဲ့ အခါကြရင် Contrast တူတဲ့ အပိုင်းတွေကို အလိုလိုရွေးချယ်ပြီး လုပ်ပေးတာဖြစ်တဲ့အတွက်..။ မိတ်ဆွေရိုက် လိုက်တဲ့ ပုံတွေထဲမှာ..။ တစ်ပုံနဲ့  တစ်ပုံအကြား..။ ဘုံတူညီတဲ့ အစိတ် အပိုင်း ပါမလာဘူးဆိုရင်…။ Software က ရှေ့ဆက်ပြီး Process လုပ်ပေးနိုင်မှာ မဟုတ်တော့လို့ပါ…။
စောစောက ကျွန်တော် ပြောသလို ကိုယ်လေးကို တစ်ဖြေးဖြေးလှည့်ပြီး ၅ ပုံ ၆ ပုံ လောက် ရိုက်ပြီး သွားပြီဆိုရင်တော့ Camera အပိုင်းပြီးသွားပါပြီ…။
ဒီနေရာမှာ ISO, Shutter, Aperture တွေ ကျွန်တော် အသေးစိတ် မပြောတော့ပါဘူး..။ ကိုယ့်စိတ်ကြိုက် Setting နဲ့  ရိုက်နိုင်ပါတယ်…။
ဒါပေမယ့် တစ်ခုရှိတာကတော့ ဒီနေရာမှာ Manual Mode နဲ့ရိုက်ဖို့  ကျွန်တော်တိုက် တွန်းလိုပါ တယ်…။ ဘာလို့လဲဆိုတော့ တစ်ခြား Aperture Mode တို့  Shutter Mode တို့နဲ့ရိုက်ရင်..။ တစ်ခါရိုက်ရင် တစ်ခါ..။ နေရာအပေါ်မူတည်ပြီး Exposure Setting ပြောင်းသွားတဲ့အတွက်..။ ပုံတွေ ပြန်ဆက်တဲ့ အခါကြရင် Color မတူတာတွေ Exposure မတူတာတွေ ဖြစ်နိုင်ပါတယ်…။ ဒါ့ကြောင့် Manual Mode မှာပဲ Shutter, Aperture, ISO အားလုံးကို တန်းတူ အညီ ထားပြီးတော့ ရိုက်စေချင်ပါတယ်…။
Camera အပိုင်းပြီးရင် …။ အခု ကျွန်တော်တို့  Photoshop အပိုင်းသွားပါမယ်…။
မိတ်ဆွေ Camera နဲ့ရိုက်တုန်းက အားရပါးရ..။ ဂျပန်တွေပါးချသလို..။ ဘယ်က ရိုက်လိုက်..။ ညာက ရိုက်လိုက်နဲ့  ရိုက်လာလိုက်တာ..။ ရိုက်တုန်းကတော့ ဘာပြသနာမှ မရှိပါဘူး…။
အခု ကွန်ပျူတာထဲက တစ်ဆင့် Photoshop ထဲ ထည့်မယ်လည်းဆိုရော ပြသနာ စပါတော့တယ်….။ ဒီနေရာမှာ ဒီပို့စ်အတွက် ကျွန်တော် ပထမဆုံး ဖြည့်စွက် မျှဝေချေင်တဲ့ အပိုင်းလေး စပါတယ်…။
Software ထဲကို ကိုယ် Panorama လုပ်ချင်တဲ့ ၇ ပုံလောက်ကို Drag & Drop လုပ်ပြီး ထည့်မယ် လည်းဆိုရော…။ ဘယ်ပုံတွေမှန်း ကိုယ်တိုင် မသိတော့ ပါဘူး..။
ဒီ ပုံက Panorama အတွက် ရိုက်လာတာလား…။ တစ်ပုံထဲ သီးသန့်ရိုက်လာတာလား…။ ဒီပုံက ဘယ်ကနေ ညာဘက်ကို ရိုက်လိုက်တဲ့ Panorama ၇ ပုံရဲ့ နောက်ဆုံး ပုံလား..။ ဒါမှမဟုတ်..။ ညာကနေ ဘယ်ကို ရိုက်ထားတဲ့ Panorama ၇ ပုံရဲ့  ပထမဆုံးပုံလား…။ ဟုတ်ကဲ့ ပြသနာက အဲ့ဒီ့မှာ စတာပါပဲ…။
ပုံတွေက အားလုံး ခပ်ဆင်ဆင်တွေ ဖြစ်နေတဲ့အတွက်..။ မိတ်ဆွေ Process လုပ်ဖို့ရွေးတဲ့အခါမှာ သေချာပေါက် အကြပ်ရိုက်ပြီ ဖြစ်ပါတယ်…။
