Thursday 14 May 2015

လိုအပ်ချက်များနှင့် လွဲချော်ခဲ့ရခြင်း


ပြီးပြည့်စုံမှုဆိုတာကတော့ ကျွန်တော့ဘဝမှ ခက်ခဲနေပါလိမ့်မယ်။
အားလုံးပြည့်စုံတယ်ဆိုရင်တောင်မှ ̏ ချစ်သူ˝ ဆိုတာ ကျွန်တော့အ
တွက် အရှားပါးဆုံးကုန်ပစ္စည်းတစ်ခုပေါ့။
ဒီစိတ်နဲ့ပဲဖြေသိမ့်ရင်း . . .
ကျွန်တော့ဘဝကို အရိုးသားဆုံးကုတ်ခြစ်ခဲ့ပါတယ်။
ကျွန်တော့ကို လူတိုင်းနားမလည်တာထက် . . .
ကျွန်တော့ဘက်ကတော့  . ..
လူတိုင်းကိုနားလည်ပေးထားပါတယ်။
မဖြစ်နိုင်တဲ့ဘဝအခြေအနေမျိုးမှာ ဖြစ်နိုင်သလိုလေးပဲဘဝကိုနေသား
ကျအောင် နေလာခဲ့တာ အသက်တောင် 40 ကျော်လာခဲ့ပါပြီ။
အခုလည်းကြည့်လေ  . . . ဧရာဝတီမြစ်လည်ခေါင်တည့်တည့်မှာ
Tripod မရှိလို့ ရေတင်တဲ့ပိုက်ကို သဲစိုက်ပြီး Tripod လုပ်လိုက်ရပါ
တယ်။
တကယ်ပါ ။ ကျွန်တော့ဘဝဟာ အဲလိုပုံစံမျိုးတွေနဲ့ပဲ အခုလိုအသက်
လေးဆယ်ကျော်အထိ ဖန်တီးခဲ့ရပါတယ်။
တော်သေးတယ်  ..  သေရင်ဘာမှယူသွားလို့မရဘူးဆိုတဲ့အသိကြောင့်
ကျွန်တော်ဟာ ဒိုးကြီးဆိုတဲ့နာမည်တစ်လုံးကို ရိုးရိုးသားသားရေးနိုင်ခဲ့
ပါတယ်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...