Monday 25 May 2015

ချစ်ဖွယ်သောစကား . .(0001)



မည်သည့် စာပေမဆို လူ့ဘောင်ကောင်းစားရေး၊လူ့ဘောင်ငြိမ်းချမ်းရေး
ရမယ်ဆိုရင် လေးစားမှတ်သားလိုက်နာသင့်ပါတယ်။ ထိုအထဲတွင် ကျွန်
တော် တစ်ထဲတစ်ဝင်စီးမြောခဲ့သော ဗုဒ္ဓစကားတော်များသည်ကား အ
တိုင်းမသိ ငြိမ်းအေးလှသည်ကိုတွေ့ရပါတယ်။
သေချာပါတယ်။ အပူသောကဟူသည် လောဘဒေါသဆိုသော အလိုဆိုး
တို့မှာ ဆင့်ပွားပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ ဗုဒ္ဓစကားတော်များသည်
ယင်းလောဘဒေါသတို့ကို ထုနှုတ်ပစ်သောဝေါဟာရများဖြစ်တာမို့ ထာဝ
ရကျင့်သုံးသူကိုမဆိုထားပါနှင့် တဒင်္ဂဖတ်ရှု့နေခိုက်မှာတောင် ရင်ထဲမှာ
ငြိမ်းအေးသက်သာရှိလှပါတယ်။
ဗုဒ္ဓမြတ်စွာသည်  . . . .
လောဘနှင့်နှင်လာသော သူကို အလောဘတရားဖြင့်သာရှု့မြင်သုံးသပ်
သလို  . . ဒေါသနှင့်ယှဉ်လာသော သူကိုလည်း အဒေါသတရားဖြင့်သာ
ချိန်ထိုးနှိုင်းပြ ငြိမ်းချမ်းရအောင် ဆိုဆုံးမတော်မူပါသည်။
ဖတ်လေ  . . ရှု့လေ  ..  သုံးသပ်လေသော်သူအတွက် လောကဓံအညစ်
ဆိုးတို့သည် ခဝါကျလေတော့သည်။ အမှန်တကယ်ကျင့်သုံးခဲ့မယ်ဆိုရင်
တော့ ပြောဖွယ်ရာမရှိပေါ့   . .။
ဗုဒ္ဓမြတ်စွာသည်  . . .
မဆုံးနိုင်သော လိုချင်ခြင်းတွေကို အဆုံးပြာကျ မလိုချင်ခြင်းဖြင့်ဖြေသိပ့်
တော်မူခဲသလို  . . .  လောင်ကျွမ်းနေသော ဒေါသတွေကို ငြိမ်းအေးက
လှ အဒေါသစကားဖြင့် ကျေနပ်နိုင်အောင် ဆုံးမတော်မူခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာသည် . . .
မေတ္တာတရား၏ အေးမြမှုကို အထူးဟောကြားတော်မူပါသည်။ သူ
ကိုယ်တိုင် ယင်းတရားအစုစုတို့အား လေ့ကျင့်ခဲ့ဖူးသည်ကို လိုအပ်
သောအခါ ထုတ်ဖေါ်ပြောကြားပြီးသကာလ လူ့ဘောင်လူလောကငြိမ်း
အေးရေးအတွက် ယင်းမေတ္တာတရားတို့ကို ကျင့်သုံးလိုက်နာရန်ဆိုဆုံး
မလမ်းပြတော်မူခဲ့ပါသည်။
ခပ်ကြမ်းကြမ်းပြောရပါရင်  . . .
ဗုဒ္ဓပိဋကတ်မှအပ အခြားသော ကျမ်းစာများတွင်  . .
မေတ္တာတရားကို အကျယ်တဝံ့ကျင့်သုံးဆောက်တည်ကြရန်ညွှန်ကြား
သော စကားစုများ မရှိပါဟု ဆိုရမည်။
တစ်ပါးသော ဘုရားဟောကျမ်းစာတို့သည်  . .
သားသတ်ခြင်းကိုအားပေး၏။ နှိပ်စက်ခြင်းကို အားပေး၏ ။ ရက်စက်
ခြင်းကိုအားပေး၏ ။ ဗုဒ္ဓမြတ်စွာသည် ဘယ်သောအခါမှ ယင်းဝေါဟာ
ရတို့အား မပြောဆိုခဲ့ချေ။
ခင်ဗျားတို့ ရှာကြည့်ပါ။ ဗုဒ္ဓပိဋကတ်တွင် ဘယ်သောအခါမှ ဒေါသကို
တိုးပွားစေသော စကားတို့ မပြောခဲ့ဘူး ဆိုတာပါပဲ။
  ̏ ရဟန်းတို့ သူတစ်ပါးတို့သည် ငါဘုရား၏အပြစ်ကိုဖြစ်စေ ၊ ငါဘုရား
ဟောကြားသောတရား၏ အပြစ်ကိုဖြစ်စေ ၊ ငါဘုရား၏တပည့်သား
သံဃာတော်များ၏ အပြစ်ကိုဖြစ်စေ ပြောကြလျှင် ၊ ထို (ပြောကြရာ)၌
သင်တို့သည် ရန်ငြိုးထားခြင်း နှလုံးမသာယာခြင်း စိတ်မကျေချမ်းခြင်း
မဖြစ်စေသင့်˝
ကဲ  . .  စာရှု့သူမိတ်ဆွေ  . ..
ဗုဒ္ဓမြတ်စွာ၏ စကားအကျဉ်းမျှသည်ပင် သင်၏နှလုံးကို ငြိမ်းအေးစေ
သည်မဟုတ်ပါလော။ ဒေါသနှင့်ယှဉ်လာသူကို ဗုဒ္ဓသည် ဘယ်သော
အခါမှ ဒေါသဖြင့်မတုန့်ပြန်ဘဲ မေတ္တာတရားဖြင့်သာတုန့်ပြန်ခဲ့သည်
ကား  . . ဗုဒ္ဓမြတ်စွာ၏ စကားတော်တွေထဲမှ ချစ်စဖွယ်စကားတော်များ
ဟု  .. ကျွန်တော် ဆင်ခြင်ပွားများ ကြည်ညိုနေမိပါသည်။
Reference
သုတ္တာန်ပိဋကတ် ၊ဒီဃနိကာယ်ပါဠိတော်
ဗြဟ္မာဇာလသုတ် ပရိဗ္ဗာဇကကထာ
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...