ဒီလိုတွေ မဖြစ်ရအောင်…။ ကျွန်တော်တို့  Black Frame တစ်ခု လုပ်ဖို့လိုအပ်လာပြီ ဖြစ်ပါတယ်…။
Bang Bang Club ရုပ်ရှင်ကို ကြည့်ဖူးတဲ့သူတွေ…။ အဲ့ဒီ့ကားထဲမှာ..။ မင်းသားတစ်ယောက်က လမ်းပေါ်မှာ သောင်းကျန်းနေတဲ့ လူထုပြီးရဲ့ ရှေ့ကနေ ကလေးအမေတစ်ယောက်က ကလေးကို လက်ဆွဲပြီး ဖြတ်ပြေးသွားတဲ့ပုံကို ရိုက်လိုက်ပါတယ်…။ အဲ့ဒီ့ပုံကို သေသေချာချာ အမှတ်အ သားဖြစ်စေဖို့ အတွက်…။ အဲ့ဒီ့ပုံကို ရိုက်ပြီးတဲ့နောက်မှာ…။ Camera Lens ကို လက်နဲ့  ပိတ်ပြီး တစ်ပုံရိုက်လိုက်တာကို မိတ်ဆွေတို့ သတိထားမိကြမယ် ထင်ပါတယ်..။
အဲ့ဒါက နေရာကို အမှတ်အသားလုပ်လိုက်တာပါ…။ Film ပြန်ကူးတဲ့အခါကြတော့..။ သြော..။ ဒီ အမဲကြီး ဖြစ်နေတဲ့ ပုံရဲ့ အရှေ့က တစ်ပုံက ငါ့အကြိုက်ဆုံးပုံပဲ ဆိုတာ တန်းသိအောင်ပဲ ဖြစ်ပါ တယ်…။ ဒီခေတ်မှာလို Camera ထဲမှာ Rating ပေးထားတာတွေ ဘာတွေ မရှိသေးတော့ အဲ့ဒီ့ နည်းကို အသုံးပြုပြီး မှတ်သားကြခြင်းဖြစ်ပါတယ်…။
အခု Panorama မှာလည်း အဲ့ဒီ့ နည်းစနစ် လိုလာပြန်ပြီ ဖြစ်ပါတယ်…။ ၇ ပုံရိုက်လိုက်တယ်..။ ရိုက်ပြီးတာနဲ့…။ စောစောက ပြောခဲ့သလို လက်မှ မဟုတ်ပါဘူး..။ မြေကြီးအောက် တည့်တည့်ဆိုပြီး တစ်ပုံရိုက်လိုက်တယ်…။ အိုကေ..။ ဒီ မြေကြီးပုံရဲ့ ရှေ့ က  ၇ ပုံက တစ်စု…။ နောက်ထပ် ၇ ပုံလောက် ထပ်ရိုက်တယ်..။ မြေကြီး ကို ထပ်ရိုက်တယ်..။ ဒီ ၇ ပုံက တစ်စု…။
ဒါဆိုရင် ကွန်ပျူတာထဲရောက်တဲ့ အခါကြရင် မိတ်ဆွေ သူ့ အစုလိုက် အစုလိုက် ခွဲခြားရတာ လွယ်သွားပါပြီ…။ စစချင်းတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်မျိုး မဖြစ်တော့ပါဘူး..။
ဒီနေရာမှာ မြေကြီးမှ မဟုတ်ပါဘူး..။ ကိုယ့်လက်ဝါးကို ကိုယ်ရိုက်တာပဲ ဖြစ်ဖြစ်….။ ကောင်းကင်ပေါ် ချိန်ပြီး ရိုက်လိုက်တာပဲ ဖြစ်ဖြစ်..။ နောက်ဆုံး.။ Camera ကို ကိုယ့်မျက်နှာဘက်လှည့်..။ သွားကြီး ဖြီးပြီး …။ ကိုယ့်မျက်နှာ ကိုယ်ရိုက်တာပဲ ဖြစ်ဖြစ်..။ ကြိုက်တာကို ရိုက်နိုင်ပါတယ်..။ အရေးကြီးတာက Computer ထဲ ပြန်ရောက်တဲ့အခါကြရင် ပုံတွေကို သူ့အစုနဲ့ သူ ကွဲကွဲ ပြားပြား သိဖို့ပဲ ဖြစ်ပါတယ်…။ ကြိုက်သလို အမှတ်အသား လုပ်ထား နိုင်ပါတယ်..။
ပိုပြီးသေချာချင်ရင်တော့…။ Back Up သဘောမျိုးနဲ့..။ ဘယ်ကနေ ညာကို တစ်ခါ..။ ညာကနေ ဘယ်ကို တစ်ခါ..။ နှစ်ခါလောက် ရိုက်ထားသင့်ပါတယ်..။
