Sunday 21 August 2016

လက်သန်းတို့ . . ရွှေချထားစေရော့ . .


ဒေါ်အောင်ဆန်းစုကြည့်ရဲ့ တရုတ်ခရီးစဉ်မှာ မြန်မာဘက်မှရလိုက်သော
အဖိုးတန်စကားလုံးများကို ကျွန်တော် ကောက်နှုတ်တင်ပြလိုက်ပါတယ်။
(၁)“မြန်မာနိုင်ငံမှာရှိနေတဲ့ တရုတ်ကုန်သည်များကို တရုတ်အစိုးရမှအခုလို
အမိန့်ပေးညွှန်ကြားထားပါတယ်”
(၂) “ မြန်မာနိုင်ငံရဲ့ တရားဥပဒေကိုလိုက်နာစေကြရန်”
(၃)“ဒေသခံပြည်သူများရဲ့ ရိုးရာဓလေ့ထုံးတန်းအစဉ်လာများကိုလေးစားရန်”
(၄)“ဒေသခံပြည်သူလူထုရဲ့နေထိုင်မှုဘဝကိုမြှင့်တင်ရန်”     
ဆိုတဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။
ဒီစကားလုံးများဟာ စစ်အာဏာရှင်တစ်လျှောက်နှင့် ဦးသိန်းစိန်သမ္မတလုပ်
သည့်သက်တမ်းအလျှောက် မကြားရသည့်အပြင် ၊ တရုတ်သစ်ခိုးသူတွေ
သေဒါဏ်ကနေ ကွင်းလုံးကျွတ်လွတ်သွားပါသေးတယ်။
ဒါ့အပြင်  လက်ပံတောင်းတောင်မှာ သံဃာတော်တွေကိုမီးလောင်ဗုံးနဲ့ထု
သတ်တယ်။နောက်ဆုံး အပြစ်မဲ့လယ်သူမကြီးဒေါ်ခင်ဝင်းကို သူပိုင်လယ်
ယာမြေပေါ်မှရှိနေစဉ် သေနပ်နဲ့ နှာဖူးတည့်တည့်ကို အသေပစ်သတ်ပွဲခြင်းပြီး
သေခဲ့ပါတယ်။
ယခုတိုင် DVB သတင်းမှာကြည့်လိုက်ပါ။ ဒေသခံလယ်ယာမြေတွေပေါ်မှာ
အဆိပ်ငွေ့တွေပျံ့နေတယ်။ ပြောမယ်ဆိုရင် အဆိပ်လွှတ်ပြီးသတ်နေတာပဲ။
သို့သော် အခုတော့ဖြင့်  . .
ဒေါ်အောင်ဆန်းစုကြည်ကို ဖင်ယက်စားဖြူးခေါ်ကာ မြန်မာနိုင်ငံပြည်သူတွေ
ကိုချစ်ပြတဲ့ သတင်းရုပ်သံကိုကြည့်ခြင်းအားဖြင့် လည်းကောင်း  .. .
ထိုသတင်းစာရှင်းလင်းပွဲရုပ်သံတွင် ဒေါ်အောင်ဆန်းစုကြည်မှ သတင်း
ထောက်များရဲ့ဖြေကြားချက်ကို ကြည့်မယ်ဆိုရင်လည်းကောင်း  .. .
NLD ရဲ့ကျိုးစားအားထုတ်မှုလူထုတွေရဲ့မျှော်လင့်မှုဟာ အတိုင်းအတာ
တစ်ခုအထိအောင်မြင်နေပါပြီ။ မြစ်ဆုံအတွက် ဒေါ်စုပြောသွားတာ အရမ်းကို
ရှင်းပါတယ်။
“ ကျမ ဒီအတွက်လာတာမဟုတ်ဘူး  . .တဲ့။”
“စာချုပ်က ကျွန်မတောင်မှ မဖတ်ရသေးဘူး  ပြည်သူကိုချပြဖို့ဆိုတာ ခက်ပါလိမ့်မယ်။”
“ဘာမှလည်း ထူးထူးထွေထွေ မဆွေးနွေးခဲ့ပါဘူး။”
“ NLD ရဲ့အောင်မြင့်မှုဖြစ်တဲ့ အစိုးရသစ်အဖွဲ့ကိုတရုတ်အစိုးရဘက်က
ဂုဏ်ပြုရန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက် ဖိတ်ခေါ်လို့လာတာပါ”
စသည့် စကားများကိုထောက်ခြင်းဖြင့် တရုတ်ကြီးသည် ဒေါ်စုအစိုးရအား
ဖေါ်လန်ဖားရုံသက်သက်သာဖြစ်ပါတယ်။
ပြောမယ်ဆိုရင် ပညာတက်သောအစိုးရအား အလေးထားဆက်ဆံပါ
တော့မယ်လို့ ဝန်ခံကတိပြုဖိတ်ခေါ်ခြင်းပါပဲ။
ဒါကြောင့် ဒီခရီးစဉ်ကို သုံးသပ်ရရင်  ..
ကဲ  . .  ကျုပ်ရဲ့ပြောနေကြအတိုင်း ကဗျာဆန်ဆန်ပြေရရင်ဖြင့်  . .
အို  . ..  လက်သန်းတွေ  . .  ရွှေချထားစေရော  . ..
မှတ်ချက်။  ။
ဒီရုပ်သံဖိုင်ကိုကြည်ရင် အနှစ်ချုပ်ကတော့ တရုတ်ကြီးဟာ . ..
“မြန်မာလူထုအပေါ် အာဏာရှင်နဲ့ပေါင်းပြီး လူကြမ်းလူဆိုးသူခိုးဘဝကနေ
အရေခွံပြောင်းကာ မင်းသားကြီးဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ချင်သောအဓိပ္ပါယ်ရသကို”
ကျုပ် အရကောက်မိပါသည်။ ဒါ့အပြင် “ ဒေါ်အောင်ဆန်းစုကြည်မှ အနည်းငယ်သာ
ပြောလိုက်ရပြီး အနှီတရုတ်ကြီးသည်ပင် ကလေးသူငယ်စာအံသကဲ့သို့ မြန်မာ
နိုင်ငံပြည်သူပြည်သားများ အကျိုးကောင်းစားရေးဖွံ့ဖြိုးရေးစသည့် ရယ်စရာကောင်း
သောပျက်လုံးများကို အကြာကြီးပျက်သွားသည်ကို”လည်း သတိထားမိပါသည်။
ဒီရုပ်သံဖိုင်ကို စီစဉ်တီးဖြတ်ရသော တစ်ညတာပန်ပင်းဆင်းရဲမှုသည် အမိ
မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး အစစ်အမှန်သောအမျိုးသားရေးအမြင်များ
ရှိကြပြီး မိမိတို့၏တစ်နေ့တာသောအချိန်များကို အကျိုးရှိစွာအသုံးချနိုင်ကြ
ပါစေ  . .
လေးစားစွာဖြင့်
ဒိုးကြီး



No comments:

Related Posts Plugin for WordPress, Blogger...