Friday 23 January 2015

Filter အမျိုးအစားများနဲ့ အသုံးဝင်ပုံများ…



တော်တော်များများ သိချင်နေတဲ့ အကြောင်းအရာထဲက ခေါင်းစဉ်လေးတစ်ခုပါ…။ ကျွန်တော် လေ့လာ မိသလောက် အကောင်းဆုံးနဲ့  အရှင်းလင်းဆုံးဖြစ်အောင် ကျွန်တော်ရှင်းပြပေးပါ့မယ်..။အောက်ပါ အတိုင်း Filter အမျိုးများကတော့ Photography မှာ အသုံးများပါတယ်..။
(1) UV Filter (Screw In Type)
(2) Polarizer Filter/Circular Polarizer (Screw In Type)
(3) Natural Density Filter (ND Filter) (Screw In Type)
(4) Graduated Filter (Square Type)
(5) Bokeh Effect Filter (Screw In Type)
Filter တွေအကြောင်းမပြောခင် Lens ရဲ့  Coating အကြောင်း နဲနဲသိထားဖို့လိုပါတယ်..။ Lens တွေရဲ့ မျက်နှာပြင်ကို သတိထားပြီး ကြည့်ကြည့်ပါ.. အရောင်လေးတွေ ပြေးနေတာကို တွေ့ဖူးကြမှာ ပါ..။ အဲ့ဒါတွေက Lens Coating တွေပါ..။ Lens ထဲကို အလင်းတွေ တည့်တည့်မတ်မတ် မှန်မှန် ကန်ကန်ဝင်ဖို့ ..။ Lens ရဲ့  ကြည်လင် ပြတ်သားမှုကို ပိုမိုအားပေးဖို့အတွက် အဲ့ဒီ့ Coating လေး တွေ သုတ်ထားခြင်း ဖြစ်ပါတယ်..။
တကယ်လို့ မိတ်ဆွေက Filter သုံးရင် ပုံ quality ကျတယ်ဆိုတဲ့ အယူအဆ အချို့ကိုကြားဖူးပြီး..။ Filter မသုံးဖူးဆိုပါတော့ဗျာ..။ ဘာဖြစ်မလဲဆိုတော့ Lens ထိပ်မှာ ဖုန်လေးတွေ အမှုန်သေး သေးလေးတွေကပ်ပါလိမ့်မယ်..။ အဲ့ဒီ့အခါမှာ ထုံးစံအတိုင်း Blower နဲ့ မှုတ် ပြီး ရှင်းပါလိ့မ်မယ်..။ ဒါပေမယ့် ဖုန်တွေ တကယ်များလာရင်သော်လည်းကောင်း..။ မထင်မှတ်ပဲရေစက်လေးတွေ စင်သွား လျှင်သော် လည်းကောင်း မိတ်ဆွေ မဖြစ်မနေ Lens ကို Lens Pen နဲ့  သုတ်ရပါတော့မယ်..။ ဒီအချိန်မှာ Lens ရဲ့  Coating တွေကို ထိပါပြီ..။
ပွတ်ပြီး သုတ်ရတဲ့အတွက် မျက်လုံးနဲ့ ကြည့်ရင် မမြင်ရသည့်တိုင် မိတ်ဆွေရဲ့  Lens မှာ အစင်းရာ လေးတွေ ဖြစ်သွားပါပြီ..။ သုတ်ပါများ တဲ့အခါကြရင်တော့ သေချာပေါက် မိတ်ဆွေရဲ့  Lens ထိပ်မှာရှိတဲ့ Coating တွေဟာ ပါးပါးလာပြီး နောက်ဆုံးမှာတော့ တာ့တာ ပြသွား ပါလိ့မ်မယ်..။
