Monday 18 May 2015

မဇ္ဈိမ .



ဘဝဆိုတာ ယုံကြည်ရာပါ။ ကိုယ်ယုံကြည်ရာကိုရဲရဲရင့်ရင့်လုပ်
တာကိုဘဝလို့ခေါ်တယ်။ ဒီစကားမျိုးကို ဘယ်အဘိဓာန်မှရှာ
မကြည့်နဲ့။မောသွားမယ်။ ဒိုးကြီးရဲ့ လေးဆယ်ကျော်ကိုယ်တွေ့
အဘိဓာန်ထဲမှာပဲရှိတယ်။
ခဏလေး . .  ဘဝဆိုတာ တကယ့် တစ်ညလေး  . .
အဲဒီအခိုက်အတန့်လေးမှာ ကိုယ့်ယုံကြည်ရာဟာ
အများအတွက် အဖြူရောင်တွေဖြစ်ဖို့လိုပါတယ်။
အရှက်အကြောက်ဆိုတဲ့ ဟိရိသြတ္တပ ဆိုတဲ့ပါဠိစကားက
ဒါကိုပဲဖွင့်ဆိုတာပဲ။
ကိုယ်လုပ်ချင်တာ ကိုယ်ယုံကြည်ရာဟာ အများအတွက်
အလင်းတွေ အဖြူတွေ  . အေးမြမှုတွေဆိုရင် ထိုသူဟာ
ဗြဟ္မာစိုရ်တရားများကိုလက်ကိုင်ထားသူအဖြစ် ဗုဒ္ဓအဘိဓမ္မာက
ဖွင့်ဆိုပါတယ်။
ကျွန်တော်  ..  ဒီနေ့ည  . .သို့မဟုတ် လမ်းမပေါ်မှာ . .
အခုပြောတဲ့ အဘိဓမ္မာသမားတစ်ယောက်နဲ့ဆုံဖြစ်ခဲ့ပါတယ်။
သူ့ကို ကျွန်တော်မြင်လိုက်တဲ့ စက္ကန့်ဟာ အခုပူးတွဲဓာတ်ပုံအတိုင်း
လောကကြီးကို ဂရုမစိုက်ဘဲ ဓာတ်ပုံရိုက်နေတာပါပဲ  . .
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...