Saturday 2 May 2015

မေ၀ယ်သာအမှတ်ဖြင့်အနိုင်ရ

ရာစုနှစ်၏အကောင်းဆုံးလက်ဝှေ့ပွဲတွင် ပက်ကီယောင်းကို အမှတ်ဖြင့်နိုင်ပြီး မေ၀ယ်သာ (၄၈)ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်
Eleven Media Group's photo.

အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်စ်မြို့ရှိ MGM Grand Garden Arena တွင် (မြန်မာစံတော်ချိန်) မေ ၃ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် လက်ဝှေ့ပွဲစဉ်တွင် အမေရိကန်လက်ဝှေ့သမား မေ၀ယ်သာက ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကီယောင်းကို အမှတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ မေ၀ယ်သာမှာ ၄င်းထိုးသတ်နေကျပုံစံအတိုင်း ခံစစ်ကို ဦးစားပေးကာ တန်ပြန်တိုက်စစ်ဖြင့်သာ ထိုးသတ်ခဲ့သည်။ ပက်ကီယောင်းမှာမူ ပွဲချီအများစုတွင် တိုက်စစ်ဦးစားပေး ထိုးသတ်ခဲ့သော်လည်း မေ၀ယ်သာက လျင်မြန်မှုကို အားပြုကာ တိမ်းရှောင်ခဲ့သောကြောင့် ထိရောက်မှု နည်းပါးခဲ့သည်။ ၁၂ ချီပြည့်သည်အထိ တစ်ဦးနှင့်တစ်ဦး အလဲထိုးနိုင်ခြင်းမရှိသဖြင့် ဒိုင်များ၏ အဆုံးအဖြတ်ခံယူခဲ့ရာ ဒိုင်သုံးဦးစလုံးက (၁၁၈-၁၁၀)၊ (၁၁၈-၁၁၀)၊ (၁၁၆-၁၁၂) မှတ်ဖြင့် မေ၀ယ်သာကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။ မေ၀ယ်သာသည် ယခုပွဲရလဒ်ကြောင့် ကစားသမားဘ၀တစ်လျှောက် ၄၈ ပွဲထိုးသတ်ခဲ့ရာ ရှုံးပွဲမရှိ ပွဲတိုင်းအနိုင်ရသည့်စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ပက်ကီယောင်းမှာမူ ခြောက်ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့သည်။ မေ၀ယ်သာသည် WBA (စူပါ) နှင့် WBC ၀ယ်လ်တာဝိတ်ချန်ပီယံဘွဲ့များကို ကာကွယ်နိုင်ခဲ့သလို ပက်ကီယောင်း၏ WBO ၀ယ်လ်တာဝိတ်ချန်ပီယံခါးပတ်ကိုလည်း လွှဲပြောင်းရယူနိုင်ခဲ့သည်။

No comments:

Related Posts Plugin for WordPress, Blogger...