Sunday 14 August 2016

သင်္ခတနှင့် 21 ရာစုပင်လုံညီလာခံ


အဲဒီစကားလုံးကို ပါဠိ၊မြန်မာ၊အင်္ဂလိပ်အဘိဓာန်တွေကိုလှန်ကြည့်တော့ . . .
(pp, of sa`nkharoti.) conditioned; prepared; produced by a cause.Put together, aggregated, organized, made, wrought, built, created, perfected, embellished; cooked, dressed, compounded
လို့တွေ့တယ်။ အဲဒါကိုတစ်ခါ မြန်မာပြန်ထဲရှာကြည့်ပြန်တော့လည်းပဲ ကျွန်တော်
သဘောကျလောက်တဲ့ အနက်ကိုမတွေ့ရဘူးဖြစ်နေတယ်။
ဒါ့ကြောင့် ဘာသာစကားတစ်ခုကနေ တစ်ခုကို ပြောင်းလည်းနားလည်ယူရာမှာ
ပြဿနာတွေအများကြီးဖြစ်နေတယ်ဆိုတာကို သဘောပေါက်မိတယ်။
အဲဒီတော့မှပဲ ကျွန်တော်တို့လူသားတွေဟာ ပုံစံတစ်မျိုးစီရူးသွပ်နေကြတဲ့သတ္တဝါ
တွေပဲလို့ ကောင်းကောင်းကြီး ဘာသာပြန်နိုင်ခဲ့တယ်။
ကိုယ်ကအစ တော်ကိုသနားစရာကောင်းနေတဲ့ သတ္တဝါတစ်ကောင်ဖြစ်နေတယ်။
ဒီအတွေးတွေဟာ “သင်္ခတ” ဆိုတဲ့ပါဠိစကားလုံးကို ရှာဖွေစီစစ်ရင်းကနေ
ကျွန်တော့အတွေးထဲကို မှန်ကန်စွာဝင်ရောက်လာတဲ့အဖြေတစ်ခုပါပဲ။
သို့ကြောင့်ပဲ အတွေးအခေါ်တွေထဲမှာ အစောဆုံးလို့ပြောလို့ရတဲ့ ဗုဒ္ဓဟာ
“ ပုထုဇ္ဇန္နော ဥမတ္တကော” ဆိုပြီး ဒဿတစ်ခုကို ကမ္ဘာ့လူသားတွေနှုတ်ထဲကို
ထည့်ပေးခဲ့တာပဲဖြစ်မယ်။
ဆိုလိုတာက ရူးသွပ်နေတဲ့သူတစ်ယောက်ဟာ အချစ်ကိုရှာဖွေနေသလိုပါပဲ။
“အရူးလင်လုပ်ရသလိုပဲ ” ဆိုတဲ့ ရှေးမြန်မာ့စကားပုံလိုပေါ့ဗျာ။
ရူးနေတဲ့သူတစ်ယောက်ဟာ သူလုပ်သမျှ action တွေအားလုံးဟာ အမှန်
မဖြစ်နိုင်သလို “ကစဥ့်ကလျား”တွေလည်းဖြစ်နိုင်တယ်။ “တောင်စဉ်ရေမ”လည်း
ဖြစ်နိုင်တယ်။ ဒါ့ကြောင်း အရူးတစ်ယောက်ရဲ့ မယားဖြစ်သူ မိန်းမသားတစ်
ယောက်ဟာ အတော်ကို စိတ်ပျက်စရာပေါ့။
“ အခု ထမင်းစားမယ် ”  “ အခုပဲ စားနေရင်း အိပ်ယာထဲသွားမယ်”
မိန်းမသားက အရူးလင်စိတ်ချမ်းသာအောင် သူ့အလိုလိုက်လို့ အိပ်ယာထဲ
လိုက်သွားရရှာတယ်။ အိပ်ယာထဲရောက်လို့ ပက်လက်လှန်ရုံရှိသေးတယ်
အရူးလင်က  . “ ငါ  . ဘုရားသွားရှိခိုးလိုက်ဦးမယ် ”  . တဲ့။
ကဲ  ..  အရူးမယားဖြစ်ရတဲ့ မိန်းမသားတစ်ယောက်ရဲ့ဘဝဟာ ဘယ်လောက်
စိတ်ညစ်စရာကောင်းသလဲ? ကိုယ်တိုင်ကြုံရင်ပိုသိမှာပေါ့။
ဒါ့ကြောင့် ကျွန်ုပ်တို့ဟာ တစ်ကိုယ်ရေတစ်ကာယရူးသွပ်မှုတွေနဲ့ စကားလုံး
တွေကို ဆိုင်ရာဘာသာစကားနဲ့ဘာသာပြန်ဆိုရာမှာ “ အရူးလင်” လိုဖြစ်
နေတယ်။
“ သင်္ခတ” ပါဠိစကားရပ်ကို မြန်မာလိုဖွင့်ဆိုထားတာက . ..