အိုကေ..။ အမှတ်အသား လုပ်ရတာလည်း အဆင်ပြေသွားပြီ..။ ဒါဆိုရင် ကျွန်တော်တို့  Panorama Process စလုပ်ရအောင်…။
Photoshop  ကို ဖွင့်ပါ…။ File > Automate > Photomerge ကို ရွေးလိုက်ပါ..။ ပြီးရင် Layout မှာ Auto ကိုပဲ ရွေးပေးလိုက်ပါ..။ နောက်ပိုင်း ကျွမ်းသွား ရင်တော့ အခြား Effect တွေကို လိုအပ်သလို အသုံးပြုနိုင်ပါတယ်..။ လောလောဆယ်တော့ Auto သာ ပေးလိုက်ပါ…။ ပြီးရင်ဘေးက Browse File နေရာမှာ ကိုယ် Panorama လုပ်ချင်တဲ့ ၅ ပုံ ဒါမှမဟုတ် ၇ ပုံ စသဖြင့် ရွေးထားတဲ့အစု တစ်စုကို ထည့်လိုက်ပါ..။
ပြီးပါပြီ…။
ဒါပါပဲ…။
ကျန်တာ Photoshop က ဆက်လုပ်ပေးပါလိမ့်မယ်…။
ခဏလေး စောင့်လိုက်တဲ့ အချိန်မှာ မိတ်ဆွေရဲ့  Panorama မြင်ကွင်းကျယ် ပုံကြီးပေါ်ပါလာပါပြီ…။ အဲ့ဒီ့မှာ နောက်ထပ် ပြသနာ တစ်ခု ထပ်စပါတယ်..။
ဒါကတော့ ကျွန်တော်ဒုတိယအချက်အနေနဲ့  ထပ်မံဖြည့်စွက် ပြောလိုတဲ့ Trick လေး တစ်ခု ပဲဖြစ်ပါတယ်…။
ပုံက..။ မြင်ကွင်းကျယ်တော့ ဖြစ်ပါရဲ့…။ (အလျားတော့ ရှည်ပါရဲ့..။ အနံလေးက ကျဉ်းကျဉ်းလေး ဖြစ်နေပါတော့တယ်) ဒါပေမယ့် ပုံလေးက ဗျက်ကျဉ်းကျဉ်းလေး ဖြစ်သွားပါတယ်…။ မလှဖူးလား ဆိုတော့ လှတော့ လှပါတယ်…။
ဒါပေမယ့် အဲ့လောက်ကြီး အနံ (အမြင့်လို့ခေါ်လည်း ရမယ်ထင်တယ်) က သေးသွားတော့ ပုံလေးက ပိန်ညှောင်ညှောင်နဲ့  ရှည်လမြောလေး ဖြစ်နေပါ တော့တယ်…။
ဘာ့ကြောင့်လဲ…?
မိတ်ဆွေတို့ရိုက်တုန်းက Camera ကို Portrait (ထောင်မရိုက်ပဲ) မရိုက်ပဲ..။ Landscape (လှဲ) ရိုက်ခဲ့လို့ပဲ ဖြစ်ပါတယ်..။ ဒီ့အတွက် Photoshop က Process လုပ်တဲ့အခါမှာ အပေါ်ပိုင်းတွေကို သိပ်မတွက်တော့ပဲ..။ အကျယ်ကိုပဲ တွက်လိုက်ခြင်းဖြစ်ပါတယ်…။
ဒီလို ပိန်ညှောင်ညှောင် ရှည်မြောမြော ပုံလေးမျိုးမလိုချင်ပဲ..။ အထိုက်အလျှောက် အလျားအနံညီတဲ့ Panorama ပုံလေး လိုချင်တယ်ဆိုရင်တော့ Panorama အတွက် ရည်ရွယ်ပြီး ရိုက်ပြီဆိုတာ နဲ့  Camera ကို Portrait ထားပြီး ရိုက်ဖို့လိုအပ်မှာ ဖြစ်ပါတယ်…။
ဒါပေမယ့် ကျွန်တော် မှာချင်တာတစ်ခုက…။ ကျွန်တော်တို့ရိုက်တာဟာ Panorama Photography ဖြစ်တဲ့အတွက် သာမန်ရိုးရိုး တစ်ကွက်ထဲ ပုံတွေ ရိုက်တုန်းကလို 3:2 Ratio တော့ ဖြစ်မှာ မဟုတ်ပါဘူး..။ သေချာတာကတော့ အလျားက ရှည်ကိုရှည်မှာ ဖြစ်ပါတယ်..။ အနံနဲ့  အလျား အချိုး မညီနိုင်ပါဘူး…။ ဒါမှလည်း မြင်ကွင်းကျယ်သဘောက ပို မြင်သာမှာ ဖြစ်ပါတယ်….။
