Tuesday 5 May 2015

နီပေါကယစ်ပူဇော်တဲ့သူတွေ ခလေးအသိဉာဏ်လောက်တောင်စာနာစိတ်ကင်းမဲ့ကြတယ်



နီပေါငလျင် ကျွန်တော်ကိုယ်ချင်းစာပါတယ်ဗျာ  . .သို့သော်
သူတို့ကျတော့ ဘာဖြစ်လို့ အပြစ်မဲ့တဲ့တိရိစ္ဆာန်ပေါင်း
ငါးသိန်းခွဲကို ရက်ရက်စက်စက်သတ်ပြစ်ရတာလည်း . .
ကျွန်တော် အဲဒီအတွေးကို ၀င်မိတော့  . . .
လူတွေအပေါ် သနားစိတ်ပျောက်သွားတယ်  . ..
လူတွေဟာ သားကောင်တွေကိုဖျက်ဆီးနေကြတဲ့အတွက်
ကမ္ဘာမှာ လူတွေကိုပြန်ပြီး ဖျက်ဆီးနေတာပဲလို့ထင်တယ်။
Action to Reaction ပေါ့ဗျာ။
စားဖို့ပဲ သတ်သတ်  .. .
ယစ်ပူဇော်ဖို့ပဲ သတ်သတ်  ..
အီးစ်ဒေး နေ့မို့ပဲ သတ်သတ်  . ..
သတ်တာကတော့ သတ်တာပါပဲ  . ..
သေဆုံးခြင်းအတွက်တော့  . .ကျွန်တော် လုံးဝစိတ်မကောင်း
ပါဘူးဗျာ။
အောက်ပါသတင်းကြောင့်ကျွန်တော်အခုလိုရေးမိတာပါ။
နီပေါမှာနေတဲ့ယစ်ပွဲမှာလုပ်ခဲ့ကြတဲ့လူတွေဟာ အခုသတင်းပါ
အိန္ဒိယနိုင်ငံက 12 နှစ်ကလေးလောက်တောင်အသိဉာဏ်မရှိကြ
ဘူးလို့ ကျွန်တော်မြင်တယ်။
သေဆုံးခြင်းဟာ မကောင်းဘူးလို့ ဒီကလေးလေးသိတယ်။သိတဲ့
အတွက်သူ့ပိုက်ဆံဗူးလေးကိုဖေါက်ထုတ်လှူဒါန်းလိုက်တယ်။
နီပေါက ယစ်ပူဇော်တဲ့သူတွေဟာ သေးဆုံးခြင်းဟာ မကောင်းဘူး
လို့ မသိမြင်ကြခြင်းပဲဖြစ်တယ်လို့ကျွန်တော်သုံးသပ်မိပါတယ်။
နီပေါကလူတွေ ငလျင်ကိုနောင်တရတဲ့အနေနဲ့ နောက်တစ်ခါ
250000 ခွဲမျရှိသော တိရိစ္ဆန်တွေကို မသတ်သင့်တော့ဘူးနောင်
တရသင့်တယ်လို့ ထင်ပါတယ်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
နီပေါငလျင်ဒဏ်ခံရသူတွေကို ၁၂ နှစ်သားလေးက စုဗူးခွဲပြီး လှူ
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀
အိန္ဒိယနိုင်ငံက ၁၂ နှစ်သားလေးဟာ နီပေါငလျင်ဒဏ်သင့်သူတွေ
ကို လှူဖို့ သူ ၂ နှစ်ကြာစုဆောင်းခဲ့တဲ့ ၀က်ရုပ်စုဗူးလေးကို ခွဲခဲ့ပါတယ်။
စုဗူးထဲက ရူပီး ၃၅၀၀ (၅၄ ဒေါ်လာ)ကို နီပေါသံရုံးကို သွားလှူခဲ့တာပါ။
အကြွေတွေချည်းပဲမို့ ပိုက်ဆံတွေကိုရေတွက်ဖို့ တစ်နာရီလောက်
အချိန်ပေးခဲ့ရပါတယ်တဲ့။
သူ့မိဘတွေကို လက်ဆောင်ပေးဖို့နဲ့ ဘောလုံးအသစ်တစ်လုံးဝယ်ဖို့
အခုလို စုထားတာဖြစ်ပြီး ရုပ်သံမှာ သူနဲ့ရွယ်တူကလေးတွေ ဒုက
္ခရောက်နေတာမြင်တော့ သူ စိတ်ပြောင်းသွားတာလို့ ဆိုပါတယ်။
အခုတော့ လက်ဆောင်ရတဲ့စုဗူးအသစ်နဲ့ သူလိုချင်တာတွေလုပ်ဖို့
ပိုက်ဆံထပ်စုနေပြန်ပါပြီ။
Ref.BBC,May 4th
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...