သင်္ခတ (တိ)(တီ-ကိတ်) (သံ√ကရ်+တ)
·          ပြုပြင်စီရင်အပ်သည်။
·          ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းတရားတို့ ပြုပြင်အပ်သည်။
လို့ဆိုတယ်။
သင်္ခတ-
(၁)(အကြောင်းတရားတို့သည်)တကွဖြစ်-ပေါင်း-၍-ပြုပြင်-စီရင်-အပ်သော။
(က)ခန္ဓာငါးပါး-ပစ္စယနိဗ္ဗတ္တ-သပ္ပစ္စယ-တရား။ (ခ)သင်္ခါရက္ခန္ဓာ။(ဂ)မာန။

(၂)(တိတ္ထိတို့ကြံဆအပ်သော အတ္တကို)ပြုပြင်-စီရင်-ခြင်း။

(၃)(အကြောင်းတရားတို့သည်)တကွဖြစ်-ပေါင်း-၍-ပြုပြင်-စီရင်အပ်သည်၏အဖြစ်။
လို့ တွေ့ရပါတယ်။
ဒ့ါကြောင့် ကျွန်တော်တို့တတွေဟာ အရူးလင်လို ဗလာချာအတွေးတွေနဲ့ ဗရမ်း
ပတာလုပ်နေကြတယ်။
နိယာမသဘောတရားတွေကို ဓာတ်ခွဲခန်းထဲထည့်ပြီး ဘဝတွေကိုမြုတ်နှံရင်း
ယင်း၏ရှာဖွေတွေ့ရှိချက်ကို စာရွက်ပေါ်ချရေးကာ ကမ္ဘာ့သုတေသီပါရဂူကြီး
တစ်ဆူအဖြစ် နာမည်ရေးထိုးခဲ့တယ်။
တကယ်က နိယာမတွေ။ ကြံက သူရဲ့ဗီဇနိယာမအရ အချိုဓာတ်ပေါင်းကိုထုတ်
ပေးနေတယ်။ ကြက်ဟင်းခါးသီးက သူရဲ့ဗီဇနိယာမအရ အခါးဓာတ်ပေါင်းကို
ထုတ်ပေးနေတယ်။
ဒါကို ဓာတ်ခွဲခန်းထဲထည့်ပြီး ချိုသည်ထက်ချိုအောင် ဖန်တီးကြတယ်။ ခါးသည်
ထက်ခါးအောင် ဖန်တီးကြတယ်။ မူလ အနီရောင်နှင်းဆီကို ခရမ်းရောင်နှင်းဆီ
ဖြစ်အောင် မျိုးစပ်လိုက်ကြတယ်။ အဲလိုလုပ်လို့ရတာကိုပဲ ရူပဗေဒပညာရှင်
Physicit ဖြစ်သွားတယ်။
Physicit ပညာရှင်ဆိုတာ တကယ်က သင်္ခတတရားတွေကိုပေါင်းနှုတ်မြောက်
စားလုပ်နေတဲ့သူပါ။
သူ့သဘာဝအရ ဖြစ်တည်နေတာတွေကို လွန်လွန်ကျူးကျူး ဒြပ်ပေါင်းလိုက်
တာပါပဲ။ ဒီကနေ့ ရန်ကုန်မြို့မှာ မိန်းမမိန်းမချင်း ယူပြီး ခလေးမွေးနေတာကို
ခင်ဗျားတို့ ကြားသိနေပြီးသားပါ။ ဒါဟာ အခြားသူရဲ့သုတ်သွေးကိုယူပြီးဖန်
ပေါင်းချောင် bell-jar ထဲထည့်ပြီး လူအစစ်တစ်ယောက်အဖြစ် အပူအအေး
ပေးပြီး မွေးထုတ်လိုက်တာပဲ။
