Friday 23 January 2015

အပ္ပမာဒ (၅)



အိပ်မက်ထဲမှာတောင်ငိုသံတွေနဲ့
မျက်ရည်စတွေတောင် စမ်းမိနေသေးတယ်။

တစ်အိပ်ကို. . .
တစ်ဆိတ်လုပ်ရမယ့်ဒီညအတွက်
ချစ်သူအနမ်းဟာနှင်းဆီးစူးတွေလိုပါပဲလား။

ငါ့ရဲ့ ဂယောင်ခြောက်ခြားညမှာ
ကိုယ့်ကိုယ်ကိုသတ်သေခဲ့ကြတဲ့ ကြယ်တွေတစ်ပွင့်ပြီးတစ်ပွင့်။

လက်ကျန်ခွက်ကိုသတိရလို့ ထအသွား
လက်ပြန်တိုက်မိလိုက်တဲ့အသံက
ငါ့ကို သွေးပျက်စေခဲ့တယ်။

အပူရည်တွေကိုမြိုရပါများတော့
အာခံတွင်းတွေက ငရဲငွေ့တွေထွက်နေသလိုမျိုး။

ဘုံဆိုင်က
ခွေးခြေခုံအကျိုးလေးတောင်
ငါ့ထက်ခန့်ညားနေဦးမှာ။

တော်ပြီ  .. .  မှားခဲ့ပြီ  . ..
ဒီညရဲ့ နောက်နံက်ခင်းမှာ
ငါ့ဘ၀ကို သေချာလျှော်ဖွတ်လိုက်ပါ့မယ်။

အားလုံးမင်္ဂလာပါ
ဒိုကြီး



No comments:

Related Posts Plugin for WordPress, Blogger...