Friday 23 January 2015

အပ္ပမာဒ (၆)



တစ်ဒေါက် ဒေါက်နဲ့
တံခါးခေါက်သံရယ်  . . . .။

တစ်ယောက် တစ်ယောက်နဲ့
အညှာလွယ်တဲ့ ချစ်သူရယ်  . . . ။

ငါ  . . . မကြားချင်ဘူး။
ငါ  . ..  မဆုံချင်ဘူး ။

အလျှော့အတင်းနဲ့
သားရေကွင်းလိုအချစ်မျိုးကို
မင်း  ..
ဘယ်အချိန်ကတည်းက ပစ်တက်ခဲ့တာလည်း။

ထုတ်ခြင်းပေါက်သွားတဲ့
သွေးအစက်စက် ငါ့အသည်းဟာ
ဘယ်ဆရာနဲ့ကုရမှာလည်း။

ကျောက်ကပ်တွေ အစားထိုးကုတယ်။
အသဲတွေအစားထိုးကုတယ်။

ဟုတ်ပါပြီ
ဒီလိုဆိုရင် ဟိုတစ်ညက မင်းခြေမွခဲ့တဲ့
ငါ့အိပ်ယာခြေရင်းက အသဲတစုံတစ်ရာအတွက်
ဘယ်လိုခွဲစိတ်မှုမျိုးတွေနဲ့မှရမှာလည်း။

မေ့ဆေးဆိုတာ . . .
ပေးနေရုံသက်သက်။

ဖြေဆေးဆိုတာ  . ..
မပြေရုံသက်သက်။

ဒီလိုဆို
ကောင်မလေးရယ်  . .. . .
အစကတည်းက
ငါ့ကိုသာ ရက်ရက်စက်စက်သတ်ပစ်လိုက်ပါတော့လား။






No comments:

Related Posts Plugin for WordPress, Blogger...