Thursday 11 August 2016

ကျမ်းမြတ်ကုရ်အာန်ကို လေ့လာခြင်း (၃)

သင်၏ ရင်ကို အေးမြပါစေ
ခင်ဗျားတို့ သိထားနေကြအတိုင်းပါပဲ။“ဘာသာတရား အဆုံးအမဆိုတာဟာ လောကကို ယဉ်ကျေးစေ” ဖို့ တဲ့လေ။ ဟုတ်ပါပြီ။ ဒါဆိုရင် ။ ခင်ဗျားတို့ဖတ်မိတဲ့ ဘာသာ တရားအဆုံးအမတွေက ခင်ဗျားတို့ကို တကယ်ပဲယဉ်ကျေးစေပါသလား? လောကအတွက် ရော ငြိမ်းချမ်းစေပါသလား?
ဘာသာတရားစာမျက်နှာကတော့ ယဉ်ကျေးမှုစကားလုံးတွေ့ပါရှိသော်လည်းပဲ ကျုပ်တို့ ကိုယ်တိုင် ယင်းယဉ် ကျေးမှုစကားလုံးများကို ဘယ်အတိုင်းအတာထိလိုက်နာကြနှင့်ပြီလဲ? ဒီလို မေးခွန်းမျိုးမေးနိုင်တဲ့ thinking ရှိထားနှင့်ဖို့ လိုပါတယ်။ လေ့လာကြပါစို့  . ..
{အကယ်၍ သင်တို့သည်(အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခန်ရန်) မထွက်ကြပါလျှင်၊ထိုအရှင်မြတ်သည် သင်တို့အား နာကျင်ဖွယ်ဖြစ်သောပြစ်
ဒဏ်ကို ပေးတော်မူအံ့။}
ထိုစာပိုဒ်ကို ခင်ဗျား ဘယ်လိုနားလည်မိပါသနည်း?
ကျုပ်တို့ ကျမ်းစာအုပ်တွေဖတ်တာ စစ်တိုက်ဖို့၊ရန်ဖြစ်ဖို့၊ အနိုင်ကျင့်ဖို့၊ ညှင်းဆဲဖို့၊ သတ်ဖြတ်ဖို့  .. အတွက်လား? အဲလိုဆိုရင်တော့ လူသတ်ဇာတ်လမ်း ရုပ်သံတွေကိုပဲ ကြည့်ပေတော့။
ကျမ်းစာအုပ်ကိုဖတ်ပြီး ယင်းကျမ်းစာအုပ်ရဲ့အာဘော်အတိုင်း ကိုယ်နဲ့အယူဝါဒမတူသူကို စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရမယ်ဆိုရင် . . ရှေ့ဆက်ကမ္ဘာကြီးဘာတွေဆက်ဖြစ်မှာလည်းဆိုတာ ခင်ဗျားတို့ စဉ်းစားချင့်ချိန်နိုင်လောက်ပြီဟု ကျုပ်ယူဆမည်။
လူ့ဘဝရဲ့ခဏတာမှာ ကိုယ်နဲ့မတူ ကိုယ့်ရန်သူအဖြစ် တိုက်ခိုက်ရန် ရေးသားသော ကျမ်းစာအုပ်ဟာ လောကအတွက် ငြိမ်းချမ်းရေးကို ဘယ်လိုရှေ့ရှုမလဲ?