တစ်ကယ်လို့ Filter တပ်ထားရင်တော့ ဖုန်တွေဟာ Filter မှာပဲ ကပ်မှာဖြစ်တဲ့အတွက် ကြိုက်တဲ့နည်း နဲ့ ရှင်းထုတ်ပြစ်လို့ရသလို မတော်တဆ ထိခိုက်မှုကလည်း ကာကွယ်ပေးပါတယ်..။ Filter ကို ဈေးကြီးတဲ့ Multicoated သုံးထားလို့ဟောင်းသွားသည့်တိုင် လဲရရင် အလွန်ဆုံး ၃ သောင်းပဲ ကုန်ပါမယ်..။ Lens ရဲ့ မှန်တစ်ချက်လဲရင်သော်လည်းကောင်း Lens တစ်ခုလဲရင်သော်လည်းကောင်း သေချာပေါက် ၃ သိန်းကနေ သိန်း ၃၀ ပါပဲ..။
ဒါတွေဟာ ဘာကြောင့် Filter သုံးရသလဲဆိုတဲ့ အဓိက အချက်တွေပါပဲ…။ဒါပေမယ့် မိတ်ဆွေကြား ဖူးထားတဲ့ Filter တွေ အများကြီးသုံး ချင်းဟာ Quality ကိုကျစေတယ်ဆိုတာလဲမှန်ပါတယ်..။ ဒါပေမယ့် ကျွန်တော် စောစောကပြောသလို  Multicoated Filter မသုံးလို့ဆိုတာ အသေအချာပါပဲ..။ ဒါပေမယ့် မတန်တဆကြီး Multicoated Filter ၁၀ ချပ်လောက် မှန်ဘီလူးရှေ့မှာတပ်ပြီး..။ မြင်လား Quality ကျသွားပြီဆိုရင်တော့ ကျွန်တော်လည်း တတ်နိုင်မှာ မဟုတ်ပါဘူး..။
တစ်ခါထဲ အခုကတည်းက ကြိုပြောထားပါရစေ..။ ဘာလဲဆိုတော့ Filter ဝယ်ရင်..။ Multi- coated ဖြစ်တဲ့ MC Filter တွေဝယ်ပါ..။ MC မပါတဲ့ Filter တွေဟာ မိတ်ဆွေရဲ့ ရဲ့  တန်ဖိုးကြီးမားတဲ့ L Lens တွေ Nano Lens တွေရဲ့  quality ကို အကြီးအကျယ် Downgrade လုပ်သွားပါလိ့မ်မယ်..။
(1) UV Filter – UV ဆိုတာ Ultra Violet အတိုကောက်ပါ..။ Lens အတွင်းကို နေကလာတဲ့ UV Rays တွေ ဘေးကနေ ကာကွယ်ဖို့  အဓိကရည်ရွယ်ပါတယ်..။ ဒါပေမယ့် Filter တွေထဲမှာ ဈေးအ သက်သာဆုံး အမျိုးအစားလည်း ဖြစ်နေတော့ တစ်ချို့က Lens ကို မတော် တဆ ထိခိုက်မှု ဘေးမှ ကာကွယ်ဖို့အတွက်လည်း သုံးပါတယ်..။ ဓာတ်ပုံရဲ့  Quality ကို Upgrade လုပ်ပေးတာမျိုး..။ Effect ထူးထူး ခြားခြား ထည့်ပေးတာမျိုး မရှိပါဘူး..။ MC UV ကတော့ ၃၀၀၀၀ လောက်ရှိပါတယ်..။
(2) Polarizer / Circular Poloarizer – ရိုးရိုး Polarizer Filter က လှည့်လို့မရပါဘူး..။ Color က အသေပါ..။ Circular Polarizer က လှည့်ပြီး Contrast ကို လိုသလို အတိုးအလျော့လုပ် လို့ရပါ တယ်..။ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က Polarizer မျက်မှန်တွေနဲ့ တူပါတယ်..။ မလိုအပ်တဲ့ အလင်းတန်းတွေ..။ Haze တွေကိုဖယ်ပေးမှာဖြစ်ပါတယ်..။ အထူးသဖြင့် Landscape Photography မှာ PL သုံးထားတဲ့ ပုံနဲ့ မသုံးထားတဲ့ပုံ ယှဉ်ရိုက်ရင် တော်တော်လေးကွာပါတယ်..။ PL သမားက Crystal Clear နီးပါး ရပါလိ့မ်မယ်..။ အထူး သဖြင့် Blue Sky ဖြစ်နေတာမျိုးတို့ ..။ ရေမျက် နှာပြင်တို့ ကို ရိုက်တဲ့အခါမှာ ပက်ပက်စက်စက်ကြီးကိုကွာသွားပါတယ်..။
