Friday 19 August 2016

ဆည်ကြီးများ၏ သားကောင်အဖြစ် မခံ လိုတော့


တရုတ်တို့သည် မဟာတံတိုင်းကြီး ဆောက်ပြီးနောက် အနှစ် ၂၀၀၀ နီးပါးအကြာ။ မဟာတံ
တိုင်း နောက်ပိုင်း အကြီးမားဆုံး စီမံကိန်းသည် တစ်ဖန်နိုးထလာသော တရုတ်တွင် ပေါက်ဖွား
လာခဲ့ပြန်သည်။ ၂၁ ရာစု မဟာတံတိုင်းဟု ဆိုနိုင်သော Three Gorges Dam ။ တစ်မိုင်ခွဲ
ကျယ်ပြီးပေ ၆၀၀ မြင့်သော ဆည်ကြီးသည် မိုင် ၄၀၀ ကျော်ရှည်လျားသည်။ စီမံကိန်းကြီးကို 
ခေတ်သစ် တရုတ်နိုင်ငံ၏ ဖခင်ကြီး ဆွန်ယက်ဆင်က စတင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၁၉ 
ခုနှစ်ကတည်းက ဖြစ်သည်။ တစ်နိုင်ငံလုံးကို မီးပေးနိုင်ဖို့၊ ရေလွှမ်းမိုးမှုတွေကို တားဆီးဖို့ဆို
သော ရည်ရွယ်ချက်ကောင်းများ။
719a ၁၉၃၂ မှာ ချန်ကေရှိတ်၊ ၁၉၃၉ မှာ ထိုစဉ်က တရုတ်ကို သိမ်းထားသော ဖက်ဆစ်ဂျပန်
များ၊ ၁၉၄၉ မှာ မော်စီတုန်းအားလုံးက တည်ဆောက်ဖို့ မျှော်လင့်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင်
မှတည်ဆောက်ရေးကို တရုတ်ပြည်သူ့ ကွန်ဂရက်တွင် စတင်အတည်ပြုနိုင်ခဲ့သည်။ ကိုယ်စား
လှယ် ၂၆၃၃ ယောက်မှာ ၁၇၆၇ ဦးထောက်ခံပြီး ၁၇၇ ကန့်ကွက်ကာ ၆၆၄ မဲပယ် ဖျက်ခံရပြီး 
၂၅ ဦးမဲ မပေးခဲ့ကြခြင်းဖြင့် ဒီဆည်ကြီး တည်ဆောက်ရေး အတည်ဖြစ်လာခဲ့သည်။ ကန့်ကွက်
သူပမာဏသည် နည်းလှသည်ဟု ထင်ရသော်လည်း တစ်ပါတီစနစ်ရှိသော နိုင်ငံတစ်နိုင်ငံအ
တွက် ကန့်ကွက်မှုနှုန်း စံချိန်တင်သည့်ကိစ္စ ဖြစ်သည်။
အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၄၃ ဘီလျံကျော်(ယွမ် ၂၅၄ ဘီလျံ) ကုန်ခဲ့သော ဆည်ကြီးကို 
၂၀၀၉ ခုနှစ်ကတည်းကစတင် လည်ပတ်ရန် မျှော်လင့်ခဲ့သော်လည်း အဆင်မပြေခဲ့။ ဒီလထဲ
တွင်တော့ စလည်ပတ်နေပြီ။
ဆည်ကြီး မတည်ဆောက်မီက လူသန်းချီ နေရာရွှေ့ပြောင်းရမည်။ ရှေးအမွေအနှစ်တွေ ရေ
လွှမ်းကုန်မည်။မြို့လုံးကျွတ်၊ ရွာလုံးကျွတ်ရွှေ့ ပြောင်းကြရမည်။ အားလုံးကို တွက်ချက်ပြီး
ဆောက်ခဲ့ကြသည်ဟုတော့ သူတို့အစောပိုင်းမှာ ဆိုခဲ့ကြပါသည်။ စတေးရမည့် သားကောင်
အရေအတွက်ကို နားလည်ထားပြီး ဖြစ်သည်ဆို သောသဘော။