ယင်းကို အသိဉာဏ်နဲပါးတဲ့သူတွေက ဂုဏ်ယူနေကြတယ်။ တကယ်က မူလ
ဗီဇ သုတ်သွေးကြောင့်ဖြစ်ရတာပဲ။ ပညာရှင်ဟာ ထူးထူးကဲကဲ ဘာမှဖန်တီး
နိုင်စွမ်းသတိမထားမိဘူး။ မူလသုတ်သွေးမရှိရင် လူမဖြစ်ဘူး။ မူလ ဗီဇမရှိရင်
လူမဖြစ်ဘူး။
ဘာတွေပဲလုပ်လုပ် ဘာတွေကိုပဲ တီထွင်တီထွင် ကျွန်တော်တို့ဟာ “သင်္ခတ”
ကို အနိုင်မရနိုင်ဘူး။ “သင်္ခတ” ကနေ “ အသင်္ခတ” အဖြစ် ပညာရှင်မှန်သမျှ
ဒီကနေ့အထိ မတုပနိုင်ကြသေးဘူး။ နောက်လည်း တုပနိုင်မည်မထင်။
ဗုဒ္ဓဆိုင်ရာစကားနဲ့ပြောရင် မွေးသေ အလုပ်ဟာ သတ္တလောကရဲ့အဖြစ်မှန်
ပဲ။ ကမ္ဘာကလည်းပဲ သူကိုယ်တိုင် မွေးသေခြင်းတွေကို မလွန်ဆန်နိုင်ဘူး။
ဒီကနေ့ လူသားတွေဟာ ဒါကို အမှုမဲ့နေပြီး နယ်ချဲ့နေကြတယ်။ တိုးတက်
ထွန်းကားတယ်လို့အမြင်ရှိနေကြတယ်။ တကယ်က ဆုတ်ယုတ်ပျက်ပြား
နေတာ။ ပရမတ်အမြင်မရှိတော့ဘဲ ပညတ်အမြင်နဲ့ပဲ ဂုဏ်ဒြပ်အမျိုးမျိုးတပ်
ပြီး မွေးသေရဲ့ ဆုံးမခြင်းကို ခံနေရတယ်။
မတည်မြဲတဲ့ ကမ္ဘာကိုအမှီပြုအသက်ရှင်ပြီး ယင်းကမ္ဘာမြေကိုပဲ ဖျက်ဆီးနေ
ကြတယ်။ သစ်ပင်တွေအဆမတန်ခုတ်မယ်။ ဓာတ်သတ္ထုတွေမဟားဒယား
တူးမယ်။ ငြိမ်းချမ်းစွာစီးဆင်းနေတဲ့ မြစ်ကြီးထဲကရေတွေကို တားဆီးပြီး
ဆည်တာတမံကြီးတွေ လုပ်ကြတယ်။
ဒါတွေကိုလုပ်နိုင်တာကိုပဲ ဂုဏ်ယူနေကြတယ်။ ဒါတွေဟာ ကမ္ဘာနဲ့မိမိတို့
နိုင်ငံကိုဖျက်ဆီးနေတယ်လို့ မယူဆနိုင်ကြဘူး။
ပိုဆိုးတာက “ အာဏာရှင်” နဲ့ “အစွန်းရောက်ဘာသာရေးသမား”တွေပဲ။
သူတို့က ကမ္ဘာနဲ့လူသားအများစုကို ထိထိရောက်ရောက်သတ်ဖြတ်နိုင်ကြ
တယ်။လူမျိုးတုန်းအောင် ဖျက်ဆီးနိုင်ကြတယ်။ ဒါကိုလည်းပဲ လူသားတွေ
သတိမမူမိကြဘူး။
ဘာ့ကြောင့်လည်း ယင်းအာဏာရှင်တို့ အစွန်းရောက်ဘာသာရေးသမားတို့
ဟာ “ သင်္ခတ” ကိုနားမလည်ခဲ့ကြဘူး။ နားမလည်တဲ့အတွက် ကိုယ့်နဲ့ကိုယ်