သတိထားရမှာ တစ်ခုက ဈေးသက်သာတဲ့ PL or CPL အမျိုးအစားတွေဟာ Ultra Wide Lens (77mm) တွေမှာ တပ်ပြီးရိုက်ရင် ဒေါင့်တွေမှာ Vignetting (အမဲရောင်တွေ) တွေ ပေါ်နေပါ လိ့မ် မယ်..။ မဝယ်ခင် သေသေချာချာ စမ်းသပ်..။ ရိုက်ကြည့်ပြီးမှ ဝယ်ပါ..။ f/22 အထိ Down ကာ ရိုက်ပြီးလို့  Vignetting မပေါ်မှ ဝယ်ပါ..။
(3) Natural Density Filter (ND Filter) – Long Exposure အကြောင်းတုန်းကလည်း ကျွန်တော် တော်တော်လေး ရှင်းပြခဲ့ပြီးပြီမို့ ကျွန်တော် အများကြီးထပ်ရှင်းမပြတော့ပါဘူး..။ Landscape သမား တွေအတွက် မဖြစ်မနေ ရှိရမဲ့ Filter ပါပဲ..။ ထပ်မှာချင်တာက ND 8 to 1000 လို Filter မျိုးကို ဆိုင်က ဈေးလည်းသက်သာတယ် ND 1000 ထိလည်း ရတယ်ဆိုပြီးရောင်းရင် မဝယ်ပါနဲ့..။ သိတဲ့သူ တွေ မကြိုက်လို့မဝယ်တာကို အဲ့ဒါ ဂျင်းထည့်ဖို့ ကြိုးစားတာပါ..။ ကျွန်တော်ဆိုလိုတာ တရုတ်ဖြစ် ကိုပြောတာပါ..။ B&W တို့ Cokin တို့က ထုတ်တဲ့ 8-1000 တွေကတော့ ပြောစရာ မလိုအောင် ကောင်းပါတယ်..။
နောက်တစ်ခုက Filter တွေ ခဏခဏ ထပ်မဝယ်ရအောင် တစ်ခါထဲ 77mm ဝယ်ထားစေချင် ပါတယ်..။ တကယ်လို့မိတ်ဆွေ Lens က သေးနေရင် အဲ့ဒီ့ 77mm ကနေ သေးတဲ့ Lens မှာ တပ်လို့ ရအောင် လုပ်ပေးတဲ့ Adapter Ring လေးတွေ ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရပါတယ်..။ တကယ်လို့ မိတ်ဆွေက Filter Size အသေး ဝယ်လိုက်မှ တကယ့် Ultra Wide မှာ သုံးချင်တဲ့အခါ သုံးလို့မရပဲ နေပါလိ့မ်မယ်..။ နောက်ပြီး ND 8 နှင့် အောက်ကို ဆိုင်မှာ ပစည်းရှိတော့မှ ဝယ်ပါ..။ ပစည်းရှိတယ်ဆိုရင်တော့ ND 400 နှင့် အထက်ကိုဝယ်ပါ..။ ND 8 နှင့် အောက်က တကယ့် Serious ကြီးဆို ထင်သလောက် အလုပ်မဖြစ်တော့ပါဘူး..။ နံပါတ်များလေ Filter က များများမှောင်ပေးလေ ဖြစ်တဲ့အတွက်..။ Long Exposure ကို အချိန် ကြာကြာ ပိုရိုက်နိုင်မှာ ဖြစ်ပါတယ်..။