သဘာဝကို ကိန်းဂဏန်းဖြင့် လျှော့တွက်မိခြင်း ဖြစ်ခဲ့သည်ကိုတော့ အချိန်လွန်မှ နားလည်ခဲ့ကြ
သည်။ ဂျပန်လိုနိုင်ငံမျိုးမှာပင် ငလျင်လှုပ်မည်ကို အချိန်စောပြီးမပြောနိုင်သေး။ သဘာဝဘေးတို့
ကိုလူသား၏ တွက်ချက်နိုင်စွမ်းက အပြည့်အ၀ လိုက်မမီသေး။ သို့ပေမဲ့ သဘာဝသည် ဖြစ်ချင်
တိုင်းဖြစ်နေသည်တော့ မဟုတ်။ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းတစ်ခါက ပြောခဲ့ဖူးသည်။ 
“ထာဝရဘုရားသည် သဘာဝတရားနဲ့ ကြွေအံမကစား”ဟူ၍။ သဘာဝတရားသည် ဖြစ်ချင်
တိုင်း ဖြစ်နေသည်မဟုတ်။ အကြောင်းတရားများကြောင့် ဖြစ်သည်။
ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က အရှင်အဿဇိမထေရ် က ရှင်သာရိပုတ္တရာ အလောင်း
အလျာဥပတ္တိသပရဗိုဇ်ကို ဟောပြခဲ့သည့် ဗုဒ္ဓတရားအနှစ်ချုပ်ကို အမှတ်ရမိသည်။ ယင်းဂါ
ထာ၏အစ “ယေဓမ္မာ ဟေတုပ္ပဘ၀ါ” ဆိုသော စာသား။ အကြင်တရားတို့သည် အကြောင်း
ကြောင်းကြောင့် ဖြစ်ကုန်၏ဟူ၍ အနက်ရပါသည်။ လူတို့ တွက်ချက်နိုင်သော အကြောင်း
တရားမည်မျှရှိနိုင်မည်နည်း။ ဘက်ပေါင်းစုံမှ တွက် ချက်ထားပြီးဖြစ်သည်ဟု မည်သူကများ
ပြောနိုင်မည်နည်း။
နောက်တစ်ချက်က ကိန်းဂဏန်းများဖြင့် သဘာဝတရားကို ကိုင်တွယ်ခြင်း၏အလုပ်ဖြစ်၊ မဖြစ်
ဆိုသည့် အချက်ဖြစ်သည်။ ကာလနှင့် အာကာသအပေါ် မှီတည်ပြီး သင်္ချာသည် ကွဲပြားနိုင်
သည်။ခန့်မှန်းတွက်ချက်မှုသည် ဖြစ်လာမည်ဟု အာမခံနိုင်သော အရာမျိုးမဟုတ်။ ဂျပန် ငလျင်
နှင့်ဆူနာမီဖြစ်စဉ်ကို အနှစ် ၁၀၀ တွင်း တိုကျိုတစ်ဝိုက်မှာ ဖြစ်မည်ဟု တွက်ချက် ခန့်မှန်းထား
သည်ဆိုသော ကိန်းဂဏန်း။ ဖြစ်လာသော အခါကာကွယ်ဖို့အတွက် လုံလောက်သော တွက်
ချက်မှုမဟုတ်။ သည်လို ကိန်းဂဏန်းမျိုးတွေပါသော မရေရာသည့် တွက်ချက်မှုတို့ဖြင့် သဘာ
ဝတရားကိုဇက်ကြိုးတပ်ရန် ကြံမိခြင်း ဖြစ်သည်။
ပြဿနာပေါင်းများစွာ ကပ်ပါလာခဲ့သည်။ ဆည်ကြီးပြီးစီးလုချိန် ၂၀၀၇ မှာတည်းက ၀န်ကြီးချုပ် 
ဝမ်ကျားပေါင် ကိုယ်တိုင်က အန္တရာယ် ကို ၀န်ခံလာရသည်။
ပြဿနာ အတိမ်အနက်ကို ဝေဖန်မှုတွေက ဟိုးအောက်ခြေကနေ ထိပ်ပိုင်းအထိ ထွက်လာသည်။ 