ဘာသာတရားအဆုံးအမဟာ မည်သည့်ဘာသာဝင် အတွက်မဆိုယဉ်ကျေးစေရမယ်။ သိမ်မွေ့စေရမယ်။ သို့မှသာ လောကအတွက် အငြိမ်းဓာတ်အအေးဓာတ် ကိုဖြစ်စေမှာဖြစ်
သလို ကိုယ်တိုင်လည်း အအေးသမား အငြိမ်းသမားတစ်ယောက်ပေါ့။
အခု ကျုပ် အအေးဓာတ်အငြိမ်းဓာတ်ကိုသန္ဓေတည်ပြီးရေးနေတာပါ။ လောကကိုငြိမ်းချမ်း စေချင်တယ်။ ဘာသာဘုရားတွေကိုအကြောင်းပြုပြီး စစ်မက်ရန်ဘေးတွေမဖြစ်ချင်ဘူး။ ဘာသာတရားစာမျက်နှာမှာ စစ်တိုက်ဖို့ သတ်ဖြတ်ဖို့လိင်ပိုင်းဆိုင်ရာစော်ကားဖို့ စတဲ့ စကားတွေပါနေတာကိုကဘာသာတရားအဆုံးအမဟုတ်၏ မဟုတ်၏ဆိုတာကို သုံးသပ်စေ ချင်လို့ ရေးနေတာပါ။
ကမ္ဘာ့သတင်းကို ခင်ဗျားတို့အခုကျုပ်ရေးနေတဲ့ 8.9.06 ရက်မှာပဲကြည့် ဘာသာရေးစကား လုံးကို အယောင်ပြပြီးဘာသာတူမွတ်ဆလင်အခြင်းခြင်းသတ်နေကြတယ်။ ဒါတွေဟာ ကျမ်းစာအုပ်တွေကို ဖတ်ပြီး ယင်းကျမ်းစာအုပ်ကို ကျင့်သုံးသင့်မကျင့်သုံးသင့် အကောင်းလော အဆိုးလော စသည်ဖြင့် မသုံးသပ်မဝေဖန်နိုင်တဲ့ အတွေးဉာဏ် များကြောင့် မလိုလားအပ်သော အခြင်းခြင်း ခေတ်မီလက် နက်တွေနဲ့ ပစ်သတ်နေကြတဲ့အပြင် လည်လှီးခြင်း မီးရှို့ခြင်း စတဲ့ ပြင်းထန်သော တုန်လှုပ်ဖွယ် ရာသတ်ဖြတ်ခြင်းများဖြင့် သတ်ဖြတ်နေကြခြင်းဖြစ်ပါတယ်။
ကဲ . .. ဒီစာပိုဒ်ကိုရော ခင်ဗျား ဘယ်လိုနားလည်နိုင်လဲ?
၉း၃၉-ကျမ်းမြတ်ကုရ်အာန်
{ယခုသော် အသင်တို့သည်῾ကာဖီရ်᾽ သွေဖည်ငြင်းပယ် သောသူတို့နှင့်ရင်ဆိုင် တွေ့ကြသောအခါ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။နောက်ဆုံးတွင် အသင်တို့သည်
၎င်းတို့အား ကောင်းစွာသတ်ဖြတ်ခဲ့ကြပြီးသောအခါ သုံ့ပန်းများကိုကြိုးများဖြင့် ကောင်းစွာ တုပ်နှောင်ကြလေကုန်။ထို့နောက် တစ်ဖန်(အသင်တို့သည်) ကျေးဇူးပြုခြင်း အားဖြင့် (လျော်ကြေးမယူဘဲပြန်လွှတ်ခြင်းကို)သော်လည်းကောင်းလျော်ကြေးယူ၍(ပြန်လွှတ်)ခြင်းကို သော်လည်းကောင်း(ပြုနိုင်ခွင့်ရှိ၏) စစ်မက်တိုက်ခိုက်မှုသည် လက်နက်ချသည့်(၎င်းတို့ နှင့် ပတ်သတ်၍အမိန်တော်သည်)ဤအတိုင်းဖြစ်၏။ စစ်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူပါလျှင်(စစ်မက်တိုက်ခိုက်ရန်အမိန့်ထုတ်ပြန်ခြင်း ပြု တော်မမူဘဲ ကိုယ်တော်တိုင်)၎င်းတို့အားလက်စားချေအ ပြစ်ပေးတော်မူခဲ့မည်သာ။ သို့ရာတွင်ထိုအရှင်မြတ်သည် အသင်တို့အနက်အချို့ကို အချို့ဖြင့်စမ်းသပ်တော်မူအံ့သော
ငှာ(စစ်တိုက်ရန်အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။) မမှန်သော်ကား အလ္လာဟ် အရှင်မြတ်၏လမ်းတော်၌ သတ်ဖြတ်ခြင်းခံခဲ့ကြရသော သူတို့၏ဆောင်ရွက်ချက်များကို ထို
အရှင်မြတ်သည် အလျှင်းအချည်းအနှီးဖြစ်စေတော်မူမည်မဟုတ်ပေ}
၄၇း၎-ကျမ်းမြတ်ကုရ်အာန်
ဘာသာတရားဟာ ဒီလိုပဲ သတ်ဖြတ်ခွင့်ပေးထားသလား? အလ္လာဟ်ကိုမယုံကြည်သော သူမှန်သမျှ ကမ္ဘာပေါ်ရှိ ခရစ်တော်ကိုယုံကြည်သူ ၊ ဟိန္ဒူကိုယုံကြည်ကိုးကွယ်သူ ဗုဒ္ဓကိုယုံ ကြည်ကိုးကွယ်သူ၊ အခြား နတ်ကိုးကွယ်ယုံ ကြည်သူနှင့် ဘာသာမဲ့တွေ အားလုံး ကို  “ကာဖီရ်” လို့ဆိုတာလား?