(4) Graduated Filter – သူကတော့ တစ်ခြား Filter တွေလို Screw In Type မဟုတ်ပဲ Square Type ဖြစ်ပါတယ်..။ Screw In Type ဆိုတာက မိတ်ဆွေတို့ မြင်ဖူးနေကြ လှည့်ပြီး Lens ထိပ်မှာ တပ်တဲ့ အဝိုင်းလေးတွေ ဖြစ်ပါတယ်..။ Graduated Filter လို square type အတွက်ကတော့ မိတ်ဆွေ Filter သုံးဖို့အတွက် Graduate Filter Holder ထပ်လိုမှာ ဖြစ်ပါတယ်..(ကုန်ပေါက်တွေ တဖြေးဖြေး တိုးလာပြီနော်..။  ) ဒီကောင့်ကို ဘာအတွက်သုံးလဲဆိုတာကို ကျွန်တော်ဆက် ရှင်းပြ ပါ့မယ်..။
ဥပမာ မိတ်ဆွေက ကောင်းကင်လှလှ ကြီးနဲ့  မြက်ခင်းစိမ်းစိမ်း ကွင်းပြင်ကြီးကိုရိုက်ချင်တယ်ဗျာ..။ အဲ့ဒီ့အချိန်မှာ Focus ပေးပြီး ကောက်ရိုက်တယ်.. သောက်ပြသနာ စပါတယ်..။ ကောင်းကင်ကို Focus ပေးပြီး Metering အမှန်ယူလိုက်ရင်..။ ကောင်းကင်တော့ တိမ်တွေ အစုပ်လိုက် အစုပ်လိုက် နဲ့  ကောင်းကင်ပြာပြာလေးနဲ့  သိပ်လှသွားသလောက်..။ အောက်က မြက်ပင်တွေကတော့ အကုန်မဲ တူးပြီး Under ဖြစ်သွားပါတယ်..။
ဒါနဲ့  အောက်က မြက်ခင်းစိမ်းစိမ်းတွေကို Focus ပေး..။ Meter တိုင်းပြီးလဲ ရိုက်ရော..။ မြက်ပင်တွေ ကတော့ စိမ်းစိမ်းစိုစိုနဲ့ လှပါပေရယ့်..။ ကောင်းကင်ကြီးကတော့ အဖြူရောင်ကြီး ဖွေးလို့ သုံးစားမရ အောင် Burn ပါလေရောဗျာ…။ ဟုတ်ကဲ့ အဲ့ဒီ့ဂွတီဂွကျ နိုင်တဲ့ အခြေအနေကို ကယ်တင်ဖို့အတွက် Graduated Filter ဆိုတာပေါ်ပေါက်လာတာပါ..။သူက အပေါ်က ND Filter လိုမျိုးတစ်ချပ်လုံး အမဲရောင်ကြီးမဟုတ်ပါဘူး.. အပေါ်ပိုင်းကအမဲကနေ အောက်ပိုင်းကို တဖြေးဖြေးလျော့လျော့ပြီး အောက်ဆုံးမှာ သာမန်အတိုင်းအဖြူရောင် ဖြစ်သွားပါတယ်..။
ဒီတော့ မိတ်ဆွေအနေနဲ့ အဲ့ဒီ့ FIlter ကို Camera ထိပ်မှာတပ်..။ မြက်ခင်းလေးကိုပဲ Meter အမှန် ယူပြီးရိုက်လိုက်ပါ..။ Filter ရဲ့ အပေါ်ပိုင်းက နဂိုကတည်းက Under ချထားပေးပြီးသား ဖြစ်နေတဲ့ အတွက် အပေါ်က Over ဖြစ်နေတဲ့ ကောင်းကင်ကြီးဟာ ကင်မရာထဲလဲ ရောက်သွားရော Exposure မှန်သွားပြီး တိမ်လှလှလေးတွေ ကောင်းကင်ပြာပြာလေးတွေ မြက်ခင်းစိမ်းစိမ်းလေးတွေနဲ့ ပုံကိုရရှိ သွားပြီပဲ ဖြစ်ပါတယ်..။ ဟုတ်ကဲ့ Graduated Filter ကို ဒီလိုမျိုးသုံးပါတယ်..။ နာမည်ကြီး Graduated Filter ထုတ်တဲ့ Companies တွေကတော့ Lee, Singray တို့ ဖြစ်ပြီး အင်မတန်မှ ဈေးကြီးပါတယ်..။
