Saturday 16 May 2015

မင်းကွတ်သီး၏ အထာနှင့် ဟိုကောင်မလေး



 ̏ ကိုဒိုးကြီး ˝
 ̏ ကျွန်တော့ကို ၊ ဟို . . ဆော်လေး အထာပေးနေတယ်˝
ဒီလိုစကားတွေကို လူပျိုကလာသားပေါက်များပြောတက်ကြ
ပါတယ်။
ဟုတ်ကဲ့  . .  လောကမှာ  . ..
   ̏ အထာ˝ ဆိုတာ ̏ ပညာ˝ ရပ်တစ်မျိုးပါပဲ။
   ̏ အထာ˝ သိလား ၊   ̏ အထာ˝  မသိဘူးလားဆိုပြီးစသည့်ဖြင့်
ရပ်ကွက်ထဲမှာလူတိုင်းပြောတက်ကြပါတယ်။
 ̏ အထာ˝ ဆိုတာ ̏ အတ္ထော အက္ခရ သညတော ˝ ဆိုတဲ့ပါဠိ
စကားကဆင်းသက်လာတယ်လို့ ကျွန်တော်ထင်တယ်။
ဒီစကားက ကိုရင်လေးတွေတောင်သိနေကြပါ။ ကစ္စည်း
သဒ္ဒါမှာ ပါတယ်လေ။
 ̏ အထာ˝ သက်မဲ့ဖြစ်သော ရာသီ၊သီးပင်၊စားပင်စတာတွေမှာ
လည်း ပရိယာယ်မာယာဆိုတဲ့ ̏ အထာ˝ ရှိပါတယ်။
မင်းကွတ်သီးရဲ့အတွင်းပိုင်းအသား မွှာအစေ့ ဘယ်လောက်ပါတယ်
ဆိုတာ မင်းကွတ်သီးကိုခွဲပြီးမှသိတာမျိုးပါ။
သို့သော် မခွဲဘဲနှင့်လည်း သိနိုင်ပါတယ်။  သိဖို့အတွက် ̏ အထာ˝
တော့လိုတာပေါ့။
အခုဓာတ်ပုံမှာ ကျွန်တော် အပြာရောင်နဲ့ဝိုင်းပြထားတာလေးရှိတယ်
အဲဒီအဝိုင်းလေးထဲက အပွင့်ခက်လေးတွေကိုရေကြည့်ပါတယ်။
တစ်လုံးနဲတစ်လုံး အပွင့်အရေအတွက်မတူညီပါဘူး။
တစ်ချို့ ၇ ပွင့်၊ ၆ ပွင့် ၅ ပွင့် ဆိုပြီးရှိတက်ပါတယ်။
၇-ပွင့်ပါတဲ့အသီးရဲ့အတွင်းသားအမွှာဟာ ၇ မွှာ၇စေ့ရှိနေပါတယ်။
ခွဲကြည့်စရာမလိုပဲသိတဲ့နည်းပါ။  ၅ ပွင့်ရှိတဲ့အသီးရဲ့အတွင်းသား
ဟာ ၅ မွှာ၅စေ့ရှိနေတက်ပါတယ်။
ဒါ  ..  မင်းကွတ်သီးရဲ့အထာပါပဲခင်ဗျား။
ဟိုကောင်မလေးကို ကြိုက်ရင် ၊ ဟိုကောင်မလေးရဲ့အကြိုက်နဲ့စ
ရိုက်ဟာ မင်းကွတ်သီးလိုပါပဲ ဖြဲလှန်ကြည့်နေစရာမလိုပါဘူး။
ဟိုကောင်မလေးရဲ့ စကား၊အမူအရာ၊အဝတ်အစား အသွားအလာ
စတာတွေကိုကြည့်ပြီးသုံးသပ်ဆုံးဖြတ်လို့ရပါတယ်။
ကဲ  .. . မင်းကွတ်သီးရဲ့ အထာကိုသိသလို ကောင်မလေးတွေရဲ့
အထာကိုသိဖို့ နည်းစနစ်တွေတော့ လိုပါလိမ့်မယ်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...