မိသားစုကောင်းစားရေးဆိုတဲ့ “အမြင်တို”လေးကိုပဲမြင်ပြီး။
သစ်တောတွေကို ခုတ်ရောင်း/ တောာင်တွေမှာရှိတဲ့ ဓာတ်သတ္ထုတွေကို
တူးဖေါ်ဖြိုချပြီးရောင်း/ ရေတံခွန်တွေ မြစ်တွေကို ဆည်တာတမံတွေဆောက်
ပြီးလျှပ်စစ်ဓာတ်တွေထုတ်ရောင်း - အခု ကျွန်တော်ပြောနေတာတွေဟာ
အခြားနိုင်ငံတွေမှာဖြစ်နေတာတွေကို ချရေးနေတာမဟုတ်ဘူးနော်။2016
အခုကိုပဲမြန်မာပြည်မှာဖြစ်နေတာ။ ဂျာနယ်တွေမှာ သတင်းမီဒီယာတွေ
မှာပါနေတာကိုပဲပြောနေတာပါ။
အကယ်၍သာ အဲလို အာဏာရူးတွေ ခရိုနီတွေဟာ “နေမင်းကြီးရဲ့"ဆွဲအား
(Gravity)" မရှိတော့တဲ့အခါမှာစကြာဝဠာအတွင်းအထိမ်းအချုပ်မဲ့ အာကာ
သထဲသို့ ရောက်ရာ ပေါက်ရာ အရပ်ကို ဥဒဟို ပြေးထွက်သွားပြီး ကမ္ဘာကို
အမှီပြုတဲ့ မိမိအပါဝင်သတ္တဝါမျိုးနွယ်စုတွေအားလုံး သေရုံမက အမှုန်အမွှား
တောင်ရှာမတွေ့တော့ဘူးဆိုတဲ့ သင်္ခတရဲ့သဘောကိုမသိလို့ အခုလိုမိုက်
မဲနေကြတာပါပဲ။ အစွန်းရောက်ဘာသာရေးသမားတွေလည်း ထိုနည်းတူစွာ
ပါပဲ။ မခိုင်ခံ့တဲ့ သင်္ခတအနက်ကို မသိလို့ပေါ့။
အခုပဲ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်ပြီး 21ရာစုငြိမ်းချမ်းရေးညီလာခံ
ကိုကျင်းပဖို့တာဆူနေတယ်။ အဲဒီအစည်းအဝေးမှာရှိတဲ့သူတွေအားလုံး အခု
ကျွန်တော်ဘာသာပြန်နေတဲ့ “သင်္ခတ”ကို ကောင်းစွာနားလည်သဘောပေါက်
ကြမယ်ဆိုရင် အောင်မြင်မှာပါ။
မြန်မာနိုင်ငံတွင်မကပါဘူး။ ကမ္ဘာ့ကုလသမ္မဂ္ဂဆိုတာလည်းပဲ ငြိမ်းချမ်းရေးကို
ဗဟိုပြုတယ်လို့ဆိုပါတယ်။ အဲဒီအဖွဲ့ကြီးဖွဲ့စည်းထားတာ ကြာပဲကြာလှပြီဖြစ်
သော်လည်း အခုအထိကို ကမ္ဘာမှာ မွတ်ဆလင်အခြင်းခြင်းလည်းပဲသတ်နေ
ကြတယ်။ တစ်ဘုရားတည်းနော်။ သူတို့ကို အလ္လာဟ်အရှင်မြတ်ကပဲဖန်ဆင်း
တယ်ဆိုပြီး အလ္လာအရှင်မြတ်ကိုပဲ ဖင်ထောင်ကန့်တော့ကိုးကွယ်နေကြ
သူအခြင်းခြင်း သတ်နေတာ။ ရိုးရိုးတောင်မသတ်ဘူးနော်။ ကမ္ဘာ့လူသား
