Monday 25 May 2015

သင်



ကျွန်တော်တို့ဟာ  . .
အနိစ္စကို ကြောပိုးပြီးသယ်သွားနေကြတာပါ။

အစဉ်အတန်းဆိုတာ . . . .
ပြတ်ရွေ့ခြင်းတစ်ခုရဲ့လျှို့ဝှက်ချက်ပါပဲ။

တစ်ဘက်တစ်ချက်ဆီက ပုံရိပ်မညီမျှခြင်းတွေဟာ
နောက်ဆုံးထွက်သက်အထိအခံရခက်ခဲ့တယ်။

တစ်ကျပ်သားနဲ့ နှစ်ကျပ်သားဟာ
အလေးချိန်မတူညီပေမယ့် ဒြပ်ဆင်ခြင်းတော့တူနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့  .. လေ
ကျွန်တော်ကတော့ ကိုယ့်ကောက်ကြောင်းရာအတွက်
တာဝန်ယူရဲတဲ့သတ္တိရှိပါတယ်။

မဖြစ်မနေဆိုတာထက်
ဖြစ်ခဲ့ပြီးသမျှတွေ ပျက်သွားခဲ့တာကိုသင်္ခါရမျက်လုံးနဲ့ကြည့်တက်ရမယ်။

ကျွန်တော်တို့အားလုံးဟာ
ရှေ့ဆက်လျှောက်နေကြတာမဟုတ်ဘူးလောင်ကျွမ်းနေကြတာ။

အဲဒါကိုမသိရင်  . ..
အာဏာကိုမက်မောတက်တယ်  . .
ခန္ဓာကိုယ်တွယ်တက်တယ် . .
မလိုလောဘ သူများပိုင်သံယံဇာတကိုခိုးစားတက်တယ် . .
တော်ပြီ  . .တော်ပြီ  ..
ကျွန်တော် ကဗျာဆက် '' သင် '' လိုက်ဦးမယ်။
♥ ခက်ဆစ်အဖွင့်
 သင် - ဝါး/ကြိမ် တို့အား ဖြာရက်လုပ်ရန်အတွက်ညီမျှသောအစိတ်အမွှာလေးများကို ဓားမောက် ဓားဖြင့် ခွဲစိတ်ပြု
လုပ်ခြင်းကို - '' သင် '' သည်ဟုခေါ်ပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...