Wednesday 4 February 2015

ယောက်ျားအငှားလိုက်သည်


လတ်တလောတွင် အမျိုးသားပြည့်တန်ဆာများ ကိစ္စကို စာနယ်ဇင်းများမှ ထုတ်ပြောလာရသည်အထိ ထင်ထင်ရှားရှား ဖြစ်လာနေသည်။ အင်တာနက် လူမှုကွန်ရက်များမှ တစ်ဆင့် အမျိုးသားပြည့်တန်ဆာများဈေးကွက်ကို ပိုမိုချဲ့ထွင်လာမှုကို စာနယ်ဇင်းတို့က ထောက်ပြနေသဖြင့် ဈေးကွက်အတွင်းနှင့်အပြင် နှစ်ရပ်စလုံး လှုပ်လှုပ်ရွရွ ဖြစ် ကုန်ကြတော့သည်။အထူးသဖြင့် နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်ရှိ ယင်းတို့နှင့်ပတ်သက်ရာ လူနည်းစုအသိုင်းအဝိုင်းနှင့် ယင်းတို့အားဝန်ဆောင်နေကြရသော ပုရိသတို့က ပိုအလှုပ်ဆုံးဖြစ်နေသည်။အမျိုးသားပြည့်တန်ဆာဆိုတာ တကယ်ရော ရှိရဲ့လား

တစ်ဆင့်ကြားဖူးသူနှင့် ယင်းမှတစ်ဆင့် ပျံ့နှံ့ သယ်ဆောင်ချဲ့ကားလာသော စကားသံတို့ကို ကိုးကားကာအများစုက အမျိုးသားပြည့်တန်ဆာတို့ရှိသည်ဟု ဆိုကြပါလိမ့်မည်။
”ဘယ်နေရာ မှာလဲ၊ ဘယ်လိုပုံစံမျိုးလဲ” ဟု တိတိကျကျမေးလျှင် မြို့ကြီးများတွင် ရှိတတ်သော အမျိုးသမီးမာဆက်အနှိပ်ခန်းများ၊ ပျော်ပါး၍ပါ တစ်ခါတည်းရသော အနှိပ်ခန်း ဗန်းပြနေရာများ၊ အမျိုးသမီးပြည့်တန်ဆာများ ရှိတတ်ရာနေရာများကဲ့သို့တော့ ရှာဖွေရမလွယ်၊ ဖော်ပြရမလွယ်။ ထိုအလုပ်၏ သဘောသဘာဝကလည်း အ မျိုးသမီးပြည့် တန်ဆာများကဲ့သို့ ထင်ထင်ပေါ်ပေါ် လုပ်လို့မရ၊ ပုန်းလျှိုးဝှက်လျှိုးနှင့်သာ လုပ်ကိုင်နေ ကြရသည့်အတွက်ကြောင့်ဖြစ်သည်ဟု ဆူးလေလမ်းမကြီး အနီး၌ တစ်ခါတစ်ရံ လာေ ရာက်ကာ အမျိုးသားပြည့်တန်ဆာတစ်ဦးအသွင်လုပ်ကိုင် နေရသူအသက် ၂ဝ ကျော်အရွယ် အမျိုးသား တစ်ဦးကဆိုသည်။ အမျိုးသားပြည့်တန်ဆာများ ရန်ကုန် တွင် ရှိနေ သည်မှာ ကြာနေပြီဖြစ်ပြီး၊ ဂျာနယ်များကြောင့် ယခုမှသာ ယခင်ကထက် လူပိုသိလာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ ”ကျွန်တော်တို့စကားက ဒါကို Offer လိုက် တယ် လို့ ပြောကြပါတယ်။ လမ်းပေါ်ထိုင်စောင့်နေတာနဲ့၊ ဆိုင်နဲ့ထိုင်တာ ဒီလိုပဲကွာပါတယ်”ဟု ထိုသူက ပြောသည်။

သူတို့လို လူမျိုးတွေဘယ်အချိန်ကတည်းက ရှိကြတာလဲ

ပြည်ပ မီဒီယာအစုံတို့၏ အင်တာနက်များပေါ် ဖော်ပြထားသော သတင်းများအားကိုးကားရပါလျှင် အမျိုးသားပြည့်တန်ဆာတို့သည် ရောမအင်ပါယာလက်ထက်ကတည်းက တရားဝင်သဘောဖြင့် စတင်ရှိကြသည်ဟု ပြောရပေလိမ့်မည်။ တိတိကျကျဆိုရလျှင် ဂျုးလိယက်ဆီဇာ နီရိုးဘုရင်လက်ထက်က ဂုဏ်ရှိသည့် ရိုမန်အမျိုးသားများနှင့် လက် မထပ်ရသေးသည့် အမျိုးသမီးများကို လိင်ဖျော်ဖြေပေးရန်အတွက် သင့်တော်သော အမျိုးသားများကို ယဉ်ကျေးမှုတစ်ရပ်အသွင်ဖြင့် ထားပေးခဲ့ဖူးကြောင်းနှင့် ၁၅ ရာစု အီတ လီတွင်လည်း အသက် ၂ဝကျော် အမျိုး သမီးတို့၏ လိင်ကိစ္စအတွက် အမျိုးသားလူငယ်တို့ကိုထား ရှိပေးကြောင်း မီဒီယာတို့ကဖော်ပြခဲ့ကြသည်။

ယင်းနောက်ပိုင်းထိုအရာက ပိုမိုကျယ်ပြန့်လာကာ ၁၇ဝဝ ပြည့်နှစ်အရောက်တွင် စစ်သားများကို လိင်ဖျော်ဖြေရန်အတွက် အသုံးပြုသော ယဉ်ကျေးမှုတစ်ခုစတင်ခဲ့သည်။ ၎င်းကို ဘား တိုက်ပရော့စတီကျုးရှင်း စစ်တန်းလျားပြည့်တန်ဆာလုပ်ငန်းဟု ၂ဝ၁၄ ခုနှစ် ၇ လပိုင်းက ထုတ်ဝေခဲ့သော Male Sex Work Society စာအုပ်တွင် အခိုင်အ မာဖော်ပြထားသည်။Oxford အဘိဓာန်တွင်မူ ချမ်းသာသောအမျိုးသမီးကြီးများနှင့် အခကြေးငွေယူ၍ အငှားလိုက်ပျော်ပါးပေး သည့် ယောက်ျားပျော်တော်ဆက်များကို gigolo ဟု အင်္ဂလိပ်ဘာသာတွင်ခေါ်ဆိုကြောင်း ဖော်ပြထားသည်။
Popular Journal

No comments:

Related Posts Plugin for WordPress, Blogger...