Tuesday 2 August 2016



ကျွန်တော်ထင်ထားမိတဲ့အတိုင်းပါပဲ၊ဘောလုံးနဲ့ပတ်သက်ရင်
ဘယ်သူ့ကိုကျွန်တော်မသိပါဘူး။ သို့သော် မြန်မာနဲ့ဗီယက်နန်
နဲ့ တွေ့မယ်ဆိုကတည်းက မြန်မာရှုံးမယ်ဆိုတာ ကိုကျွန်တော်
စိတ်ထဲထင်မိပါတယ်။
အကြောင်းကတော့ ဗိယက်နန်ဟာစိတ်ဓာတ်ပိုင်းဆိုင်ရာ
အရမ်းပြင်းထန်တယ်။ အစိုးရရဲ့စစ်မှန်သောမျိုးချစ်စိတ်ဓာတ်
ကဗိယက်နန်ပြည်သူတွေအတွက် ခိုင်မာတဲ့ ဇွဲစိတ်ကိုဖြစ်
ပေါ်စေပါတယ်။
ဟိုစစ်ဗိုလ်အမတ်တွေကိုယ်တိုင်က တရုတ်ကြီးကိုကြောက်
ရပါတယ်လို့ ကမ္ဘာသိပြောနေတဲ့ မြန်မာ ပြည်သူတွေဟာ
ဘယ်လိုလုပ်ရဲစိတ်မာန်စိတ်ဇွဲစိတ်ရှိမှာလည်း။
အမေရိကန်လိုနိုင်ငံကြီးတောင်မှဗီယက်နန်ကို တိုက်လို့မနိုင်ခဲ့
ဘူး။
ဟိုးတစ်လောဆီက တရုတ်ကြီးက ဗိယက်နန်ပိုင်ရေပိုင်နက်ထဲ
ရေနံတွင်းသွားတူးတော့ ဗီယက်နန်သားတွေက သူတို့နိုင်ငံ
ထဲက တရုတ်အများစုရှိတဲ့ စက်ရုံကိုသွားပြီး မီးရှို့ပစ်လိုက်
ကြပါတယ်။
တရုတ်ကြီး ထွက်ပြေးလိုက်ရတယ်လေ။ သတင်းတွေမှာ
ကြားမိလိုက်ကြမှာပါ။
ဒါ့ကြောင့် သမိုင်းအစဉ်အလာကြီးတဲ့ ဗိယက်နန်ကို မြန်မာ
နိုင်ဖို့ ကြိုးစားရပါလိမ့်ဦးမယ်။
မြန်မာပြည်မှာ တရုတ်ကြီး စေတီတော်တွေကိုဖြိုတယ်ဒိုဇာနဲ့
ထိုးတယ်။ သံဃာတော်တွေကို မီးရှို့သတ်တယ်။ ကျွန်တော်
ကစလို့ ဘာမှပြောရဲကြဘူး။ တရုတ်ကြီးကိုကြောက်နေကြ
တယ်။
ဒါ့ကြောင့် မြန်မာက နှစ်ခြောက်ဆယ်ကျော် အာဏာရှင်
စစ်ဖိနက်အောက်မှာနေလာရတာဆိုတော့ အကြောက်စိတ်
နဲ့ ပြင်းထန်စိတ်က အစွန်းတစ်ဘက်စီမှာရောက်နေလေ။
မှတ်ချက်။
မြန်မာနိုင်ငံသားတစ်ယောက်၏အနှစ်လေးဆယ်ကျော်ခရီး
အပြုသဘောဆောင်၍ ဝေဖန်သုံးသပ်ခြင်းသာဖြစ်ပါတယ်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...