ဘေးဆိုးကြီး ဖြစ်လာနိုင်ချေရှိသည်ကို လက်ခံလာကြသည်။ လူ ၁ ဒသမ ၄ သန်း နေရာရွှေ့
ပြီးသော်လည်း နောက်ထပ် သန်းချီရွှေ့ရဦးမည်။
တရုတ်ဗိသုကာပညာ စွမ်းပ ကား၏ပြယုဂ်၊ တိုးတက်လာသော နိုင်ငံစွမ်းအင် လိုအပ်ချက်အ
တွက် ဖြည့် ဆည်းရာ၊ရေကြီးမှုများအတွက် အရန် အတားအဖြစ် ၀င့်ကြွားခဲ့သော ကမ္ဘာ့ အကြီး
ဆုံးဆည်ကြီးကို တည်ဆောက်ခဲ့ခြင်းသည် သရဲမွေးသလို ဖြစ်လာသည်။ ရေအားလျှပ်စစ်ပညာ
ရှင်များက နုန်းတင်မြေနုများပိတ် နေစေခြင်းဖြင့် ဆည်သည်မြစ်အောက်ပိုင်း ကမ်းပါးတစ်
လျှောက်ရေလွှမ်းနိုင်ချေကို ပိုပြီးတိုးစေသည် ဟု အချိန်လွန်ထောက်ပြမှုများ လုပ်ကြသည်။
သိပ္ပံပညာရှင်များကတော့ ဒီထက်ပိုဆိုးသည်ဟု ဆိုကြသည်။ ယန်ဇီမြစ်လက်တက်များ၏ရေ 
ရေအသွေးက သိသိသာသာဆိုးလာသည်။ ဆည်ပိတ်ထားသော မြစ်သည် အညစ်အကြေး
တို့ကိုထိထိရောက် ရောက်မစွန့်ပစ်နိုင်တော့။ ရေလှောင်ကန်ကြီးပြီးသည့် ၂၀၀၆ ကတည်း 
ကစပြီးရေမှော်တွေ အလွန်အမင်း ပေါက်ဖွားသည့် ထူးခြားဖြစ်စဉ်က ပေါ်လာသည်။ မြစ်ကမ်း
ပါးတွေပြိုကုန်သည်။ ယန်ဇီမြစ်လက်တက်တွေ ရှိရာကမ်းခြေတွေမှာ မြေပြိုမှု တွေရှိလာသည်။ 
ဒီတိုင်းဆက်သွားလို့တော့ ဒုက္ခများ ကြတော့မည်။
၂၀၁၁ မေလ ထဲမှာလည်း ဆည်ကြီးအကြောင်းက ထပ်ပြောရပြန်ပြီ။ တရုတ်ပြည်သူများ
အတွက် အကျိုးပြုခဲ့သော်လည်း ဂေဟဗေဒ ဘေးဆိုးကပ်ဆိုးများ အန္တရာယ် ကာကွယ်ရေး
ဘူမိအန္တရာယ် ကာကွယ် ရေး၊ ရွှေ့ပြောင်းပေးရသူများကို အဆင်ပြေပြေ ပြန်လည်နေရာချ
ရေးတို့အတွက် ချက်ချင်းဆောင်ရွက် ရမည့်ပြဿနာများစွာရှိကြောင်း တရုတ်အစိုးရ ၀န်ခံလိုက်
ရသည်။
စီမံကိန်းရေးဆွဲမှုနှင့် တည်ဆောက်ရေးတွင် အလွှာစုံ၌ ပြဿနာတွေက ပေါ်လာသည်၊ ချက်ချင်း 
မဖြေရှင်းနိုင်သေး။ ဆည်ကြောင့်ဖြစ်သော ပြဿနာများကို ဆက်ထုတ်ပြန်ပေးဖို့ အစိုးရက ကတိ
ပေးခဲ့သည်။ ဘေးအန္တရာယ် သတိပေးစနစ်တွေ တပ်ဆင်ဖို့၊ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအ
တွက်ရန်ပုံငွေတွေ ထပ်ချပေးဖို့ ကတိပြုခဲ့သည်။ နစ်မြုပ်သွားသော မြို့များ၊ သမိုင်းဝင်နေရာ
များ နှင့် အတူ ရေလှောင်ကန်ကြီး ပတ်လည် က ညစ်ညမ်းမှုနှင့် ဘူမိ အန္တရာယ်များ တစ်ပါ
