Monday 4 May 2015

လက်သီး အဘိဓမ္မာ


မေ၀ယ်သာက စိတ်ငြိမ်သယောင်ရှိတယ် . .
ပတ်ကွီရိုက ပြင်းထန်သောစိတ်ထားရှိသယောင်မြင်တယ်။

မေ၀ယ်သာမှာ ဘော်ဒီအရ စိတ်အားတည်ငြိမ်မှုရှိတယ် . .
ပတ်ကွီရိုမှာ ဘော်ဒီအရ စိတ်အားပိုမိုထက်သန်ထားရတယ်။

ဒီလိုစင်မြင့်ပေါ်ရောက်လာပြီဆိုကတည်းက  .. .
နှစ်ယောက်စလုံးဟာ ထိုးပေါက် ထိုးကွက် သက်လုံနဲ့
နည်းပညာစနစ်ပိုင်းဆိုင်ရာတွေပါ အရမ်းကိုကောင်းပြီး
သားဖြစ်နေကြပါပြီ ။

ပတ်ကွီရိုက အလည်းထိုးဖို့ အကြံထုတ်ထိုးသတ်ဖန်တီးနေရတယ် . .
မေ၀ယ်သာက ဘော်ဒီကိုအားကိုးပြီး အမှတ်ရဖို့ ရှောင်ရင်း ထောက်
ကွက်နဲ့အမှတ်ယူနေရတယ် ။

ဒါဟာ . . . သူတို့နှစ်ယောက်ရဲ့ ဘ၀ပေးကံကြမ္မာပါပဲ
အကယ်၍ နောက်တချီပြန်ထိုးပစ်ဦးမယ်ဆိုရင်  .. .
မေ၀ယ်သာဘက်ကနေသာလောင်းကြေးထပ်လိုက်ပါ
သေချာပေါက်နိုင်ရမယ်လို့ ကျွန်တော်ဒိုးကြီးအာမခံရဲပါတယ်။

ပတ်ကွီရိုဘက်က နိုင်ဖို့တစ်နည်းပဲရှိတယ်  .. .
စိတ္တသတိပဋ္ဌာန်နည်းပါပဲ  . .။ စိတ်ကိုတည်ငြိမ်အောင်ကျင့်မယ်
ကာယပိုင်းကပြင်းထန်မှုပြည့်စုံနေပြီ စိတ္တပိုင်းဆိုင်ရာသမထကျင့်
ရမယ်။ လက်သီးကို မဖြုန်းတီးပစ်ရဘူး။ တိုက်ကွက်ထက် ခံကွက်ကို
တစ်လှည့်စီပြောင်းနေရမယ်။ မေ၀ယ်သာကို ဒေါ်သကွက်တွေဖန်
တီးပစ်ရမယ်  . .။
အဲဒီအချိန် မှားတဲ့အခါ တစ်ချက်တည်းပေါ့  .. ။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...