Wednesday 17 August 2016

ကိုယ့်ပေါင် ကိုလှန်ထောင်မိခြင်း . . .


ကျွန်တော်တို့က အာဏာရှင်တွေခရိုနီတွေရဲ့ ခိုးစိုးလုယက်
မိုက်မဲမှုကို အွန်လိုင်းပေါ်တက်ရေးနေပေမယ့် ၊ တကယ်
ခံစားနေရတာကရေပြင်တွေပေါ်က ရေဘေး ဒုက္ခသည်
တွေပါ ဗျာ။
သူတို့ဟာ အာဏာရှင်နဲ့ခရိုနီတို့ရဲ့ မိုက်ကျွေးမိုက်ပြစ်ခေါ်
သံယံဇတာရဲ့အပြစ်ကျွေးကို ကာယကံမြောက်ချွေးတွေ
သွေးတွေ အသက်တွေနဲ့ပေးဆပ်နေရတာပါ။
ကျွန်တော်တို့က facebook ပေါ် လက်ဆယ်ချောင်း
အညောင်ခံရုံမျှပင်ပန်းတာပါ။
ဒါ့ကြောင့် ကိုယ့်ကိုကိုယ် ပြည်သူပေါ်နိုင်ငံအပေါ်
တာဝန်မကျေတဲ့သူအဖြစ်အပြစ်တင်မိပါတယ်။
တကယ် စိတ်မကောင်းဖြစ်မိပါတယ်။
အမြန်ဆုံး ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေ


ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...