Saturday 27 August 2016

NLD ဘယ်လဲ


ရန်ကုန်တိုင်းဒေသအတွင်း ရပ်ဆိုင်းထားခြင်းခံရတဲ့ဆောက်လုပ်ရေးလုပ်ငန်း
12ခုလောက်ကို တိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုမိန့်နဲ့ ပြန်လည်လုပ်ပိုင်ခွင့်ရသွားပြန်
ပါပြီ။
ကန်ထရိုက်တွေရဲ့ နစ်နာမှုကိုကြည့်ပြီး အမိန့်တွေကို မိန်းမထမိန်ဝတ်သလို
လျှော့ချီတင်းချီလုပ်နေတာတွေဟာ ကျွန်တော်တို့လို စူးစူးစိုက်စိုက်သမားတွေ
အတွက် မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ဒါဆိုရင်  . .
ကျွန်တော်တို့ ပြည်သူအချို့ အစိုးရကချပေးထားတဲ့ 15 သိန်းတန်တယ်လီဖုန်း
တွေ ၊ ငါးသိန်းတန်တယ်လီဖုန်းတွေကိုရော ထိုသုံးစွဲသူပြည်သူတွေကရော
မနစ်ဘူးလား? 15သိန်းဆိုတာ အစိုးရကမဲနှိုက်ဈေးပါ။ အပြင်မှာပေါက်ဈေးတွေ
က သိန်းသုံးဆယ်ဝန်းကျင်တွေပါ။ (ေယဘုယ်စကား)
ဒါကိုရော ပြန်လည် ငွေပေးချေဖို့ အစိုးရမှာ တာဝန်မရှိဘူးလား?
ကျွန်တော် ဥပဒေတွေ နည်းဥပဒေတွေနားလည်ဘူးဗျ။ လက်တလော
ဖြစ်နေတာကိုပဲ ပစ္စပ္ပန်တည့်တည့် မေးကြည့်လိုက်တာပါ။
ဒါကတော့ ဒီလိုရှိပါတယ် ၊ ဟိုဟာကတော့ ဟိုလိုရှိပါတယ်ဆိုတဲ့ ဆင်ခြေ
လျှော့စီးဦးမှာလား?
အာဏာရှင်အစိုးရလက်ထက်တုန်းကတော့ ပြည်သူကို အာဏာနဲ့နှိပ်စက်သလို
ဒီမိုကရေစီအစိုးရလက်ထက်လို့ပြောတဲ့ NLD ခေတ်မှာတော့ ဆင်ခြေဆင်လက်
တွေဖြင့် ပြည်သူကို ယဉ်ယဉ်လေးနှိပ်စက်မှာလား ?
ဆင်ခြေဥပမေယျကထာဆိုတာ ထမင်းရေပူလျှာလွဲဆိုတဲ့အတိုင်း စာဖတ်လေ
ဆင်ခြေပေးနိုင်လေပါပဲ။
ဒီလိုအတွေးတွေ ကျွန်တော့ခေါင်းထဲကို အခုစရောက်လာပါတယ်။
နောက်ဆိုရင် ဘယ်လိုဆက်တွေးဖြစ်မလည်းဆိုတာကိုလည်းချရေးပြဦးမှာပါ။
ငဖြူ အဖွဲ့ကို နစ်နာလို့ လျှော့ပေါ့ပေးရင်  ..
ငနီအဖွဲ့ကိုရော နစ်နာလို့ လျှော့ပေါ့မပေးသင့်ဘူးလား ?

ဒိုးကြီး(27.8.2016)

No comments:

Related Posts Plugin for WordPress, Blogger...