Thursday 25 August 2016

သိပ္ပံပညာကတိုက်တော့ သမ္မာကျမ်းစာလည်းလှုပ်ရတယ်



 in စာအုပ်အညွှန်း, ဇင်ဝေသော် - on 11/01/2014 - No comments 


၁၉၅၀ ခုနှစ်တွေအထိ လုံးဝလက်မခံခဲ့တဲ့ သိပ္ပံပညာရဲ့ မဟာပေါက်ကွဲမှု သီအိုရီ ကို အခု
လက်ခံရစပြုလာရပါပြီ။ ပုတ်ရဟန်းမင်းကြီးဖရန်စစ်က မဟာပေါက်ကွဲမှု သီအိုရီဟာ ထာဝရ
ဘုရားရှင်ရဲ့ အခန်းကဏ္ဍကို လုံးဝငြင်းပယ်တာမဟုတ်တဲ့ အ တွက် သမ္မာကျမ်းစာနဲ့ မဆန့်ကျင်
ပါဘူးလို့ ပြောကြားသွားပါသတဲ့။ ဒါဆိုရင် မဟာပေါက်ကွဲမှုသီအိုရီနဲ့ပူးတွဲပါလာမယ့် အီဗိုလူးရှင်း
သီအိုရီကိုတော့ လက်မခံဘူး(သို့)လက်မခံသေးဘူးလို့ဆိုလိုရာလည်း ရောက်နေပါတယ်။
ဒီလိုပြောလို့ ခရစ်ယန်ဘာသာဝင်တွင်အနေနဲ့ စိတ်မရှိစေချင်ပါ။ မဟာပေါက်ကွဲမှု သီအိုရီကို
လည်း ၁၉၅၀ ခုနှစ်တွေမတိုင်မီ ဒီလိုပဲ ငြင်းပယ်ခဲ့တာပါ။



မဟာပေါက်ကွဲမှုသီအိုရီနဲ့အီဗိုလူးရှင်းသီအိုရီကိုပေါင်းစပ်လိုက်ရင်တော့ ထာဝရ ဘုရားရှင်ရဲ့
ဖန်ဆင်းမှုအခန်းကဏ္ဍက၊ အစကတည်းကလူစင်စစ် စတဲ့အခန်း ကဏ္ဍက တော်တော်ကျဉ်း
သွားပြီးနေရာ လုံးဝမရှိတော့တာလည်း ဖြစ်သွားနိုင်ပါ တယ်။ ဒီကိစ္စမျိုးရေးမိတဲ့အတွက်
အာရှတိုက်ရှိ ဆင့်ပွားခရစ်ယန်တွေကို (လိုအပ်ရင်)တောင်းပန်ပါတယ်။ မူလခရစ်
ယန်တွေဖြစ်ကြတဲ့ ဥရောပတိုက်သားတွေအထဲမှတော့ သူတို့ချင်းခွက်ခက်လန်အောင် ဒီကိစ္စ
ကို ဒီဘေ့(တ်)လုပ်ခဲ့ကြ၊ လုပ်နေကြပါပြီ။ ဒီအထဲမှာပါမောက္ခ RichardDawkins ရဲ့
"The God Delusion" က သိပ္ပံအဆန်ဆုံး၊ အသံအကျယ်ဆုံးလို့ယူဆရပါတယ်။
ဘက်ဆဲလားတစ်အုပ်လည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဆိုဆို လူကောင်းက လူကောင်းပါ။
ခရူးဆေ့စစ်ပွဲတွေပြီးသွားကတည်းက ဥရောပဟာ အငြိမ်းချမ်းဆုံး၊ အချင်းချင်း ပဋိပက္ခအ
နည်းဆုံး နယ်မြေပါ။
Rf . . . . .
http://cammlek.blogspot.sg/2014/11/blog-post.html
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...