Monday 29 August 2016

မြန်မာ့စာပေလောကဆိုတာ ယမ်းသံဒိုင်းသံတွေမကြားရသော်လည်း


မြန်မာ့စာပေလောကဆိုတာ ယမ်းသံဒိုင်းသံတွေမကြားရသော်လည်း ကန်ရေပြင်လို
အမြဲတည်ငြိမ်နေတာတော့မဟုတ် ကလောင်ကလောင်ခြင်းပွတ် သပ်ခဲ့ကြတာတွေက
ခေတ်အဆက်ဆက်ပါပဲ။ ဒီနေလည်းရှိနေဦးမယ်ထင်တယ်။ကျွန်တော် အခုခေတ်စာ
အုပ်တွေနဲ့ မျက်ခြေပြတ်နေလို့ပါ။
လယ်တီခေတ်ကိုကြည့် စာပေတိုက်ပွဲရှိတာပဲ။ လယ်တီကို အခြားသံဃာထုကဝိုင်းတိုက်
ကြတာပေါ့။
မာန်လည်ခေတ်ကိုကြည့်ဦးမလား ။ သူ့လည်း အခြားသံဃာတွေက ဝိုင်းတိုက်ကြတာပဲ။
ကျွန်တော်မှတ်မိတာတော့ ၊ ပုသိမ်ဆရာတော် ဦးပဒုမ ပါပဲ။ လယ်တီကတော့ မုံရွာနယ်
ကသံဃာတော်တွေလို့ပြောတယ်။ သူရေးတဲ့ေ ကျာက်စာကို ညတွင်းခြင်း သံတုတ်တွေ
နဲ့ရိုက်ချိုးဖျက်ဆီးပစ်ခံရပါတယ်။ အကျယ်သိချင်ရင်တော့ လယ်တီဆရာတော်အတ္ထုပ္ပတ္တိ
မှာပါပါတယ်။
ဒါဆရာတော်တွေဘက်က အခုရေးနေဆဲစိတ်ထဲပေါ်တာလေးချရေးလိုက်တာ ဒါမျိုးဖြစ်
စဉ်တွေအများကြီးပဲ လူပဏ္ဍိစာရေးဆရာကြီးတွေထဲကဆိုရင် အများသိကြတဲ့ ဆရာကြီး
ပီမိုးနင်း သူ့ကိုလည်း မန္တလေးကစာရေးဆရာထုကြီးက ဝိုင်းဖိုက်တာပဲလေ။ ဒါ့ပေမယ့်
သူပဲနိုင်ခဲ့တာပါ။
ဆရာပီမိုးနင်းက စာရေးရင်း စကားဟန်နဲ့ရေးတာကို မန္တလေးကစာရေးဆရာအချို့က
မြန်မာ့မှုမြန်မာ့ဟန်ကိုဖျက်ဆီးတဲ့ “ကောင်” ဆိုပြီး အဲဒီခေတ်က ဝိုင်းဖိုက်ကြတပေါ့ဗျာ။
ဒါပေမယ့် ဆရာကြီးပီမိုးနင်းစာအုပ်တွေက ခင်ဗျားတို့တောင်ဖတ်ဖူးနေတာပဲဆိုတော့
ခေတ်စကားနဲ့ပြောတော့ “ ပေါက်”သွားတာပေါ့။ ဝိုင်းတိုက်တဲ့မန္တလေးကအဖွဲ့ငြိမ်သွား
တယ်လေ။
ဟုက်ကဲ့၊ဤမျှလောက်စာမည်းပြရရင်ဖြင့် ကျွန်တော် ဘယ်လောက်အထိစာရူးသည်
ကို အဆွေတော် တီးမိခေါက်မိရှိပါလိမ့်မည်။
ကဲ ရှိစေတော့ ကျွန်တော်တင်ပြချင်တာက ခင်းဗျားတို့ကို စာအုပ်အညွှန်းလေးပေးမလို့
ပါပဲ။ အောက်ကဆိုက်မှာဝင်ဒေါင်း လေ  . . ဗာဟုသိပဉ္စ လိုချင်ရင်ပေါ့ဗျာ။ မလိုချင်ရင်
တော့ ကျော်သွားပေါ့။ စာရူးဖြစ်သော ကျွန်တော်ကတော့ မျက်လုံးမကဏ်းသရွေ့တော့
စာဖတ်နေဦးမည့်ကောင်ပေါ့။
စာအုပ်အမည်။ မြန်မာ့စာပေတိုက်ပွဲများ
ရေးသားသူ။ မေမြို့မိုးကြည်
Dawnload link  . .
http://doegyi.blogspot.com/2016/08/blog-post_58.html
လေးစားစွာဖြင့်

ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...