Monday 18 May 2015

ရာသီစာကဗျာ



''ကျမ . . .အပျို မစစ်ပါ . . .မောင် ''
မိုးရွာလို့ အလှူပွဲပျက်သွားတာကိုလည်း  . ..
ကျမ အပြစ်မဆိုချင်ပါ  . . .မောင်။

ကျမ ပါးရိုက်ခံရမှာကိုလည်း  . . .
အပြစ်မဆိုချင်ပါ  . . .မောင်။

ကျမ ထမင်းတစ်နပ်လျှော့စားရမှာကိုလည်း  . . .
အပြစ်မဆိုချင်ပါ  . . .မောင်။

ကျွမ 2000 ကျပ်ငွေနဲ့လောက်အောင်သုံးခိုင်းတာကိုလည်း . .
အပြစ်မဆိုချင်ပါ  . . .မောင်။

ကျမတို့သံယံဇာတတွေတရုတ်လက်ထဲပါသွားတာကိုလည်း ..
အပြစ်မဆိုချင်ပါ  . . .မောင်။

မြို့ပေါ်ကားတွေရှုပ်လို့ မြို့ဝင်ကျေး 4000 ကျပ်တောင်းတာကိုလည်း
ကျမ အပြစ်မဆိုချင်ပါ  . . .မောင် ။

ဘိုးဘွားပိုင်လယ်ယာမြေတွေတပ်ပိုင်ဖြစ်သွားတာကိုလည်း
ကျမအပြစ်မဆိုချင်ပါ . . .  မောင်။

ကြေးစင်တောင်လက်ပတောင်းတောင်တွေလည်း
တရုတ်ပိုင်ဖြစ်သွားတာကျမအပြစ်မဆိုချင်ပါ  .. မောင်။

ပြည်သူတွေတစ်ဦးကိုကျွေးငါးသိန်းကျော်ဆပ်ရမယ်ဆိုတာလည်း
ကျမအပြစ်မဆိုချင်ပါ  . ..  မောင်။

ရွှေတိဂုံဘုရားကြီး ဒဂုံစီးတီးကြောင့် ပြိုမယ်ဆိုတာလည်း
ကျမအပြစ်မဆိုချင်ပါ  . . .မောင်။

ဒါပေမယ့်  . .ေ မာင်ရယ်  . ..
မောင်က  .. ကျမကို '' အပျို မစစ် '' ဘူးလို့ပြောတာကိုတော့  ..
ကျမ ''  အပြစ်ဆို '' ချင်ပါတယ်  .. .မောင်  ။

ခက်ဆစ်အဖွင့်။(အပျို မစစ်- အပြစ်မဆို)(အပြစ်မဆို - အပျိုမစစ်)
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...