စောစောကပြောသလို (အလွယ်ပြောရရင် အဖြူအမဲ) Filter များအပြင် အရောင်များ ထပ်ထည့် လို့ရတဲ့ Filter တွေလည်းရှိပါတယ်..။ဒီနေရာမှာ Graduated Filter မရှိရင် ရိုက်လို့မရတော့ ဘူးလား ဆိုသူများအတွက် တစ်ခါတည်း သက်သာရာ သက်သာကြောင်း နည်းလမ်း ပေးလိုက်ပါ့မယ်..။ Lightroom ထဲမှာ Graduated Filter ပါပါတယ်..။ Lightroom ထဲရောက်မှ Graduated Filter Tool နဲ့  အုပ်လိုက်ရင် စောစောက Graduated Filter နဲ့ ရိုက်တဲ့အတိုင်းရပါတယ်…။
ဒါဆို ဘာလို့အကုန်ခံပြီး ဝယ်မလဲဆိုရင်လည်း အဖြေရှိပါတယ်..။ ဘာလဲဆိုတော့ မိတ်ဆွေက ကိုယ့်ဘာသာကိုယ်ရိုက် Facebook တို့ 500px တို့  Flickr တို့မှာတင်ရုံမကလို 4″x6″ ပုံလောက် ထုတ်တဲ့အထိ ပြသနာမရှိပါဘူး..။ ဒါပေမယ့် မိတ်ဆွေက 20″x30″ လိုပုံကြီးတွေ ထုတ်ပြီး လက်ဆောင်ပေးရတော့မယ်..။ ရောင်းမယ်..။ ပြပွဲလုပ်တော့မယ်ဆိုရင်တော့ ဂွမ်းပါပြီ..။
အဲ့လို Lightroom ထဲမှာ Graduated Filter နဲ့ အုပ်လိုက်တာဟာ Nosie တွေကို သိသိသာ သာကြီးထလာစေပြီး..။ ပုံကိုဖွာတာတာကြီး ဖြစ်သွားစေပါတယ်..။ ဂလိုဆိုတော့ ဝယ်သင့် မဝယ်သင့် ကို မိတ်ဆွေ ကိုယ့်ဘာသာကိုယ်ဆုံဖြတ်နိုင်ပြီ ဖြစ်ပါတယ်..။
နောက်ဆုံးကြားချတဲ့ နည်းတစ်ခုတောာ့ ပညာကုန်လေး ထုတ်သုံးပေးပါရစေ..။ ဈေးသက်သာတဲ့ တရုတ်ဖြစ်လေးတွေ ကာလာစုံ အရောင်စုံ တတွဲလောက် ဝယ်ထားလိုက်ပါ…။ ဝယ်ခိုင်းရတဲ့ ရည်ရွယ်ချက်က Pro ရိုက်ခိုင်းဖို့မဟုတ်ပါဘူး..။ တော်ရုံအခြေအနေတွေမှာ လွယ်လွယ်ကူကူဈေး သက်သက်သာသာ သုံးနိုင်ဖို့နဲ့  Graduated Filter အကြောင်းနားလည်စေဖို့ပဲ ဖြစ်ပါတယ်..။ တရုတ်ဖြစ်လေးတွေက တစ်ချက်မှ ၂၀၀၀ လား ၃၀၀၀ ထောင်လားပဲရှိပါတယ်..။ မြန်မာကျပ်ငွေပါ..။
(5) Bokeh Effect Filter – ဒါကတော့ နာမည်ကတည်းက ရှင်းပါတယ်ဗျာ..။ ကျွန်တော်ဟိုနေ့ ကပြောသလို အသဲပုံလေးတွေ star ပုံလေးတွေပေါ်ဖို့အတွက် အလုပ်ရှုပ်မခံချင်ဘူးဆိုရင် အဲ့ဒီ့ Filter သာ ဝယ်တပ်လိုက် အလုပ်ရှုပ်သက်သာတယ်ဗျာ..။ ဒီကောင်က ဒီ Bokeh Effect အတွက်ပါပဲ..။ ကျန်တာထွေထွေထူးထူးမရှိပါဘူး..။
ဒီလောက်ဆိုရင် Filter တွေအကြောင်းကို တော်တော် တီးမိခေါက်မိရှိသွားပြီထင်ပါတယ်..။ ဒီ့ထက် အသေးစိတ်ကျတဲ့အချက်တွေကို တော့ အောက်မှာ Comment တွေရေးကြရင်း မေးကြရင်း ဆက်ဆွေးနွေးကြတာပေါ့ဗျာ..။ အားလုံးဒီလောက်ဆို ကျေနပ်လောက်ကြမယ်ထင်ပါတယ်…
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...