ထုတွေမြင်အောင် ရုပ်သံဖိုင်တွေထဲထည့်ပြီး သူတို့ရက်စက်စွာသတ်ဖြတ်
ပုံကို အင်တာနက်ပေါ်တင်ပြတာ ခင်ဗျားတို့ မြင်ဖူးကြမှာပါ။
အရှင်လတ်လတ် လည်လှီးသတ်တယ်။ အရှင်လတ်လတ် မီးရှို့သတ်တယ်။
ဒါ့ကြောင့် “သင်္ခတ”ကိုမသိသရွေ့ မိုက်မည်းနေကြဦးမှာပဲ။ နောက်ဆုံးကမ္ဘာ
ဟာ မိမိဝင်ရိုးကနေ ῾နေ᾽နဲ့ caused obstruction. ဝိရောဓိတွေဖြစ်ပြီး ပျက်
ဆီးတော့မှ အစောကပြောခဲ့တဲ့ “သင်္ခတ”ကိုနားမလည်တဲ့ အာဏာရူးတွေ
ခရိုနီတွေ လက်ပါးစေတွေ မိုက်မဲသူတွေဟာ နောင်တရကြမှာဖြစ်ပါတယ်။
ဒါ သဘဝတရားပါပဲ။ ဒါ နိယမတရားပါပဲ။
သတ္တဝါအချို့ဟာ ကိုယ့်လက်မပူသရွေ့ ကိုယ်မပူကြပါဘူး။ သူများလက်ပူ
နေတာကို ကိုယ့်လက်ပူတယ်လို့သဘောမထားနိုင်ကြပါဘူး။ ဒါနဲ့ပဲ ငြိမ်းချမ်း
ရေးကိုဦးဆောင်နေတဲ့ သင်္ခတဓာတ်သိတဲ့သူတွေရဲ့ ကြိုးစားအားထုတ်မှု
ဟာ အရာမဝင်ဖြစ်နေရတာပါ။
ဒါ့ကြောင့်အတုမရှိဗုဒ္ဓမြတ်စွာဟာ သူရဲ့သဗ္ဗညုတဉာဏ်တော်နဲ့  “ကမ္ဘာစင်္ကြ
ဝဠာကြီးဟာလည်းပဲ လောင်ကျွမ်းနေတယ်။ ယင်းကိုအမှီပြုနေကြတဲ့ သတ္တဝါ
လောကကြီးကလည်းတစ်ခုလုံးဟာလည်းပဲ လောဘမီးတွေလောင်နေတယ်။
ဒေါသမီးတွေလောင်၊ မောဟမီးတွေလောင်ကျွမ်းနေကြတယ်။ ဒီလောင်ကျွမ်း
မှုတွေ အပြီးတိုင်ငြိမ်စေဖို့ မတည်မြဲ မခိုင်ခံ့ ပရမ်းပတာဖြစ်နေတဲ့ ဒီလောက
အကြောင်းကို ဟောမှ ပြောမှပဲလို့ ”  ဆုံးဖြတ်တော်မူပြီး လောဘမီးတွေငြိမ်း
စေဖို့ “အလောဘ”စကားတွေကိုပြောပြတော်မူခဲ့တယ်။ ဒေါသမီးတွေငြိမ်းစေဖို့
“အဒေါသ”စကားတွေကိုရှင်းပြတော်မူခဲ့ပါတယ်။ သူဖြတ်သန်းခွင့်ရတဲ့ (၄၅)နှစ်
တာကာလပတ်လုံး ကမ္ဘာ့ငြိမ်းချမ်းရေးထက်ကြီးကျယ်တဲ့ သတ္တလောကငြိမ်းချမ်း
ရေးရအောင် နေ့မနားညမအား ဟောကြတော်မူခဲ့ပါတယ်။
လှန်ဖတ်ကြည့်။ ဗုဒ္ဓစကားတွေမှာ ဒေါသမီးဖြစ်စေဖို့ တစ်လုံးမပါဘူး။ လောဘမီး