တည်း ဖြစ်ပေါ်လာသည်။
Three Gorges Dam ဖွင့်ပွဲ အခမ်းအနားကို ဘူမိနှင့် ရေအား လျှပ်စစ်အင်ဂျင်နီယာ ပညာ 
အသီးသီးဖြင့်ကျောင်းပြီးခဲ့ ကြသော ၀န်ကြီးချုပ် ၀မ်ကျားပေါင် နှင့် သမ္မတ ဟူကျင်တောင်တို့ 
မတတ်ရောက်ခဲ့။ 
သမိုင်းတရားခံတော့ အဖြစ်မခံလိုကြ။ ဒီစီမံကိန်းကို စလုပ်ခဲ့သည်က သူတို့မဟုတ်။ ၁၉၉၂ ခုနှစ် 
က ၀န်ကြီးချုပ်လီပင်း။ တိုးပွားလာသော လူဦးရေ၊ အသုံးများလာသော လျှပ်စစ်ဓာတ်အားကြောင့် 
ဆွန်ယက်ဆင် မျှော်လင့်ခဲ့သလို တစ်နိုင်ငံလုံး မီးပေး၍ရမည့် ဓာတ်အားလည်း မဟုတ်တော့။ 
အပြည့်လည်နိုင်ချိန်တွင် ထုတ်နိုင်မည့် မီဂါဝပ် ၂၃၀၀၀ သည်ပင် လူဦးရေ ၇ ရာခိုင်နှုန်းကိုသာ 
မီးပေးနိုင်တော့မည်။
ဆည်ကြီးကပေးသော သင် ခန်းစာသည် တရုတ်တစ်နိုင်ငံတည်းအတွက် မဟုတ်။တစ်ကမ္ဘာလုံး
တွက်ဖြစ်သည်။ ဧရာမဆည်(Mega Dam) တွေ တည်ဆောက်ရေးကို ပြန်သုံးသပ်လာကြ
သည်။ဘုရားဇီးက အမေဇုန်မြစ်မှာ ဆည်ကြီးဆောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ 
တရုတ်ကိုယ်တိုင်လည်း နောက်ထပ်ဆည်တွေ ဆောက်ရေးကို ပြန်သုံးသပ်နေရသည်။ 
အန္တရာယ်ရှိနိုင်သည့် စီမံကိန်း တို့ကို ဖျက်သိမ်းလိုက်သည်။ သို့ပေမဲ့ အချို့ကိုတော့ မလွှဲမရှောင်
သာ ဆက်ဆောက်ရမည်။ 
ဂျပန်ငလျင်နှင့် နျူအကျပ်အတည်းကြောင့် တရုတ်၏လျှပ်စစ်ဓာတ်အားအတွက် နျူစက်ရုံကိုမှီခို
ရေး ကြံရွယ်မှုမှာလည်း နောက်ဆုတ်ရမည့် သဘောဖြစ်သွားခဲ့သည်။ ဓာတ်အား လိုအပ်ချက် 
ကလည်းရှိနေသည်။
ပြည်ကြီး ရှင်တွေ၊ ပြည်ကြီးရဲ့ သဘာဝရင်းမြစ်တွေ၊ ရှေးဟောင်း အမွေအနှစ်တွေကိုတော့ 
ဆည်ကြီးများ၏ သားကောင်အဖြစ် မခံလိုတော့။ . . .
Ref;CNN,China Daily,Time, WallStreetJournal,LA Time, London Times,NY 
Times, Scien-tificamerica.com,thegreatwall .com
အောက်ပါ blog မှကူးယူဖေါ်ပြမိပါသည်
လေးစားစွာဖြင့်
ဒိုးကြီး
http://mmcpcommunity.net/showthread.php?12995-amp-m0wDjrpfqHkpDrHudef-tay-oif%5Coabmxm/page11

No comments:

Related Posts Plugin for WordPress, Blogger...