တော်ကြာနေ 3:2 Ratio မရပဲ ပုံက ရှည်ရှည်လေးထွက်နေတာကို မြင်ပြီး Error တက်နေတယ် ထင်မှာစိုးလို့ပါ…။

ဒါဆိုရင် အဆင့်အားလုံးပြီးသွားပါပြီ…။ နောက်ဆုံး တစ်ဆင့်ပဲလိုပါတော့တယ်..။
အဲ့ဒါကတော့ Photoshop က ပုံတွေကို Merge လုပ်ပေးတဲ့နေရာမှာ မိတ်ဆွေ ထင်ထားသလို တစ်ခါထဲ ညီညီညာညာ Merge လုပ်ပေးတာ မဟုတ်ပါဘူး…။
ဆိုလိုတာက ပုံတွေကို Merge လုပ်ပေးတာ မဟုတ်ပါဘူး..။ ပုံထဲမှာပါတဲ့ Contrast တွေကို Merge လုပ်ပေးတာဖြစ်တဲ့အတွက်..။ Panorama Process ပြီးသွားတဲ့အခါမှာ မိတ်ဆွေရဲ့  ပုံအနားတွေဟာ အချွန်တွေ အတက်တွေနဲ့  မညီမညာဖြစ်နေတာကို တွေ့ရပါလိမ့်မယ်…။
ဟိုက်..။ ဒါတွေအကုန်ညီသွားအောင်..။ ငါဘယ်လိုလိုက်ဖြည့်ရမလဲ..။ လို့  မတွေးပါနဲ့….။ ဘယ် တော့မှ ဖြည့်ဖို့ လွယ်မှာမဟုတ်ပါဘူး..။
အကောင်းဆုံးက အဲ့ဒီ့ ချွန်ထွက်ပြီး မညီမညာဖြစ်နေတဲ့အပိုင်းတွေကို Crop လုပ်ပြီး ဖြတ်ထုတ် လိုက်ပါ…။
ဒါဆိုရင်တော့ မိတ်ဆွေ လိုချင်နေတဲ့ မြင်ကွင်းကျယ် ဓာတ်ပုံတစ်ခုကို အောင်မြင်စွာ ရရှိပြီ ဖြစ်ပါ တယ်…။
ဒါပေမယ့် အဲ့လို ပုံရရသွားခြင်းမှာ မိတ်ဆွေ Vibrance တင်တာတွေ Contrast ညှိတာတွေ ..။ အစရှိတဲ့ Post Processing တွေကို လုပ်လို့ရမှာ မဟုတ်ပါဘူး..။ အဲ့လို Post Processing တွေ လုပ်ချင်တယ်ဆိုရင် ပုံကို JPEG အနေနဲ့သော်လည်းကောင်း TIFF အနေနဲ့သော်လည်းကောင်း အရင် သိမ်းလိုက်ပါ…။ ပြီးတော့မှ ပြန်ဖွင့်ပြီး…။ ကျန်တဲ့အချောသတ် Tuning တွေကိုလုပ်ရမှာ ဖြစ်ပါ တယ်…။
ဒါတွေ အားလုံးပြီးသွားရင်တော့ မိတ်ဆွေ လိုချင်နေတဲ့ လှပတဲ့ Panorama မြင်ကွင်းကျယ်ဓာတ်ပုံ တစ်ပုံကို ရရှိပြီပဲ ဖြစ်ပါတယ် ခင်ဗျာ…။
ကဲ ကျွန်တော့်မိတ်ဆွေတို့လဲ များများရိုက်ရင်း..။ များများလေ့လာနိုင်ကြပါစေ..။ များများလေ့ လာရင်း..။ များများရိုက်နိုင်ကြပါစေလို့ဆုတောင်းရင်း
Photomerge လုပ်ပြီးသွားရင် ဒီလိုမျိုး ဖြစ်သွားပါလိမ့်မယ်…။
Merge လုပ်ပြီးသွားလို့ ဒီလို ဖရိုဖရဲဖြစ်တဲ့အခါ Crop သာ လုပ်လိုက်ပါ…။
နောက်ဆုံးမှာ ဒီလိုမျိုး လှပတဲ့ Panorama ပုံလေး တစ်ပုံ ရလာပါလိမ့်မယ်…
Black Dreamhttp://www.blackdream21.com
မှပညာဒါနအဖြစ် ကူးယူတင်ပြသည်။
အားလုံးမင်္ဂလာပါ  . ..  ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...