Sunday 15 February 2015

ကဗျာဟောင်းသို့ .. လွမ်းမောခြင်း


ဆွမ်းအုပ် နီနီ အမေရွက်လို့
မနက်ဖန်မနက် ကျောင်းတက်မယ်။
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အုန်းလက်နွားလည်းပါလိမ့်မယ်။

ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့
ဘုန်းဘုန်းဆူလို့ ရိုက်လိမ်မယ်။
ရိုက်လည်းရိုက်ပါ သားမောင်လိုက်လို့
ဘုန်းဘုရားကျောင်းထဲ သန့်ရှင်းမယ်။

ဘုရားစေတီ ရင်မှာအေးလို့
ဘ၀အပူထဲမှ ရုန်းထွက်မယ်။
လောကဓံဟူ စူပူမြိုက်လို့
လူမိုက်များကြောင့် တုန်လှုပ်ဖွယ်။

သယံဇာတတွေ ပြည်သူပိုင်မို့လို့
ထိမ်းသိမ်းပါလို့ ကာကွယ်ကွယ်။
ဒီလိုအသိတွေ နိုင်ငံမှာမရှိတော့
တရုတ်စားလို့ ကုန်ပေါ့ကွယ်။

လက်ပတောင်းတောင်မှာ ဘုရားစေတီဖျက်လို့
တရုတ်ကြီးက ချမ်းသာဖွယ်။
ရွာသူရွာသားတွေ သေနပ်ဘေးကြောင့်
သေသူသေလို့ ထောင်ကျနေတယ်။

ပြည်သူ့ရဲတွေ ပြည်သူကိုသတ်လို့
တရုတ်ကြီးအတွက်ကာကွယ်တယ်။
ခရိုနီတစ်အုပ်တွေ ကြီးပွားဖို့အတွက်
သန်းငါးဆယ်တို့ သေကြဖွယ်။

ပညာရေးဆိုတာ ညာကာရေးမို့
စာမတက်ဘဲ ဘွဲ့ရတယ်။
အသိအလိမ္မာစာမှာရှိသမို့
စာပေများလည်းမဖတ်ကြတယ်။

ဘ၀ခန်ဓာ  အာသာဝက
စက္ကန့်မလပ် သေချုပ်တယ်။
ဒါလေးသိကာ နေ့စဉ်ပွားတော့
သတိပဋ္ဌာန်အလုပ်မို့ တရားရဖွယ်။

လောဒေါဆိုတာ အပ္ပါယ်ခရီးမို့
တို့သူငှာတို့ ရှောက်ကြကွယ်။
facebook ပေါ်မျာ ရေးချင်ရာရေးကြ
အကုသိုလ်တရားများမယူနဲ့ကွယ်။

မိစ္ဆာဆိုတာ ဒိဋ္ဌိပဲမို့
ကောင်းတာမှန်သမျှ သူမလုပ်တယ်။
မကောင်းတာကို ရှောင်ကျဉ်လိုက်တော့
သမ္မာဒိဋ္ဌိအမည်ရတယ်။

သမ္မာဝါစာ ကောင်းတဲ့စကားက
တို့သူငှာတို့ ပြောမှတ်ဖွယ်။
Facbook ပေါ်မှာ မတော်ရာမပြောနဲ့
ရှောင်ကျဉ်းလိုက်တော့ မဂ်တရားရယ်။

သင်္ကပ္ပခေါ် အကြံအတွေးက
ကောင်းတာများလည်းဖြစ်ဖို့ရယ်။
သမ္မာကမ်မန္တာ ကိုယ်တိုင်လုပ်မှုက
ကောင်းတာဖြစ်ဖို့လိုလိမ့်မယ်။

သက်မွေးမှုမှန် အာဇိဝေါက
ငါးပါးသီလ ခါးဝတ်တွယ်။
ဝါယမောခေါ် အားစိုက်မှုက
သမ္မာကောင်းဖို့ လိုလိမ့်မယ်။

သမ္မာသတိ မမေ့လျှော့ခြင်းက
နတ်ပြည်ထုတ်ခြောက်နိဗဗာန်ရယ်
သမာဓိခေါ်တည်ကြည်မှုက
ကောင်းခြင်းတရားတို့ ရှစ်ပါးကွယ်။

ဒီတရားတွေရင်မှာကိန်းတော့
ဘယ်ကိုသွားသွား ငြိမ်းချမ်းတယ်။
အာဏာရူးတွေ တဏှာထလို့
နှိပ်စက်ပါလည်း မမှုတယ်။

မဂ်ဂင်ရှစ်ဖြာ မင်္ဂလာတရားတို့
ဗုဒ်ဓဘုရားရဲ့အဆုံးမကွယ်။
တို့သူငှာတွေ မမေ့လျှော့လို့
Facebook  သုံးရင်း မှတ်သားကွယ်.
မှတ်ဖွယ်   . . မှတ်ကွယ်  .. ။
ဤဓမ္မဒါနကုသိုလ်ကို ဓမ္မအလင်းလိုသူတိုင်းရပါစေ။
မည်သူမဆို Share ခြင်း Like ခြင်း Tag  ခြင်းဖြင့်
ဓမ္မသာဝန ဓမ္မဒါန ဓမ္မသာကစ္ဆာမင်္ဂလာများကိုမိမိတို့
သန္တာန်ဝယ်ရယူပိုင်ဆိုင်နိုင်ကြပါစေသော်  . .၀်
အမှာစကား  . . .
ထိုကဗျာသည် ကဗျာဟောင်းလေးဖြစ်သော ̏ ဆွမ်းအုပ်နီနီ˝ ကို
ရင်ထဲမှ တတွတ်တွက်ရွတ်ဆိုနေမိရင်းမှာ နောက်ဆက်တွဲစကား
လုံးများကို စိတ်မှချရေးမိခြင်းဖြစ်ပါသည်။
ဗုဒ်ဓဘာသာဝင်တို့ရဲ့ အငွေ့အသက်ဓလေ့ထုံးတမ်းစဉ်လာလေးများ
ဟာ တရားကိုချစ်သူ  . . တရားကိုမြတ်နိုးသူတို့အတွက် တကယ်ကို
ရင်းထဲအေးချမ်းစေပါတယ။်
ဒိုကြီးရဲ့ ဖရင့်များကိုလည်း ထိုကဲ့သို့သော အအေးဓာတ်အငြိမ်းဓာတ်
များ ခံစားသုံးဆောင်နိုင်ပါစေရန်အတွက် ချရေးမိလိုက်ပါသည်။
မှားတာပါရင်ခွင့်လွှတ်ပါ။
လေးစားစွာဖြင့်
ဒိုးကြီး


No comments:

Related Posts Plugin for WordPress, Blogger...