Sunday 17 May 2015

မိန်းကလေးတွေရဲ့အထာသိတဲ့နည်းလေးပေးပါ



မေးမြန်းလာသောSandar Win . .  ၏အား ပြန်ကြားဖြေဆိုချက်။

လွယ်လွယ်လေးပါ Sandar Win ရေ  . . .

 ̏ မိန်းမဟူငြား၊ သဘောအားကြောင့်၊ ယောက်ျားတကာ၊
ဆက်ဆံရာဝယ်၊ ပမာမယွင်း ၊လှေနှင့်မြင်းသို့ ၊ စီးနင်းသူနောက်၊
ကောက်ကောက်ကြီးသာ၊ လိုက်ပါရ  . . ရှင့်˝
မဃဒေဝ (မာန်လည်ဆရာတော်)

ဒီလင်္ကာကို ဖတ်ပြီး အနက်ကိုသိပြီဆိုရင် မိန်းမသားတို့ရဲ့အထာကို
သိပြီပေါ့  . . ဗျာ။
ဒီတော့က မာန်လည်ထေရ်ရှင်မြတ်က မိန်းမသားအထာကိုသိဖို့
လှေနဲ့မြင်းရဲ့အထာနဲ့ ဥပမေယျဆောင်သွားတယ်ဗျ။ တကယ့်ကိုမှတ်
သားလောက်သော ပဏ္ဍိတ်ကြီးတွေပါပဲ။ မှတ်သားလောက်ဖွယ်ဥပ
မေယျဟာကလည်းပဲ အများလည်းသိလွယ်မှတ်လွယ်တယ်နောက်
မှတ်မိရင်လည်းမေ့ဖို့ခက်တယ်နော်  .. ။
 ̏ လှေ ˝ ကိုလှော်တက်ရင် မိန်းမသားတစ်ယောက်ရဲ့အချစ်ကိုရ
မယ်။ မြင်းကိုစီးတက်ရင် မိန်းမသားတစ်ယောက်ရဲ့မေတ္တာကိုရေလို
သုံးလို့ရမယ်။
အဓိကကတော့ မိန်းမသားတစ်ယောက်ရဲ့မာယာကိုသိဖို့အတွက်
စာပေနှံ့စပ်ဖို့လိုပါလိမ့်မယ်။ စာပေဗဟုသုတမြောက်များစွာကို
နိစ္စဓူဝလေ့လာမှတ်သားနေသောသူအတွက် မိန်းမသားတစ်ယောက်
ရဲ့မာယာနဲ့အထာကို ကောင်းကောင်းသိနေပါလိမ်မယ်။
အထူးဖြင့် ဗုဒ္ဓမြတ်စွာရဲ့ ဇာတကပိဋကတ်များကို လေ့လားမှတ်သား
ဖူးသူများက မိန်းမအကြောင်းကိုသာလွန်၍သိနေပါလိမ့်မယ်။
မိန်းမအကြောင်းရယ်ဆိုတာထက် ယင်းဇာတကပိဋကတ်များက
သတ္တလောက သခ င်္ါရလောက ဆိုတဲ့လောကသုံးပါးရဲ့ ဖြစ်လေ့ဖြစ်
ထ ကျင့်ဓလေ့စရိုက်လက္ခဏာများကို သင်ကြားပြသဆိုဆုံးမထား
တာဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ မိန်းမအထာကိုသိချင်ရင်  . . .
(၁) မာန်လည်ဆရာတော်ရေးသားပြုစုသည့် မဃဒေဝလင်္ကကာသစ်
ကျမ်းစာအုပ်၏ ̏ ပုတ္တောဝါဒ˝အခဏ်းကိုကျေညတ်အောင်ဖတ်ထား
ရပါလိမ်မည်။
(၂) ယင်း ပုတ္တောဝါဒ၏ ဆိုင်ရာ ခက်ဆစ်အဖွင့်ဖြစ်သော ဇာတကပိ
ပိဋကတ်ကို ယှဉ်တွဲလေ့လာမှလည်းပဲ အဓိပ္ပါယ်အနက်ကိုပိုမိသိမြင်
နိုင်ပါလိမ်မည်ဟု  . . .
ဖြေကြားလိုက်ပါသည် . .။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...