သို့ဆိုရင် ၎င်းကျမ်းမြတ်ကုရ်အာန် ၄၇း၎ အပိုဒ်အရ အလ္လာဟ်ကိုမယုံကြည်သူမကိုးကွယ် သူမှန်သမျှ အသတ်ခံရပေတော့မည်။ ရိုးရိုးအသတ်ခံရမည်မဟုတ်၊ “လည်ကုတ်များ ကိုခုတ်ဖြတ်ကြကုန်လော” ဆိုတဲ့ကျမ်းမြတ်ကုရ်အာန်စကားအတိုင်း ဒီကနေ့ လည်လှီး နေကြတာပဲဖြစ်မည်။ ဘာလို့များဘာ သာတရားအဆုံးအမတွေဟာ လည်လှီး သတ်ဖြတ်ခြင်း ကိုအားပေးနေသနည်း? ထိုမေးခွန်းကို သင်စိတ်ထဲတွင်မေး မြန်းခဲ့ဖူးပါသ လော? သင်သည် ကျမ်းစာအုပ်ပါစကားရပ်အတိုင်း မသွေမတိမ်း ကိုယ်နှင့်အယူဝါဒ မတူသူကိုတွေ့ပါက လည်လှီးသတ်ဖြတ်ဦးမည်လော? သတ်ဖြတ်ခြင်းဟူသည် သူတော် ကောင်းတို့ မနှစ်မြို့သောအလုပ်ပင်ဖြစ်သည်။ ဘုရားစစ်ဘုရားမှန် တရားစစ်တရားမှန်မှာ သတ်ဖြတ်ရန်အားပေးသည်ဟု ရေးသားထားသည်ကို သင်တွေ့မြင်ဖတ်ရှု့ဖူးပါသလော?
ဗုဒ္ဓဝါဒတွင် ချွင်းချက်မရှိ “သူ့အသတ်ကို မသတ်ရ” ဟုပညတ်တော်မူသည်။ သူ့အသတ်ဆိုရာဝယ် “ယေ အနုက” ဟု ဝိသေသပြထားပါသေးသည်။ သင်တို့မျက်စေ့ဖြင့် မတွေ့မမြင်နိုင်လောက်သော သတ္တဝါကိုသော်မျှမသတ်ပါနှင့်ဟု အထူးဝိသေသနဖွင့်ဆို ထားပါတယ်။
 “ ယေ အနုကာဝါ” နဲ့တင် မသတ်ရုံမျှနှင့် လူသားအကျင့်ကိုပြည့်စုံပြီမထင်မှတ်လေနှင့်။
“န ပရော ပရံ နိကုဗ္ဗေထ၊နတိမညေထ ကတ္ထစိဉ္စိ။”
“ ပရော၊တစ်ပါးသောသူတစ်ယောက်သောသူသည်။ ပရံ၊ တစ်ပါးသောသူတစ် ယောက်သော သူကို။ နနုကဗ္ဗေထ၊အမျက်မထွက်ပါစေနဲ့  .။ တစ်ယောက်က တစ်ယောက် ကို စစ်မက်ဖြစ်ပွားတိုက် ခိုက်သတ်ဖြတ်ရန်ကိုမဆိုထားနှင့် မိမိရဲ့စိတ်ထဲမှာပင်လျှင် မေတ္တာမကွက်မိပါစေနဲ့ . . . တဲ့။
ကဲ  ..  ဘယ်လောက်ငြိမ်းချမ်းလဲ?