လောင်စေဖို့ တစ်ဝါကျမပါဘူး။ ကမ္ဘာလောကကြီး သတ္တဝါတွေ အခြင်းခြင်း
သတ်ဖြတ်နှိပ်စက်ခြင်းမရှိရအောင် “ပါဏာတိပါတာ”သိက္ခာပုဒ်တော်ကိုပညတ်
တော်မူခဲ့ပါတယ်။
ခိုးဆိုးလုယက်တိုက်ခိုက်မှုတွေမရှိရအောင် “ ဆင်းရဲသားလည်း ” အနိစ္စ
“သူဌေးသူကြွယ်မင်းစိုးရာဇာလည်း” အနိစ္စလို့ သမုတ်ပေးခဲ့ပါတယ်။
မိမိတို့အားလုံးဟာ “သင်္ခတ”နယ်သားတွေဖြစ်ကြောင်းဟောကြားဆိုဆုံး
မခဲ့ပါတယ်။ ထိုသို့ ဗုဒ္ဓ၏စကားတောကြောင့် .
သင်္ခတမှန်းသိသွားတဲ့၊ အနိစ္စမှန်းသိသွားတဲ့သူတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေး
အတွက် လမ်းလျှောက်ကြသော်လည်း အတ္တအဖြစ်ထင်မှတ်နေကြသော
အစွန်းရောက်ဘာသာရေးသမားတွေ အာဏာရှင်တွေ ခရိုနီတွေကတော့
ဖြင့် မိုက်မဲနေသော အမှောင်အဝိဇ္ဇာလမ်းမထက်မှာ သတ်ဖြတ်နှိပ်စက်
ညှင်းဆဲရင်း လောကကိုရော မိမိဘဝကိုပါ ဖျက်ဆီးနေကြပါတယ်။
ထို့ကြောင့်  .. .
လူထုခေါင်းဆောင် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ပြည်သူအများစု
၏ကြည်ညိုလေးစားချင်ခင်ခြင်း၊ ကမ္ဘာ့လူထုအများစု၏ ကြည်ညိုလေး
စားချင်း  .. စသော ချစ်ခြင်းမေတ္တာဘွဲ့ထူးဂုဏ်ထူးများကိုခံယူကာ
21ရာစုရဲ့ ငြိမ်းချမ်းရေးပင်လုံညီလာခံကြီးကို ခေါင်းဆောင်ကျင်းပတော်
မူသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာ့ပြည်သူလူထု ကမ္ဘာ့ပြည်
သူလူထုအပေါင်းတို့သည် မိမိကျိုးစားအားထုတ်သော စစ်မှန်သောပြည်တွင်း
ငြိမ်းချမ်းရေးခေါ် ဗာဟိဒ္ဓအေးချမ်းမှု၊ မိမိ၏အစ္ဇျတ္တသဏ္ဍာန်ငြိမ်းချမ်းမှုခေါ်
စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုအပေါင်းတို့ဖြင့်ပြည့်စုံပါစေ .. ။
ကိုးကား  .. .
ပါဠိမြန်မာအဘိဓာန် (ဦးဟုတ်စိန်)

တိပိဋပါဠိမြန်မာအဘိဓာန်

No comments:

Related Posts Plugin for WordPress, Blogger...