Friday 23 January 2015

အသဲပြဲ .. . စာ

ကောင်မလေးရေ . . .
အိပ်မက်ထဲမှာတောင်
ကိုယ်မင်းကို လှုပ်နှိုးဖို့မကြိုးစားခဲ့မိဘူး။
ဘ၀ဟာ
ငစိန်ဆန်လိုပဲ ကြမ်းတယ်လေ ။
ငါမင်းကိုချစ်တဲ့အကြောင်း
တာရာမင်းဝေလို ကဗျာရေးမနေချင်ဘူး
တစ်ခါတည်းသာ ခိုးပြေးလိုက်ချင်တယ်။
သြော် . . .
ဆိုခဲ့ပြီးတဲ့ စကားလို
ငါဟာ မင်းကို သနားခဲ့မိတာကိုး . . . .
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
မှတ်ချက် . . .
အိပ်ချိန်နောက်ကြသွားလို့မအိပ်တော့ဘဲရေးမိတာပါ။ 
ဓာတ်ပုံကတော့ . .ကျွန်ရိုက်ဖြစ်ခဲ့တဲ့ မော်ဒယ်ကောင်းလေးပုံပဲရှိလို့
တင်ပေးလိုက်ပါသည်။

အားလုံးမင်္ဂလာပါ . . .ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...