ခင်ဗျားတို့ကျုပ်တို့ဟာ လူလူခြင်းနှင့်အခြားသက်ရှိသတ္တဝါ မှန်သမျှကိုမျက်လုံးနဲ့မတွေ့နိုင် သေးတဲ့ပိုးမွှားလေးတွေသော်မှ မသတ်ပါနှင့် မေတ္တာထားတော်မူပါလို့ ဗုဒ္ဓကျမ်းစာအုပ်က ဆိုပါတယ်။
မသတ်တာဟာကာယကံမေတ္တာလို့ ဖွင့်ဆိုပြီးသည့်နောက် ခင်ဗျားတို့ကျုပ်တို့ရဲ့ စိတ် ῾မနော᾽ ကလေးထဲမှာလည်းပဲဘယ်သူ့ကိုမှ ဒေါသဓာတ်လေးမကိန်းမိပါစေနဲ့လို့ကိုပင် အထူးပညတ်တော်မူခဲ့ပါတယ်။ ဒါ့ ဗုဒ္ဓကျမ်းစာအုပ်မှာနော်  . ..
ဒေါသထွက်နေတဲ့သူတစ်ယောက်ကို ဒေါသမထွက်မိစေရန် တားမြစ်ဆုံးမထားတယ်။ ဒါဘယ်စာအုပ်မှာလည်း။ မေတ္တာသုတ်မှာနော်။
{အကယ်၍ သင်တို့သည်(အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခန်ရန်) မထွက်ကြပါလျှင်၊ ထိုအရှင်မြတ်သည် သင်တို့အား နာကျင်ဖွယ်ဖြစ်သောပြစ်
ဒဏ်ကိုပေးတော်မူအံ့။၉း၃၉-ကျမ်းမြတ်ကုရ်အာန်မှာနော်။
ဒ့ါကြောင့် ကျုပ် ပိဋကတ်ကိုဖတ်ပါတယ်။ ကုရ်အာန်ကိုလည်း ဖတ်ပါတယ်။ နှစ်ခုစလုံးကိုပဲ မှတ်သားထားပါတယ်ယင်းကိုယှဉ်၍ အဘယ်ကျမ်းစာမျက်နှာသည် ငါ့၏ရင်ကို အေးငြိမ်းစေ သနည်း။ ငါ့ရဲ့ အပြင်ဘက် လောကကိုရော အအေးဓာတ်မည်မျှ ကိန်းပါစေသနည်း။
ထိုမေးခွန်းကိုမေးမိပါသည်။ ယခုစာရှုသူအနေဖြင့်လည်း ကျမ်းစာအုပ်ထဲကို မနှိုက်မိခင် ကျုပ်တိကျစွာထုတ်ပြထားသည်ကို ဖတ်ရုံမျှနှင့် အဘယ်စကားသည်ကား သင်၏ရင် ကို ငြိမ်းချမ်းပါသနည်းဟု မေးကြည့်ပါရန်လေးစားစွာတိုက်တွန်းမိပါသည်  . . ။
မှတ်ချက်။ ။ 
စာရေးသူ၏အာဘော်တစ်ခုမှမပါ အောက်ပါကျမ်းညွှန်းများကိုကူးယူဖေါ်ပြသုံးသပ်ခြင်းသာဖြစ်ပါသည်
ကျမ်းကိုး . ..
သုတ္တာန်ပိဋကတ်. . . . .
စူဠဝဂ္ဂပါဠိတော်၊ မေတ္တာသုတ္တ၊ နှာ-301
ကုရ်အာန်ကျမ်း. . . . . .
ဘာသာပြန်ဆိုသူများ
သီရိပျံချီ အလ်ဟားဂ်ျ အလ္လာမဟ်
ဃာဇီ မုဟမ္မဒ် အာရှင်(မ်)
ဆရာ မက္ကဆူဒ် အဟ်မဒ်ခါန်း
ဤဓမ္မအလင်းအလှူကို ၃၁ ဘုံသားများအားဝေငှပါသည်။
ကျမ်းမြတ်ကုရ်အာန်ကိုလေ့လာခြင်း (၁)
http://doegyi.blogspot.com/2016/08/blog-post_8.html
ကျမ်းမြတ်ကုရ်အာန်ကိုလေ့လာခြင်း (၂)
http://doegyi.blogspot.com/2016/08/blog-post_9.html
ဒိုးကြီး 

No comments:

Related Posts Plugin for WordPress, Blogger...